Part..32

884 89 36
                                    

"ငယ်.."

အင်း...........

စူပွပွရုပ်နဲ့ အိပ်ရင်း ယောင်နေတဲ့ကောင်လေးကြောင့် Saintအသည်းယားစွာ သဘောတကျ ရယ်လိုက်မိသည်....

ကြည့်ပါဦးးးး အိပ်မက်ထဲမှာ ကိုယ်နဲ့သူ သတ်နေကြပြန်ပီလားမသိ ...မျက်မှောင်တေကျုံ့ပီး ယောင်နေတာ..

ထမင်းဝါးသလို ပါးစပ်တပြင်ပြင်လုပ်ပီး တဖန်အိပ်မောကျသွားပြန်သည့် ကောင်လေးက ငယ့်ရဲ့ချစ်မြတ်နိုးရသော
ဂျစ်တူးလေး..ကောင်ဆိုးလေး.....

မျက်တောင်တိုစိပ်စိပ်လေးတေနဲ့ ယောကျာ်းပီသတဲ့ မျက်ခုံးထူထူတန်းတန်းတေကို သိပ်သဘောကျသည်....

ကြည့်ရင်းကြည့်ရင်း အူယားလွန်းလို့
ဆွဲဆောင့်ပစ်ချင်စိတ်တွေကို ထိန်းပီး နှာခေါင်းထိပ်က မှဲ့လေးကို ငုံ့နမ်းလိုက်သည်..

ပီးမှ နှာခေါင်းတခုလုံးကို လက်နဲ့ဆွဲဖျစ်လိုက်တော့ ကောင်လေးက အင်းအဲနဲ့ မဲ့ရွဲ့သွားသည်....သို့သော် နိုးတော့မလာသေး...

အခန်းထဲက လိုက်ကာတေကို ဆွဲတင်လိုက်တာနဲ့ နေရောင်နုနုက မှန်ပြတင်းကို ဖြတ်၍ နွေးထွေးစွာ ဝင်ရောက်ထွေးပွေ့လာသည်...

နံနက်၈နာရီပင် ရှိပီဖြစ်၍ ပတ်ဝန်းကျင်က အတော်လေးပင် စည်ကားအသက်ဝင်နေလေပီ....

"အလကား...အိပ်ပုတ်"

အပြစ်တင်စကားဆိုရင်း ကောင်လေးရဲ့ နဖူးနဲ့ ပါးပြင်တို့ကို ဖွဖွနမ်းရှုံ့လိုက်သည်... ခြေထောက်က ဒဏ်ရာကိုက်လို့ ညက ဒီကောင်လေးတော်တော်နဲ့မအိပ်.....

တဖက်က လူနာ‌စောင့်ကုတင်လေးမှာ အိပ်နေတဲ့သူ့ကိုလဲ မခေါ်ဘဲ တယောက်တည်းတအင်းအင်းနဲ့ ညည်းပီး ကြိတ်မှိတ်နေတာ...

ကောင်လေးကို သွားချော့သိပ်ချင်ပေမဲ့ သူတိတ်တဆိတ်သာ နေနေခဲ့မိသည်...
သူ့ကြောင့် ကိုယ်ပါ အိပ်ရေးပျက်တယ်ဆိုပီး
အားနာစိတ်ရှိနေမှာစိုးလို့.....ပီးတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးစိတ်လေးထားတတ်အောင်လို့လဲ ပါသည်.....

ကောင်လေးက ခုနောက်ပိုင်း အရာရာမှာ အားကိုးချင်သည်...မုန့်စားတာကအစ အကျီဝယ်တာအဆုံး သူ့သဘောကို မပြောတော့ဘဲ 'ငယ့်စိတ်ကြိုက်လုပ်'ဆိုတာမျိုး ရောယောင်ပစ်ချင်လာသည်...

Be in love❤️🖤Where stories live. Discover now