ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆရာဖြစ်ကတည်းတတ်လာတဲ့ပညာ
မိုးထက်မြင့် ဆိုးတယ်ဆိုတာ လွန်းတော်ဝင်အတွက်ရယ်စရာတစ်ခု
သူသည် ဆိုးပေတောနေသောကလေးမဟုတ်ဘဲ
ဖခင်မရှိတော့၍ အလိုလိုက်သော မိခင်အပေါ်ဆိုးပေတေချင်သောအကျင့်သည်
အပေါင်းအသင်းနှင့် လူမူဝန်းကျင်အတွင်းကိုပါ ယူဆောင်ထားခြင်း
ထို့အတွက် သူသည်ရှောက်ရမ်းနေသော ကလေးဆိုးသာသာ
သူ့ကိုယ်ကို ကလေးဆိုးတစ်ယောက်အဖြစ် ပုံပြန်သွင်းနေခြင်း
အရွဲ့တိုက်ပြီး လူဆိုးလေးဟု အမည်တပ်ခံထားရခြင်သာဖြစ်နေသည်"မင်းမအေးဘူးလား....?"
aircon ခန်းထဲတွင် အင်္ကျီကျွတ်နဲ့နေတယ်ဆိုတာ ကြာရင်ကောင်းတဲ့ကိစ္စတော့မဟုတ်
ကြာရင် ကျန်းမာရေးထိခိုက်စေနိုင်သည် အတွက် မေးလိုက်ရခြင်း
"ရပါတယ် ကျနော် အအေးဒဏ်ကို ခံနိုင်တယ်"
"အေး..အဆင်ပြေရင်ပြီးတာပါပဲ"
"ဆရာကနော် တော်တော်လေးကို မမိုက်ပါဘူးဗျာ"
"ဘာကိုလဲ"
"အရင်ကဆရာတွေဆို ကျနော်ကအမြဲ ပညာပြနေကျ အခုကြတော့"
"သား မိုးထက်မြင့် မင်းကလေးမဟုတ်တော့ဘူးနော်
ဆရာမင်းကိုမဆိုးရဘူး မမိုက်ရဘူးလို့ မတားပါဘူး ဒါပေမဲ့ မင်းအမေမျက်နှာထောက်ပေါ့"
"ကျနော် အင်္ကျီထဝတ်မယ်ရလား"
"ရတာပေါ့ ထဝတ်.........."လွန်း ပြောချင်းလွန်းလို့ရယ်တော့မဟုတ်
ဒီကလေးကို သည်းခံပြီး ဆယ်တန်းအောင်အောင်သာ စာပြနိုင်ရင်
ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကမို့ သူအတွက် အခွင့်အလမ်းကောင်းတွေသာဖြစ်လာနိုင်သည်
ဒီလို ဝင်ဆံအောင် လုပ်ရတယ်ဆိုတာ လွယ်ကူလှသည်တော့မဟုတ်
မိုးထက်မြင့် ဆယ်တန်းအောင်ရင် သူ့အတွက် ရှေ့စာသင်နှစ်ဟာ
အကျိုးအမြတ် အတော်လေးရမည်ဖြစ်သည့်အတွက်
အလုကတည်းက တိုက်စစ်ဆင်ရပေသည် စကားများလည်း အာပေါက်အောင်ပြောပြ
ပေးနေရသည် အရင်ကလွန်းတော်ဝင်ဆိုတာ စကားသုံးခွန်းလောက်ပြောရသည်ကို
ပင်ပန်းသည်ဟုတောင်မှတ်ထင်ထားသူ ဖြစ်ပေမယ့်လည်း
အခုတော့ အချစ်ကြောင့် သူ့ကိုယ်သူပြောင်းလဲပစ်ရတော့မည်
သူကြိုးစားရမည် သူ့တို့နှစ်ယောက်ရဲ့ ဘဝသာယာဖြောင့်ဖြူးရေးအတွက်သူကြိုးစားရမည်
စာသင်ချိန်တက်ဝက်ကျိုးပြီမို့ မိုးထက်မြင့် အားခဏလောက်တော့
အနားပေးရမည်ပေါ့.....
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်