Part..37(A)

636 88 39
                                    

"ဟိုးးး ဟိုးးး saint...ခနရပ်"

"ဘာလဲဟ"

Saint ကားကို လမ်းဘေးကပ်ရပ်လိုက်ပီး သူ့ဘေးက bowကို မျက်မှောင်ကျုံ့ကြည့်လိုက်သည်...ခုနကအသံပြဲနဲ့ ထ,အော်တဲ့ မိန်းမက ခုတော့ သွားဖြီးလေးနဲ့...

"ဟို..ဟိုမှာ N'perth"

လက်ညိုးထိုးရာကိုကြည့်တော့ ခပ်လှမ်းလှမ်းမှာ ကျောပိုးအိတ်ကိုတဖက်တည်းလွယ်ပီး တရွေ့ရွေ့သွားနေတဲ့ ကျောပြင်လေး...

့နေပါဦး ဒင်းက ကားမပါလာဘူးလား
နေဒီလောက်ပူနေတာကို လမ်းလျှောက်နေတာ ပီးရင် မိတ်ဖုတွေထ,ဦးမယ်

"ခေါ်ရအောင်ဟာ နော် ငါတို့လဲကျောင်းကိုသွားမှာပဲ "

"ဟဲ့ saint နော်လို့ ငါ့မွေးနေ့မှာ Nongကိုလဲ
ပါစေချင်တယ်လေဟယ် "

"သဘော သဘော "

စိတ်မပါသလို ကြည့်ပီး ပြောတော့ လှစ်ခနဲ ကားပေါ်က ပြေးဆင်းသွားတဲ့bowက လုပ်ချင်တာများ လုပ်ရရင် တအားကိုသွက်လက်လို့...

မဟုတ်ရင်တော့လား သူ့ခန္ဓာကိုယ်ကိုတောင် သူမနိုင်တဲ့ပုံနဲ့ အီလေးဆွဲနေတာ...

ဒီနေ့က သူ့မွေးနေ့မလို့ canteenမှာအဝ,စား ဝယ်ကျွေးပါမယ်ဆိုပီး လာခေါ်တာနဲ့ သူ့ကားနဲ့ပဲ လာခဲ့လိုက်တာ....မှန်တွေအကုန်တင်ပီး အာပြဲကြီးနဲ့ သီချင်းတွေလိုက်ဆိုမယ်မှန်းသိရင် ကိုယ့်ကားလေးနဲ့ကိုယ် အေးဆေးလှိမ့်ပါတယ်.....

ကြည့်နေရင်းကပဲ perthကို လက်မောင်းကဆွဲပီး ခုန်ပေါက်မတတ်ပြန်ပြေးလာပြန်သည်...ဒီပုံစံနဲ့များ အသက်ပိုကြီးတယ်ဆိုပီး သူကလေးစားခံချင်သေးတာ...

တဖက်ကလည်း မုန့်စားရမှာအဲ့လောက်ပျော်လားမသိ...ပြုံးစိစိနဲ့ bowနောက် တန်းပါလာသည်....

"Saint ဆင်း"

"ငါကဘာလုပ်ဖို့ဆင်းရမှာလဲ"

"ကဲ ဆင်းပါဟာ ငါမောင်းမယ် သွား အနောက်ခန်းသွားထိုင်"

"ဟာ ...bow!"

အတင်းကိုကားထဲကနေ ဆွဲထုတ်တော့ ဆင်းပေးလိုက်ရသည်...perthက အဆင်သင့် ကားတံခါးဖွင့်ပေးလာတော့ အနေရခက်ခက်နဲ့ပဲ bowကို ပိတ်ဟောက်ပီး ဝင်ထိုင်လိုက်ရတော့သည်....

Be in love❤️🖤Where stories live. Discover now