အတ္တမကိုဋ် အပိုင်း ၂၆

118 12 0
                                    

အိမ်ပြန်ခရီးတိုင်းက ကြည်နူးစရာကောင်းနေတာလည်း
အချစ်ရဲ့သဘောပဲလေ ဟုတ်တယ်မလား
ထက်သာကတော့ ဆိုင်ကယ်ကို လက်တစ်ဖက်တည်းနဲ့ထိန်းမောင်းရင်း
လက်တစ်ဖက်ကတော့ လွန်းရဲ့လက်ကို သူ့ဝမ်းဗိုက်ကကြွက်သားတွေပေါ်တင်ကာ
ထပ်ကိုင်ထားသည်ပေါ့ ပြုံးပျော်ရွှင်နေတဲ့ ချစ်သူနှစ်ယောက်ရဲ့အိမ်အပြန်ခရီးဟာ
နောက်တော့ကျနေခဲ့ပြီလေ သုံးနာရီလောက်ကတည်းအပြင်ထွက်သွားသော
ထက်သာသည်ဘအိမ်ရှေ့ပြန်ရောက်တော့
ညနေခြောက်နာရီကေော်ကျော်တောင်ရှိနေပြီလေ....
ထက်သာ အဖွားကတော့ အိမ်ရှေ့ကိုမြင်နေရသည့်ပြတင်းပေါက်အနား
မြေးလေးအပြင်သွားခါနီး ပိစိပိသိလုပ်တတ်သောကြောင့်
ကိုယ့်အပြစ်ကိုယ်သိကာ စိတ်များဆိုးသွားသလားစိတ်ပူနေမိသည်
ဒေါ်မဟူရာဧကရီ ဘဝတွင်အမြဲအရှုံးပေးနေရသောမြေးလေးပါ
အခုစောင့်နေမိသည်မှာ အတော်လေးပင်ကြာရှည်နေလေပြီ
ရုတ်တရက် ဆိုင်ကယ်ဟွန်သံကြားလိုက်တော့ ဒေါ်မဟူရာ ခြံဝလှမ်းကြည့်လိုက်တော့
ဟုတ်ပါသည်မြေးလေးပေါ့ သူ့ထက်သာ
သူမ၏အချစ်ရဆုံးမြေးကလေးနှင့်တွဲလျှက်သားမြင်နေရသည်ကတော့
ကျောင်းဆရာပေါက်စ လူကောင်ကခပ်သေးသေးနဲ့ ဆရာရုပ်သိပ်မပေါက်
အမှန်အတိုင်းပြောရရင်မြေးလေးက ဒီဆရာအပေါ်ဆက်ဆံတာလိုသည်ထက်ပိုနေသည်ကို
အရိပ်တကြည့်ကြည့်ချစ်ခဲ့သော သူမအတွက် သိသာနေသောအရာ
အခုလည် ခြံဝရောက်လို့ ကိုသောင်းကတံခါးဖွင့်ပေးနေတာတောင်
နောက်လိုလှည့်ကာ စကားတွေမရပ်တမ်းပြောနေသေးသည်
ယောကျာ်းလေးချင်းဆိုပေမယ့်လည်း ဒီလောက်အထိရင်းနှီးစရာလိုလို့လား
ခြဲထဲကိုရောက်လို့ ဆိုင်ကယ်ပေါ်ကဆင်းနေသော ဆရာလေးကို
လက်မလွှတ်ပေးဘဲ ဘာတွေပြောနေမှန်းမသိပြောနေပြန်သည် သူမသည်လည်းစိတ်ဝင်တစားပေါ့ ကြည့်နေလိုက်သည်လေ............

"လွန်း နေဦးလေ ကယ်ရီခပေးလေ"
"မုန့်ဖိုးမရှိလို့လား ခဏလေးနော်........"
ပိုက်ဆံအိတ်မှ ငါးထောင်တန်အချို့ထုပ်နေသော လွန်းတော်ဝင်
"ဟာ..မဟုတ်ဘူးလေဗျာ ပိုက်ဆံမဟုတ်ဘူးလေ"
"ဪ....ဘာစားချင်လို့လဲ မနက်ဖြန်မှစားတော့လေ"
"မဟုတ်ဘူးလေဗျာ အနမ်းတစ်ပွင့်လောက်ဆို ပို့ရကြိုးနပ်ပါတယ်"
"လူကြီးတွေရှိတယ်လေ"
"ခြောက်နာရီလောက်ဆို ဘုရားရှိခိုးနေပြီ ပူမနေပါနဲ့ နမ်းပေးမှာလားပြော
မနမ်းရင် စိတ်ဆိုးမှာနော်ကွာ........."
"ဟုတ်ပါပြီကွာ....."
လွန်း ထက်သာအားငုံနမ်းလိုက်သည်.....
ဆိုင်ကယ်ပေါ်ကထက်သာအား လွန်းကအနမ်းတစ်ခုပြန်လည်ပေးချေလိုက်သည်

အတ္တမကိုဋ် Where stories live. Discover now