အတ္တမကိုဋ် အပိုင်း ၈

158 17 0
                                    

ထက်သာ ဒီနေ့ ဆရာ့အိမ်ဆီ
ပုံမှန်ထက်စောရောက်လာသည်
၈နာရီထိုးရန် ၁၅ မိနစ်စောင့်ဆိုင်းရမည့်အချိန်
သူရောက်သည်နှင့်
သူရဲ့နေစဉ်ပြုနေကျအတိုင်း ဘယ်သူမှမခေါ်ဘဲ အိမ်ထဲဝင်ကာ
ကြီးမေ ချပေးထားသည့် မုန့်များစားနေလိုက်သည်
သူထိုင်နေစဉ် ရုတ်တရက် အိမ်နောက်ဖက်မှထွက်လာသော
လူတစ်ယောက်က ထူးဆန်းသလိုကြည့်ကာ

"သူ့ထက်သာဆိုတာလား"
"ဟုတ်ကဲ့"
"လေးလေးပြောပြတဲ့ သူတပည့်ကိုမြင်ဘူးပါပြီဗျာ"
ထိုလူသည် အိမ်အနောက်ဖက်သို့လှမ်းအော်ကာပြောလိုက်သည်
"ငါက တော်ဆက်နိုင် မင်းဆရာရဲ့ တူပေါ့"
"တွေ့ရတာ ဝမ်းသာပါတယ် အကို"
"ရပါတယ်ကွား မင်းနဲ့ငါ ပဲသုံးစမ်းပါကွာ ဘယ်လောက်မှမကွာတာကို ဘော်ဒါ တွေပဲပေါ့"
"ငါ့ဦးလေးနဲ့ ရေခဲတုံးနဲ့ တည့်နေတယ်ဆိုလို့ မြင်ဖူးခြင်နေတာ"

ထိုလူက သူ့အား ဖော်ဖော်ရွှေရွှေ ပြောဆိုလာသည်မို့
အစောကတည်း ကလေးအစ ခွေးအဆုံးခင်အောင်
ပေါင်းသင်းတတ်သောသူနှင့်
အလွန် လိုက်လျောညီထွေဖြစ်လှသည်မဟုတ်ပါလား

"မင်းကို မဆူဘူးလား ဟျောင့်"
"ဆူတာပေါ့ကွာ"
"ငါ့ဦးလေးက အဲ့အတိုင်းပဲကွ ငါ့အဖေနဲ့ အမေတောင် လေးလေးကိုလန့်တယ်ကွ"
"ဟုတ်လို့လားကွာ"
"မင်းကလည်း တစ်အိမ်လုံးမှာ ငါ့တစ်ယောက်ပဲ အလိုလိုက်တာ
ကျန်တဲ့ တူတွေတူမတွေဆို ကြောက်လို့အနားတောင်မကပ်ဘူး
ဘွားဘွားက ပြောလို့ မင်းကိုအတော်လေးသည်းခံတယ်ဆို ဟုတ်လားဟျောင့်"

အတော်လေးသည်းခံတယ်ဆိုဘဲ
အားအားရှိ ငါပဲခံနေရတာကိုမသိကြဘူးလား

"အေး"သူ့ထက်သာ တစ်ခွန်းသာ ပြန်ဖြေလိုက်သည်
"ထက်သာ သားဘာသာပဲသွားတော့"
ဆရာထွက်လာသည်နှင့်ပြောလာသောစကား
"ဆရာက ဘာလုပ်မလို့လဲ"
"ဆက်နိုင်ကို မနက်စာဝယ်ကျွေးမို့ သူကထမင်းကြော်မစားလို့"
"ဪ"
သူ.ထက်သာ ဪ တစ်လုံးထဲသာရေရွှတ်မိသည်
"သွားမယ်လေ ထက်သာ ငါတို့လည်းဆိုင်ကယ်နဲဘဲကွ"
ဆက်နိုင်ပြောလာသည့်အတွက်
သုံးယောက်စလုံးအိမ်ထဲမှ ထွင်လာခဲ့သည်
အိမ်ရှေ့ရောက်သည်နှင့် သူ့အားလှည့်တောင်မကြည်ဘဲ
တူတော်မောင်ဆိုင်ကယ်ပေါ်သို့
တက်သွားသည့်ဆရာ ဘာကြောင့်မှန်းမသိ ဒေါသကထွက်လာသည်
ဆိုင်ကယ်ကိုအမြန်ဆုံးမောင်းထွက်လာခဲ့သည်
သူကြည့်တောင် မကြည့်ချင်
ကျောင်းရှေ့ကို ဘယ်လိုရောက်လာမှန်းတောင်သတိမထားမိ
သူ့ဆိုင်ကယ်နောက်ဆရာမပါဘာသည်ကို
သိသောအခါ စိတ်များက စာကလေးအသိုက်များသဖွယ်
ရှုပ်ထွေးနေပါသည်
သူကသာ သည်းခံခဲ့ပေမဲ့ သူ့အကြိုက်တစ်ခုမှမသိ
မစားချင်တာများကျွေးလာပါက မငြင်းတတ်သော်လည်း
စားချင်သည်ပြောမိပါက ကိုယ့်ဘာသာဝယ်စားခိုင်းသည်
သူ့အားဂရုမစိုက်ပါ
ထိုသို့သူ့အား အလေးမထားသည့်ဆရာ့အား
စိတ်ဆိုးဒေါသထွက်ရမည်ထက်
ဝမ်းနည်းလာသည် ဘာရယ်ကြောင့်မသိ အလွန်ဝမ်းနည်းလာသည်

အတ္တမကိုဋ် Where stories live. Discover now