Unicode
(ဘယ်လိုပဲပြောပြော ကိုယ်ဟာ မင်းနဲ့ပတ်သတ်ရင် သိပ်ကို sensitiveဖြစ်တယ် မင်းမှာ အားလုံးရှိနေတယ်ဆိုပေမယ့် ငယ့်မှာက
မင်းပဲရှိတာ ❤️)"ငယ်..နေ့လည်စာစားရအောင်လေ "
စာကြည့်စားပွဲမှာထိုင်နေတဲ့ငယ်က သူ့စကားကို ကြားပေမဲ့ အင်းအဲမလုပ်...မျက်မှန်လေးကိုပဲ တချက်ပင့်ကာ စာအုပ်ဆီကအကြည့်မရွေ့...
စာကြည့်တဲ့အရှိန်ပျက်သွားမှာလည်း မလိုလားတာမို့ အတွေးထဲပေါ်လာတဲ့ စာအုပ်ရှာေဖွခြင်း...စာအုပ်စီခြင်း...
အဝတ်များခေါက်ခြင်း စတဲ့အလုပ်တေွကို တောင်စဉ်ရေမရ လုပ်ကာအချိန်ဆွဲပြီးပေမဲ့ သူ့ဆီအာရုံမရောက်လာသေးတဲ့ ငယ့်ကြောင့် ......"ဟာ Perth !"
"ထမင်းစားမယ်လေဗျာ အဲ့လောက်ကြီး
စာမလုပ်ပါနဲ့ ပင်ပန်းတယ် ခုတောင်ဇက်
ကြောတေွ တက်နေပီမလား"Perthစကားသံအဆုံး မျက်မှန်ကိုချွတ်ကာ မျက်လုံးနှစ်ဖက်ကို လက်ဖမိုးနဲ့ ဖိနှိပ်နေတဲ့Saint..
ခေါင်းဘယ်ညာယမ်းကာ ဇက်ကြောဖြေလိုက်ရင်း သူ့ကိုငုံ့မိုးကြည့်ကာ စိုးရိမ်ညစ်ညူးဖွယ်နှုတ်ခမ်းပါးပါးကိုတွန့်ကွေးထားတဲ့ ကောင်လေးကိုသွားအသာဖြဲပြ, လက်ကနေဆွဲပီး ပေါင်ပေါ်ထိုင်ခိုင်းလိုက်ရသည်....
'ဒီကောင်လေးကို တမနက်ခင်းလုံးပစ်ထားခဲ့မိသည်ပဲ...'
နောက်ကျောဘက်က ဖက်ကာ ထိုင်ခိုင်းလိုက်ပေမဲ့နည်းနည်းဆိုများများ အထွန့်တက်ချင်တဲ့ ကောင်လေးက သူ့ပေါင်ပေါ်ခွကာ မျက်နှာချင်းဆိုင်ထိုင်သည်....
"ကျွန်တော်ဘာချက်ထားလဲသိလား"
"အင်း စာအုပ်အရင်ပေး"
ခုနက ဖြတ်လုသွားသည့် စာအုပ်ကိုစကားဖြတ်တောင်းတော့ မျက်ခုံးတို့သာမက မျက်လုံးတို့ကိုပါ ကျုံ့ ကြည့်သည်...
"အဲ့စာအုပ်နဲ့ ကျွန်တော် ဘယ်သူ့ကိုပိုချစ်လဲ"
"ဘာရယ် ဟက် "
"ဖြေဗျာ "
Perthကလက်နှစ်ဖက်ကို Saintရဲ့မျက်နှာဘေးထိုင်ခုံဆီကို လှမ်းထောက်ရင်း Saintမျက်နှာတခုလုံးအား ပေါက်ထွက်မတတ်ကြည့်သည်....
YOU ARE READING
Be in love❤️🖤
ChickLitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...