"သခင်လေး"
တိုးဖွဖွခေါ်သံက အကြားအာရုံထဲသို့ စီးဝင်လာသည်....မျက်လုံးမဖွင့်ခင်မှာပဲ သူမကြိုက်တဲ့ ဆေးရုံအနံ့က နှာခေါင်းထဲတိုးဝင်လာတာမို့ မလိုလားစွာ ရုတ်တရက် အသက်ရှူ
အောင့်လိုက်မိသည်....မျက်နှာအကြောတွေကို ရှုံ့မဲ့လိုက်တာနဲ့
စပ်ဖျင်းဖျင်း နာကျင်သွားရမှုက မျက်နှာတပြင်လုံး....နှာခေါင်းမှာလဲ ဂွမ်းစတွေနှင့် အနာကပ်plastaကပ်ထားတာကို မျက်လုံးဖွင့်တာနဲ့ မြင်လိုက်ရလေသည်...."သခင်လေး သတိရပီလား "
"ရေ..."
သူ့ကိုပွေ့ထူပီး ရေတိုက်လာသူက kem...
Kemဆိုတာ...သူအလယ်တန်းအရွယ်မှာပဲ Daddyက သူ့ဆီခေါ်လာခဲ့တဲ့သူ.... 'bodyguard'
ဟု သမုတ်ကာ အနားမှာထားထားခဲ့တဲ့ လူယုံKemက သူ့ထက် ၁၀နှစ်ကျော် အသက်ပိုကြီးပေမဲ့.. နာမည်တပ်ပီးသာ ခေါ်ခဲ့ရသည်...'သခင်လေး' ဟူသော သူမကြိုက်
သည့်..မရင်းနှီးသည့် အသုံးအနှုန်းနှင့် ဘယ်သွားသွား သူ့နောက် အရိပ်လို လိုက်နေခဲ့သည်....ပြသနာဖြစ်တိုင်း မင်းသားတစ်ပါးလို ကာကွယ်စောင့်ရှောက်ခံရတာကို ကလေးပီပီ သဘောကျခဲ့ပေမဲ့ ဆယ်ကျော်သက်အရွယ်မှာ လွတ်လပ်မှုကိုပဲ ပိုမက်လာခဲ့သည်....
စိတ်ကျဥ်းကျပ်တာရယ် ကိုယ့်အားကိုယ်ကိုးချင်တာရယ်ကြောင့် ...အထက်တန်းမှာ မားအိမ်ကို တလှည့်သွားနေခဲ့ပီး kemကို အနားမှခွာထုတ်ခဲ့သည်....
သူ့ကို အဲ့လို အရိပ်တကြည့်ကြည့် လိုက်လုပ်နေတာ မကြိုက်ကြောင်း ပြောတော့လဲ သူ့အမိန့်ကို မလွန်ဆန်ဘဲ အဝေးကနေသာ စောင့်ရှောက်ေပးခဲ့သည်....
ပြောရလျှင် သူ့စကားတစ်ခွန်းစီတိုင်းသည် kemအတွက် မဖြစ်မနေလိုက်နာရမည့် အမိန့်လို ဖြစ်ခဲ့သည်....
အနားမှာအချိန်ပြည့် ရှိမနေတော့ပေမဲ့
ဘယ်လိုအချိန် ဘယ်လိုနေရာမှာ ရန်ဖြစ်ဖြစ် kemက အပြေးရောက်လာတတ်တာပဲ....ခုကျမှ ဘာလို့.......
အခု...အခုက....သူက clubမှာ ရန်ဖြစ်လို့ ဆေးရုံရောက်နေတာမလား...ပီးတော့ သူ့ကို ဖက်ထားခဲ့တာက....ငယ်...ငယ်..
![](https://img.wattpad.com/cover/198561105-288-k465981.jpg)
YOU ARE READING
Be in love❤️🖤
Chick-LitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...