(Unicode)
အချစ်ဦးဆိုတာ..နှလုံးသားကို နာကျင်မှုနဲ့
မိတ်ဆက်ပေးတဲ့ လူသားတချို့...'အ..'
ထိုအသံဟာ..ပေါင်းစပ်ထားသော နှုတ်ခမ်းနှစ်လွှာကြားမှ မပီမသအသံဖြစ်၍ လေလှိုင်းတုန်ခါမှုအဖြင့်နဲ့သာ..ထိုနှစ်ယောက်ကြားတွင် သီးသန့်ဖြစ်တည်သည်...
သူ့လက်မောင်းကို ဖျစ်ညှစ်လာတဲ့လက်က တုန်နေသလို အားအပြည့်နဲ့ဖြစ်နေတာမို့ အသံသေးသေးလေးပြုကာ Perthမျက်လုံးတို့ကို ဖွင့်ကြည့်လိုက်သည်.....
သူ့အား..အံ့အောစွာပြူးကြည့်နေတဲ့
ကြည်ကြည်တောက်တောက် မျက်ဝန်း
ဝိုင်းဝိုင်းတွေ.....သူဒီမျက်ဝန်းတွေကို သိပ်သဘောကျတာပဲ...
colourပေါင်းစုံနဲ့ Saint Suppapongရဲ့ မျက်ဝန်းတွေမဟုတ်ဘဲ..သာမန်ချစ်စရာကောင်လေး Saint Suppapongရဲ့
မျက်ဝန်းတွေ....သေချာအောင် ပြောရရင် videoထဲက ကလေးလေးလို ဖြူစင်နေတဲ့
အဲ့ကောင်လေး....နေပါဦး..ဘာလို့ခုထိ ထိကပ်နမ်းနေမိတာလဲ...
Perthကပျာကယာ ဖယ်လိုက်တော့
သူ့နှာခေါင်းနဲ့ပွတ်ဆွဲသွားတဲ့
ထိုဖောင်းဖောင်းလုံးလုံး ပါးရဲရဲထက်က
သင်းနေတဲ့ ရနံလေး...'ဒုတ်..ဒုတ်..ဒုတ်..'
မာရသွန်ပြေးနေတဲ့လူတစ်ယောက်လိုမျိုး.....ရင်ဘတ်ထဲကအကောင်က အပြင်ကိုခုန်ထွက်တော့မတတ်ကို ဖြစ်နေတာပါ...
သူသာရင်ခုန်နေတာဆို...တဖက်ကလူရော..
'ဘုန်း!'
'အ!!'
"ဟာ!"
ဆောင့်တွန်းခံလိုက်ရတာမို့ နားမလည်နိုင်ဖြစ်သွားတဲ့Perth.... မြေကြီးပေါ် ဖင်ထိုင်ရက်လဲကျနေရာက မော့ကြည့်မိစဉ်မှာပဲ...
ပြေးဝင်လာတဲ့ လက်သီးနှင့်...
ပူထူသွားတဲ့ ပါးတဖက်..ပါးမို့ပေါ်က အရိုးကိုမှ တည့်တည့်ထိသည်မို့ Perthတော်တော်နာသွားပါသည်...."ဘာလုပ်လိုက်တာလဲ!"
Perthဘာမှပြန်မပြောနိုင်ဘဲ ခပ်စူးစူးသာ
မော့ကြည့်လိုက်သည်.....
ထဖို့ကိုလည်း မတွေးမိ...သူကပဲ ထိုးပြီး
သူကပဲ ပြန်မေးနေသေးတယ်...
![](https://img.wattpad.com/cover/198561105-288-k465981.jpg)
YOU ARE READING
Be in love❤️🖤
ЧиклитPinson ?? Sonpin?? ..you can feel both! Nge & his naughty boy...