အတ္တမကိုဋ် အပိုင်း ၃၃

98 11 0
                                    

လွန်းဖုန်းခေါ်နေသည်မှာ အကြိမ်ရေ၂၀ကျော်နေပြီဖြစ်နေသော်လည်း
ထက်သာမကိုင်သေး စာလုပ်နေသည်လား ဒါမှပဲမဟုတ်
မနက်ကဖုန်းမကိုင်မိသည်ကိုကောက်နေသည်လား guide ဆရာမပဲအစောကြီးဝင်နေ
သည်လား ဘာလားညာလား စုံနေအောင်တွေးတောခဲ့ပြီးပြီဖြစ်သည်
မကိုင်သည့်အဆုံးတော့ နောက်ဆုံးအနေနှင့်ထက်သာအမေ့ဖုန်းလေးကိုခေါ်လိုက်တော့
တစ်ချက်ဝင်သွားသည်နှင့်ကိုင်လိုက်သည်မို့
"ဒေါ်ဒေါ် ကျနော်ပါ"
"အေးလွန်းလေး မင်းညီဖြေနိုင်တယ်ပြောတယ် ဂုဏ်ထူးဆိုပဲ"
"ဟုတ် ဒေါ်ဒေါ် အခုရော စာလုပ်နေရဲ့လား"
"ဆရာမလာပေးတယ်သားရဲ့..."
"ဟုတ် ဟုတ်ကဲ့ ကျနော်ဖုန်းချလိုက်တော့မယ်နော်"
"အေး..အေး.."

စာလုပ်နေသည်ပေါ့
လွန်းရယ်ဒီရက်ထဲလောက်တော့ နည်းနည်းလောက်လေးသည်းခံလိုပါလား
စာမေးပွဲကလည်း ပိတ်ရက်နှစ်ရက်နဲ့မှ ၇ရက်ပါ
နဲနဲလောက်တော့ အိနြေ္ဒဆယ်ပါဦးဟ
သူ ဖက်သာကို အတော်လေးတွေ့ချင်နေမိတာ သူ့ဘာသာသူပဲသိမည်
ဖုန်းမကိုင်မိသည်ကလည်း လူတစ်ယောက်ရဲ့ဘဝတစ်ဆစ်မှာ
အချောသတ်ကူညီပေးနေရသည့်အတွက်သာ
အခုလည်း ထိုကောင်လေးအရောက်မလာခင်....သူဖုန်းဆက်နေရသည်
သူနဲ့ထက်သာအကြောင်းကို သိသယောင်လုပ်ပြတတ်သည့်အတွက်
ထက်သာနဲ့အတူရှိနေသည့်အကြောင်းကိုပြောပြရန်
မကြောက်ပေမယ့်လည်း ဆရာတစ်ယောက်အနေ့ဖြင့်တော့ အထင်သေးမခံချင်း
သူကတော့အချိန်မှန်မြင်နေရပေမယ့်
မြင်ချင်နေသော မျက်နှာမဟုတ်သည်မို့ ဟန်ဆောင်ပြုံးပြဖို့တောင် ခက်ခဲနေသည်
သူကတော့ အတော်လေးကိုပျော်မြူးပြနေသေးသည်
သနားသောစိတ်ကလေးသာ ခံမနေရင် အော်ထုတ်ခံရမည်မှာအသေအချာ
မိုးထက်ရဲ့ထူးခြားချက်ကတော့ မဘုရားနဲ့ရော ဖေဖေနဲ့ပါခဏလေးအတွင်
ခင်မင်သွားခြင်း ထက်သာထက်ပိုကာရင်းနှီးနေပြီတောင်ထင်ရသည်
ထက်သာကတော့ အနည်းငယ်ခွခွာနေတတ်သည်
မိုးထက်ကတော့ အသိုင်းအဝိုင်းမျှော်နေသူမို့လားမသိ.......
အတော်လေးအဆင်ပြေနေလေသည်

ENGLISH စာဖြေသောနေ့
ထက်သာအတွက် မြန်မာဖြေတဲ့နေ့ကတည်းက ခေါ်မရသော ဖုန်းကလေးသည်
ဒီနေ့တွင်လည်းခေါ်မရ.......
လွန်းရဲ့ဖုန်းနံပါတ်တစ်ခုသာသိသည်မို့ အခြားဘယ်ဖုန်းက်ုခေါ်ရမယ်မသိ
ထို့အပြင် မျက်ခြေမပြတ်အစောင့်ကြည့်ခံနေရသည်မို့ အပြင်ထွက်ဖို့ကလည်း
အဆင်မပြေနေ...ဒီကြားထဲ အိမ်ကနေဘယ်ချိန်မှထွက်ရမယ်ဆိုသော
မင်္ဂလာအခါတော်ပေးကလည်းရှိနေသေးသည်မို့

အတ္တမကိုဋ် Where stories live. Discover now