Part..🖤❤️

1.1K 88 31
                                    

It's you.....❤️🖤

" အရမ်းဆိုးဆိုးရွားရွားကြီးမဟုတ်ပေမဲ့ ခေါင်းကပိုထိတာဆိုတော့ နည်းနည်းစောင့်ကြည့်ရဦးမယ် လူနာနိုးလာတဲ့အခါ ကျွန်တော်တို့ကို ချက်ချင်း အကြောင်းကြားပေးပါ "

"ဟုတ်ကဲ့ဗျ အာ ဒါနဲ့ Doctor..သူ သတိလစ်နေတာ ကြာလွန်းနေပီလားလို့ "

"အင်း ဒါက လူနာရဲ့စိတ်နဲ့ဆိုင်ပါလိမ့်မယ် ဒီaccidentအပေါ် သူအရမ်းshockရသွားတာလည်း ဖြစ်နိုင်ပါတယ် ဒါပေမဲ့ အရမ်းမပူပါနဲ့ သူသတိရလာမှာပါ "

"ဟုတ်ကဲ့ "

Doctorထွက်သွားတော့မှ Gxxodခုံပေါ် ယိုင်နဲ့နဲ့ဝင်ထိုင်လိုက်သည်... ကြွက်တက်ချင်သလိုဖြစ်နေတဲ့ ခြေသလုံးသားကို ဖိကိုင်ပီး တကျွတ်ကျွတ်စုပ်သပ်ရှာသည်...

တကယ်ဆို အရမ်းပင်ပန်းနေပေမဲ့ perthထိခိုက်မိတဲ့အဲ့ညကတည်းက မနားရသေး...ခုထိ စုစုပေါင်း ၄နာရီမပြည့်တပြည့်သာ အိပ်ချိန်ရခဲ့တာမို့ လူကမလန်းချင်တော့...

ကုတင်ပေါ်က ပက်တီးအဖွေးသားနဲ့
ကောင်‌ေလးကတော့ ခုထိကို နိုးမလာတာ...
၁ညနဲ့၁ရက် ကုန်သွားပီးတာတောင်
ထ,မလာသေး,..

ကုမ္ပဏီအလုပ်တေကိုလည်း တယောက်တည်းလက်စသတ်နေရင်း perthကိုလဲ လာလာကြည့်နေရတာမို့ သူ့မှာ ကုမ္ပဏီနဲ့ဆေးရုံကို အပြေးအလွှားသွားနေရသည်...

"ဟေ့ကောင် ထစမ်းကွာ ထတော့ လူတေကိုစိတ်ပူအောင်လုပ်မနေနဲ့ "

Perthလက်မောင်းတဖက်ကို တွန်းထိုးပီး ညည်းညည်းညူညူ ပြောတော့ အရင်လို perthက စွာစိလန်မနေဘဲ မျက်ဝန်းတို့ကိုမှိတ်ချထားကာ အရာရာကို လျစ်လျူရှုထားဟန် ငြိမ်သက်နေသည်....

ခေါင်းက ၆ချက်တောင်ချုပ်ရတာမို့  ပက်တီးတွေကတော့ ဝေဝေဆာလို့ရယ်ပါ ...ဒါ့အပြင် ဘယ်ဘက်ခြေထောက်မှာလည်း ဒူးအထက်ထိ ပက်တီးနဲ့....

လက်တေဘာတေကတော့ ပွန်းပဲ့ဒဏ်ရာရရုံလောက်ဆိုတော့ အဆိုးထဲက အကောင်းလို့ပဲ ဖြေသိမ့်ရမည်....

"ဒီကောင်ကတော့........တကယ်ငါ့ညီလေးသာဆို ကောင်းမှာပဲ"

အနောက်က စကားစုကိုတော့ Gxxodက တိုးသဲ့သဲ့ရေရွတ်သည်..ထို့နောက် ပွန်းပဲ့ရှရာတချို့နဲ့ ယောင်ချင်နေတဲ့ perthရဲ့လက်ခုံကို ဖွဖွထိပီး  ကောင်လေးရဲ့ မျက်တောင်တိုစိတ်စိတ်လေးတွေကို မိုးကြည့်လိုက်သည်...

Be in love❤️🖤Where stories live. Discover now