လော်စပီကာ သုံးယောက် နှင့် သူ့ထက်သာ အဖွဲ့ကျသွားသည်
ကျောင်းသားများသဘာဝ ဘာသာရပ်အချိန်တစ်ခုအပြီး
အခြားဘာသာရပ်ဆရာမလာမီ ၁၀ မိနစ်လောက်အချိန်တွင် တစ်တန်းလုံး ကြွက်ကြွက်
ညံအောင် စကားများပြောနေသည်မှာ အဆန်းမဟုတ်သော်ငြား
ရုတ်တရက်တိတ်သွားသည်မို့ ဆရာလာသည်ကို
ကျောင်းသားတိုင်သိကြသည်သူ့ထက်သာ တစ်တန်းလုံး မတ်တပ်ရပ်လိုက်သောကြောင့်
သူပါရပ်လိုက်သည်
အတန်းရှေ့တွင်ရောက်နေသည်က သူအား ဒီအခန်းအခန်းညွှန်ုပြသူ
သူက ဂျပုလို့ လှမ်းခေါ်လိုက်သော ထိုကောင်လေးက ဆရာတဲ့လား
သူ့ထက်သာ မျက်နှာဘယ်မှာ ထားရမယ်မသိ
အလွန်အားနာနေမိသော်လည်း
တစ်တန်လုံး GoodMorning ၍ လိုက်နင်းမိသည်"ဒါ ဘာ ဘာသာရပ်အချိန်လဲ"
မြန်မာစာ ပါဆရာ တစ်ခန်းလုံးညီညီညွတ်ညွတ်ဖြေကြသည်"ယောကျာ်းလေးအကုန်လုံး အတန်းရှေ့ထွက်
မိန်းကလေးတွေက အတန်းနောက်သွား
ထိုင်ထ ၅၀ လုပ်ကြ..."အကုန်လုံး ဆရာဂျပုပြော့သည့်အတိုင်း ထိုင်ထလုပ်နေကြသည်
သူ့ထက်သာအပါအဝင်ဖြစ်သည်
ထိုင်ထ၅၀ပြည့်တော့ အလိုက်တသိကိုယ့်နေရာကိုယ်ပြန်ထိုင်ကြသည်နောက်တစ်ခါ မြန်မာစာအချိန် မြန်မာလို နှုတ်ဆက်
ခပ်မာမာလေသံနှင်လွန်းပြောလိုက်သည် တစ်ဆက်တည်း
ရေသည်စာအုပ်ထုပ် ခက်ဆစ်မေးမယ်သူ့ထက်သာ မိန်းကလေးများဘက်ကြည့်မိတော့
အသံတိတ်ရွှတ်သူများ
ပါးစပ်လှုပ်ရုံရွှတ်သူများ
အသံတိုးတိုးရွှတ်သူများဖြင့်
အပြိုက်ပြိုင်ခက်ဆစ်များနွေးနေကြသည်
ယောက်ျားလေးများလည်း ထိုနည်းတူစွာပင်
ရုတ်တရက်
"ယွန်းနဒီ ထ""
ကောင်မလေးတစ်ယောက် မတ်တပ်ထရပ်သည်
ထိုနောက် ဆရာသည် ထိုမိန်းကလေး ခက်ဆစ် ငါးလုံးမေးလေသည်
အကုန်ဖြေဆိုနိုင်သည့်အတွက် သူမအား အတန်းထဲမှ ကျောင်းသား
တစ်ယောက်ရွှေးချယ်ကာ သူမသဘောကျ ခက်ဆစ်ငါးလုံးမေးစေသည်ဤသို့ဖြင့် အတန်းရှေ့တွင် မဖြေဆိုနိုင်သော
ကျောင်းသားဆယ်ယောက်လောက်ရှိလာသည်
သူ့ထက်သာ ကံကောင်းသည်ဟုဆိုရမည် သူခက်ဆစ်များကျေကျေညက်ညက်မရသေး
အသစ်ဖြစ်နေ၍သာ ကျောင်းသားအချင်းချင်းရှိန်၍ သူ့အားမရွှေးသည်ကို
ကျေးဇူးတင်မိသည်။

YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်