(Unicode)
ငယ့်ရဲ့အစိတ်အပိုင်းတိုင်း အရာရာတိုင်းက ကျွန်တော့်နှလုံးသားထဲက အကန့်လေးတွေ ...ကိုယ့်နှလုံးသားလေးတွေ.....♥️
"Perth..မစားတော့ဘူးလား"
"ဗိုက်ဝ,ပီ မား.."
"သား တစ်ခုခုဖြစ်နေတာလား"
"မဟုတ်ပါဘူး မား ..ကျွန်တော်နားချင်နေပြီ အပေါ်တက်တော့မယ်နော်"
စာမေးပွဲပြီးလို့ဆိုလား ဘာလို့ဆိုလား... ကျောင်းမသွားဘဲ နားဦးမယ်ဆိုပြီး အိမ်မှာတင်တွယ်ကပ်နေသော သားတော်မောင် ထမင်းဟုတ်တိပတ်တိ မစားသည်မှာ
၃ရက်လုံးလုံး...မြူးထူးစ,နောက်နေကျ ကလေးကအရမ်းငြိမ်နေတော့လဲ စိုးရိမ်မိသား...
ဟိုအိမ်မှာအဆင်မပြေလို့လား..
မဖြစ်နိုင်ပါဘူး..ဒီကလေးက အဲ့လိုတွေ
သိပ်ဂရုစိုက်တတ်တာမဟုတ်.....တစ်ခုခုတော့ လုပ်မှဖြစ်မှာမို့
ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်
Mayဆီ ဖုန်းဆက်ဖို့ပဲ အာရုံရောက်သွားသည်.....Mayရဲ့ သမီးလေးOrnကိုမေးရမည်..
Perthနဲ့တစ်ခန်းတည်းမလားကျောင်းမှာ.."ဟယ်လို..."
".........."
" Mayရေ သမီးလေးOrnအနားမှာရှိလားဟင်"
".........."
"အော်..တို့အကူအညီတောင်းစရာလေးရှိလို့"
.............
ရယ်နေပြန်ပီ ...တခစ်ခစ်နဲ့ ရယ်နေတဲ့လူကိုကြည့်ရင်း အူယားလာမိပြန်ပီ ထပ်ပြီး....
'ဒီအူတေလဲဖြတ်ပစ်မှ! ယားယားနိုင်လွန်း'ရယ်ရလွန်း၍ လှုပ်ခါရမ်းနေသော ခန္ဓာကိုယ်လေးကို ခါးမှသိမ်းဖက်ကာ ရင်ခွင်ထဲထည့်ဖျစ်ညှစ်ပစ်လိုက်ချင်သည်...
ခပ်အုပ်အုပ်ဆံစ,လေးများကို လှန်သိမ်းပေးရင်း နဖူးပြင်ကျယ်ကို နှုတ်ခမ်းသားတို့နှင့်ထိကပ်ထားချင်သည်.....
မျက်လုံးပေါက်မမြင်ရဖြစ်နေသော ထိုဟာလေးကို စိတ်ရှိသလို နှုတ်ခမ်းသားများအား ငုံခဲထားလိုက်ရရင်ဖြင့် ပြူးကျယ်ဝိုင်းစက်နေသော မျက်ဝန်းအစုံနှင့် အူတူတူပုံစံက အူများပင်ဖြတ်မနိုင်အောင် ယားယံစေမှာသေချာသည်....
![](https://img.wattpad.com/cover/198561105-288-k465981.jpg)
YOU ARE READING
Be in love❤️🖤
ChickLitPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...