အတ္တမကိုဋ် အပိုင်း ၂၄

118 14 0
                                    

"မင်းကို မေမေ အဲ့ guide ဆရာနဲ့သင်ဖို့ပြောပြီးပြီ မင်းမငြင်းနဲ့
အေး...ငြင်းရင်လည်း အိမ်ပေါ်က တစ်ခါထဲဆင်း.........."
"မေမေကလည်း ကျနော် အဲ့ဆရာနဲ့တော့ မသင်ပါရစေနဲ့"
"မရဘူး မိုးထက်မြင့် မင်းကို ဖတဆိုးလေးဆိုပြီး အလိုလိုက်ခဲ့တာကို လွန်မလာနဲ့"
"မေမေကလည်းဗျာ အဲ့ဆရာက ကြမ်းတယ်လေ တော်ကြာ
ကျနော့်ကို ရိုက်တော့ ဘယ်လိုလုပ်မလဲ"
"မင်းအမြဲ ရန်ဖြစ်နေတာကြတော့ အထိုး အရိုက်ခံရတာ မကြောက်ဘူးလား"
"မေမေကလည်း အဲတာက အရွှယ်တူတွေလေ အခုဟာက ဆရာဆိုတော့
ပြန်ထိုးလွှတ်လို့မှမရတာ ကျနော်မသင်ချင်ဘူး"
"မသင်ရင် အိမ်ပေါ်ကဆင်းလေ..."

"မိုးထက်မြင့်"
လူကဖြူဖျော့ဖျော့နှင့် ရုပ်ကလေးကလည်း တရုတ်သွေးပါသည်မို့
မြန်မာမဆန်ပေမဲ့ ခပ်ချောချောလေး
အရပ်အမောင်းကတော့ သာမန်အရပ်မျိုး တစ်ခုရှိတာက
လွန်းတော်ဝင် ထက်တော့ အရပ်နဲနဲရှည်မည်ထင်ပါသည် လူကလေးနှင့်
မလိုက်အောင် လူကတော့ ဆိုးဝါးလှသည်
ကျောင်းမှာ ဟိုကောင်မလေးကို စနောက် ဒီကောင်မလေးကို ရည်းစားစကားပြောသည်
မိုးထက်မြင့် ရန်ဖြစ်သည့်ဆိုလည်း မိုးထက်မြင့်
နာမည်ကြီးသည်က ယောကျာ်းမိန်းမ မရှောင်ပတ်သက်တတ်သည့် မိုးထက်မြင့်
ဆေးလိပ် ကွမ်း အရက် တို့ကလည်း အရင်းနှီးဆုံး မိတ်ဆွေများ
ကျောင်းတွင် ဆရာ ဆရာမတိုင်းက လက်ရှော့ထားသော
ထူးခွန်ကျောင်းသားကလေး

"လွန်း ဒီနေ့ ကျူရှင်မရှိဘူးမလား"
"ရှိတယ် မနေ့ကမှလာပြောထားတာ အစကတော့ လကုန်မှ သွားမလို့
အမေဖြစ်သူက လာပေးပါဆိုတော့ ဒီနေ့ ၁၀ခွဲကနေ ၃နာရီထိ သွားရမယ်"
"ကျနော်ကစာမေးမလို့ဟာကို"
"မေးလေ စောသေးတာပဲ မေး..မေး..."
"လွန်းကလည်းဗျာ စာမေးတယ်ဆိုတာ အကြောင်းပြတာလေ"
"ဪ...မအားမှမအားတာ ကျောင်းပြီးမှလအဝတွေ့ဟုတ်လား အခုတော့ စာလုပ်ထား"
"လွန်းဘယ်သွားမလို့လဲ အခုမှ ၉နာရီပဲရှိသေးတာလေ"
"အိမ်ခဏပြန်ဦးမယ်လေ ငါးတွေ ဒီအတိုင်းပဲထားခဲ့ရတာလေ"
"ကျနော် လိုက်ပို့မယ်လေ"
"မလိုက်ပို့နဲ့တော့.....ကိုခန့်လာလိမ့်မယ် မင်းလေးအတွက်လည်း စားမေးပွဲဖြေရင်
ဝတ်ဖို့ အင်္ကျီအဖြူလက်ရှည်တွေ မှာထားလို့လေ"
"ကိုခန့်က အထည်ရောင်းလို့လား"
"မဟုတ်ဘူးလေ...ကွာ
ကိုခန့် မမက ရှပ်အိင်္ကျီချုပ်တာ အရမ်းတော်တာလေ
ကိုခန့်ဖုန်းဆက်တော့ မင်းအတွက်ပါ ချုပ်ခိုင်းတာ မင်းနဲ့ ကိုခန့်က ခန္ဓာကိုယ်အနေအထား
ကလည်း မတိမ်းမယိမ်းလေးလေ အဲ့တော့ ပိုမှာလိုက်တာ"
"ဪ..မသိဘူးလေဗျ...လွန်းကလည်း........"
"သွားတော့မယ်လေ....နော်"
"နေဦး ဆရာကလေ ခန့်ထည်သွင် ဆိုတဲ့ လူကြီးကျ ကိုခန့် ကိုခန့်နဲ့
ကျနော့်ကျ မင်းနဲ့ငါ မင်းနဲ့ငါနဲ့ပြော"
"ရစ်သိလား ပြော ဘယ်လိုခေါ်ရမလဲ"
"ဘယ်လိုမှမခေါ်ပါနဲ့ စကားပြောရင် ကို တို့ ကျနော့်ကိုလည်း ညီလို့ခေါ်လေ"
"အေးပါကွာ သွားတော့မယ် စာသေချာလုပ်ကြားလား"

အတ္တမကိုဋ် Where stories live. Discover now