အတ္တမကိုဋ် အပိုင်း ၆

177 19 0
                                    

လွန်းနှင့် ထက်သာတို့သည်
တနေ့ထက် တစ်နေ့ ပိုမိုရင်းနှီးလာကြသည်
ဆရာတပည့် သံယောဇဉ် ကရှိလို
သူငယ်ချင်းဆန်ဆန် ရင်းနှီးမူကလည်ရှိလာသည်
ထက်သာသည် သူမကြိုက်သည့် ကိစ္စဝိစ္စ များဖြစ်လျှင်တောင်မှ
လွန်းအတွက်သည်းခံပေးသကဲ့သို့
လွန်းသည်လည်း သူ့ထက်သာအား မည်သူတစ်ဦးတစ်ယောက်မှ
မရဖူးသည် ရင်းနှီးပွင့်လင်းမူများ ပုံအောပေးထားသည်

ထက်သာပုံမှန်အတိုင်း ဆရာ့အားကြိုရန်
ဆရာ့အိမ်ကို ရောက်လာခဲ့သည်
ဆယ်တန်းဖြစ်နေသည်မို့ ကျောင်းသွား ကျောင်းပြန်သာ
တွေ့ရသည်မဟုတ်ပါလား
ဆရာပြောပြသော ဇာတ်လမ်းများ နားထောင်ရသည်ကို
သဘောကျပါသည်
စကားနည်းသော်လည်း သူမေးလာပါက စိတ်ရှည် လက်ရှည်ရှင်းပြပေးတတ်သည်
ပြင်ဦးလွင် နှင့် ဒီကို တစ်လခြားတစ်ခါသာ
မေမေလာနေပေးနိုင်သော
စားစရာအတွက်လေ သူစိတ်မပူရ
ဟင်းချည်းများသောသူသည် ဆရာ့ ထမင်းများကပ်စားရသည်ကို
အရသာတွေ့နေသည်မဟုတ်ပါလား

"ကြီးမေ ဆရာရော"
သူ့ထက်သာ လွန်းမေမေကိုမေးကာ ကြီးမေဆီမှ ဘုရားဆွမ်းတော်မုန့်ကို
တောင်းစားနေသည်
ဆရာ့တို့အိမ်သည် ဘုရားဆွမ်းတော် ကပ်လျှင်
တခြားသောအိမ်များနှင့်မတူ
ကြီးမေက ဘုရားဝတ်ပြု ပြီးနာရီဝက်ကြာသည်နှင့်စွန့်သည်
ဘုရားဆွမ်းတော်ကျများကို လမ်းထဲကကလေးများအားဝေတတ်သည်
နောက်ပိုင်းတော့ဘသူ့ထက်သာက
ကလေးများထက်ဦးအောင် စားတတ်သည်

"မင်းဆရာ ဟင်းချက်နေတယ်သား ခဏစောင့်နေလိုက်"
"သားအစောကြီးလတာဘဲ မင်းဆရာဆူမယ်နော်"
"သားစာကျက်ရင်းစောင့်မှာပါ ကြီးမေရဲ့"
ဆရာ့ဘဝသည်မလွယ်လှ
တစ်မိသားစုလုံးသည် ဝန်ထမ်းများ
ဘဘနှင့်ကြီးမေကလည်း အသက်များက ၇၀ ဝန်းကျင်
အကို အမများကလည်း အိမ်ထောင်နဲ့ဖြစ်ကြသည့်အတွက်
လှည့်မကြည့်နိုင် လူပျိုးသိုးကြီးဆရာသာ
စောင့်ရှောက်နေသည်
အိမ်မူကိစ္စများလည်း သူသာလုပ်သည်
ကြီးမေက ကူသည်ကိုတောင်မကြိုက်
ပင်ပန်းသည်ဟု သူ့အားသည်းညူပြတတ်ပေမဲ့လည်း
ရှားရှားပါးပါး ပင်ပန်းသည်ကိုတောင်
ဖော်မပြတတ်သူ

အတ္တမကိုဋ် Where stories live. Discover now