ပင်လယ်ကူးပြီး တစ်နယ်ထုတ်လို့
အကျယ်ချုပ်နဲ့ ထားမှာမတော့
အရှင်နှစ်ပါး
သနားစရာကောင်းလိုက်ပါဘိ
အမရပူရ စံဠာနီ မန္တလာပြည်
ဪ.......ဘယ်တော့မှ ပြန်မလာပြီမြန်မာသက္ကရာဇ် ၁၂၄၇၊တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်
မြန်မာပြည် အမှောင်ဖုံးခဲ့လေပြီ
တိုင်းပြည့်အရှင်သခင်များ ဆောင်ယူ သွားကြတော့
ဪ.. ကျွန်ဘဝရောက်ရပြန်ပေါ့ကုန်းဘောင်နေမင်းရယ်လို့
မင်းအဆက်ဆက် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့
ခေါင်းမော်ခဲ့ကြပေမဲ့
ဒီရှင်ဘုရင်နဲ့မိဖုရားကြောင့်
သူ့ကျွန်ဘဝရောက်ရလေခြင်းပါလားလို့
တောက် တခေါက်ခေါက်
လက်သီး တပြင်ပြင် မခံမရက်နိုင်
မချစ်ပေမဲ့ အောင့်ကာနမ်းခဲ့ရသူ
ဘုရင်နဲ့မိဖုရား
အစောကတည်းက မချစ်ခဲ့ကြတာ
အခု ကျွန်ဘဝရောက်စေသည်ဆိုကာ
အမုန်းကြီးမုန်းကြလေပြီနန်းကျဘုရင် နန်းကျမိသားစု
ပိုင်ဆိုင်သမျှ နေ့ချင်းညချင်း ဆုံးရှံးရုံမျှမကသေး
ပြည်သူများရဲ့ အမုန်းအားပါ
ပခုံးပေါ်ထမ်းထားရတဲ့ မိသားစု
ခေတ်ပြောင်း စနစ်ပြောင်း အချိန်ပြောင်း အရာရာဟာပြောင်းလဲ
လာခဲချေပြီ သို့သော်ငြား
နန်းကျဘုရင်မိသားစုသည်ကား
ပြည်သူများရဲ့ အမုန်းအကျဉ်းထောင်မှာ နန်းစံနေရဆဲမဟုတ်ပါလားသူရကန်စက် နေဝန်းကြီးသည် ကုက္ကိုပင်ပေါက်ရာ အရှေ့ ပုဗ္ဗာဝိဒေဟကျွန်းကြီးမှ
ထိန်ပင်ပေါက်ရာ အနောက် ဂေါရာကျွန်း အရောက် ခရီးနှင်လေပြီနေမင်းသူရိန် သည် သူခရီးအစ၌ သတ္တလောက ကိုပါ နိုးထစေသည်
ထိုသတ္တဝါများမှ လူသတ္တဝါဖြစ်သော လွန်းတစ်ယောက် လည်းနိုးထလာခဲ့သည်
မျက်လွှာနှစ်ချပ် ဖွင့်ဟလိုက်သည်နှင့် မဘုရားရဲ့ ဝတ်ပြုသံလေးပါ
တစ်ပါတည်းတွဲကာ နားစွင့်မိသည်လွန်း မထသေးဘဲ မဘုရားရဲ့ မေတ္တာပို့ အမျှဝေသံကို ဆက်လက်နားထောင်မိသည်
ခေါင်းကိုက်နေချိန် သုံပုရာရည်းအေးအေးသောက်ရသလို
လန်းဆန်းလာသည်
မေတ္တာဆိုတာ ကြားရသည်နှင့် အေးမျှသည်မဟုတ်ပါလား
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်