လွမ်းတယ်...ပီးတော့...။
"အစားလည်းကောင်းကောင်းစားနော် ငယ်...လုပ်တတ်တယ်ဆိုတိုင်း ခေါက်ဆွဲပြုတ်တေပဲ စားမနေနဲ့.. အပြင်ထွက်ဖို့မပျင်းနဲ့ အရသာရှိတဲ့ဆိုင်မှာ သွားစားနော်...နော် ငယ်"
"အင်းပါ မင်းသာ ကုတင်အောက်တေဝင်ပီး
ဖင်မတစ်စေနဲ့..ခွိ"angry birdကြီးဆီက ဒိုင်းကနဲ မျက်စောင်းကြီးကြီးတချက် ပစ်ဝင်လာသည်....
မကြာခင် လေဆိပ်ဆင်းတော့မှာမို့ အလွမ်းသယ်ရင်း မှာတမ်းခြွေနေသည့် ကောင်လေးဟာ ငယ် ဆင်ယင်ထားသည့်အတိုင်း ခဲရောင်long coatအရှည်ဝတ်ဆင်ထားပီး ဆံပင်ကိုအလယ်မခွဲဘဲ နောက်ပြန်သိမ်းလှန်ထားသဖြင့် လူကြီးလူကောင်းဆန်ဆန်smartကျနေသည်....
"လွမ်းနေတော့မှာ...."
ကောင်လေးက ငယ့်ကိုအနားဆွဲခေါ်ဖက်ထားသဖြင့် ငယ့်ကိုယ်လုံးလေးမှာ long coatကြီးအောက် တစွန်းတစဝင်ရောက်နေကာ မော့ထားသော မျက်နှာနှစ်ခုက အနီးကပ်ဆုံးအနေအထားမှာ ဖြစ်သည်..
'ဖူး....'
ဘာမှခွန်းတုံ့မပြန်ဘဲ သူ့ကိုသာစိုက်ကြည့်နေသော
ငယ့်ကြောင့် နဖူးပေါ်က ဆံပင်ခပ်အုပ်အုပ်ကို perthက လေနဲ့လှမ်းမှုတ်သည်...."နေချင်သလိုမနေနဲ့ အလုပ်ကြိုးစားခဲ့ "
ငယ့်မျက်ဝန်းတေ မှိုင်းဖျော့နေခြင်းက အလွမ်းဓာတ်ကြောင့်ဟု သူတဖက်သတ်မှတ်ချက်ချပလိုက်ပီး..
ငယ့်ကို လက်မောင်းအိအိတေကနေ ရင်ခွင်ထဲ ဆွဲကပ်လိုက်မိသည်...."ငါ့ကို ခနခနလွမ်းပေးမယ်မလား"
"အင်း..."
ဘာရယ်မဟုတ်...ရင်ထဲမှာ လှိုက်လာသည်...ခနလေးခွဲရမှာပါလို့ ဖြေသိမ့်နေရင်းနဲ့ပဲ...အိမ်ထဲကနေ ဘယ်မှထွက်မသွားချင်တဲ့စိတ်က အုပ်စိုးလာပီး တမျိုးကြီးဖြစ်လာသည်....
သူဝမ်းနည်းလာတာနဲ့အလျောက် ငယ့်ကျောပြင်ကို ပွတ်သပ်ပေးနေမိသည်....'ခနပါပဲ ခနလေးနဲ့ ပြန်လာမှာ' ဆိုပီး ငယ်မကြားနိုင်ပေမဲ့ သူ့စိတ်ထဲက တိုင်တည်နေမိသည်.....
ချစ်သူဖြစ်ပါပီဆိုကတည်းက ငယ့်အနားသိပ်ကပ်ချင်တဲ့သူ့အဖို့..၃ရက်ဆိုတဲ့ပမာဏက များလွန်းတာကို သူကလွဲရင် ဘယ်သုမှနားလည်နိုင်မှာမဟုတ်....
YOU ARE READING
Be in love❤️🖤
Chick-LitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...