စာသင်ချိန် နှစ်နာရီ ပြည့်ပြီမို့
လွန်းပြန်ရန်ပြင်ဆင်လိုက်သည်"သား ဆရာပြန်တော့မယ်"
"ကျနော်လိုက်ပို့ပေးမယ်ဆရာ ခဏလေးစောင့် မေမေ့သွားပြောလိုက်မယ်"
"မြန်မြန်သွား"သူ့ထက်သာ ဆိုင်ကယ်မောင်းနေရင်းလွန်အား
"ဆရာ ဆိုင်ကယ်စီးရင် ဘေးတစောင်းကြီးထိုင်းပြီး ဘယ်မှလည်းမကိုင်ဘူး"
"ပြုတ်ကျနေမယ်နော်"
လွန်း သူ့အားစိုးရိမ်ပေးနေသည့်အတွက်
ထိုကလေးအား ပိုမို ခင်မင်ခွင့်ပေးချင်နေသည်မှာ အမှန်ပင်
တပည့်မှန်သမျှသည် သူနှစ်ခါလောက် ဘုကျကျပြောမိရင်
အနားကပ်ဖို့နေနေသာ မျက်နှာချင်းတောင်မဆိုင်တော့
ဒီကောင်လေးကတော့မတူ
စတွေ့ကတည်းက အလွဲတွေနဲ့ စပေမဲ့ သူ့အပေါ် သုံးရက်တိတိ လာနွယ်သော
ပထဆုံးကျောင်းသားဖြစ်သည်
မိဘများကလည်း ရင်းနှီးနေကြတာမို့ အငယ်ဆုံးသားဖြစ်သည့် လွန်းအတွက်တော့
ညီးငယ်လေးရသည်ဟု မသိမသာ ဝမ်းသာနေမိသည်
"မုန့်စားနိုင်သေးလား"သူ့ထက်သာပြောမိသည်က ဆိုင်ကယ်စီးသည့်အကြောင်း
သူ့အားပြန်ပြောသည်က မုန့်စားနိုင်သေးလား
သိပ်ကောင်းတာပဲ
တစ်ခါမှ စကားကို အလိုက်အထိုက်မပြော
ပြောပြန်လျှင်လည်း ဘယ်ကစသည်သာ မသိရရင်နေမယ်
အဆုံးသတ်က တော့ပါပြီသား"ဆရာ ကျနော်က ဆိုင်ကယ်စီးရင် ကိုင်စီးဖို့ပြောနေတာလေ
မုန့်စာနိုင်သေးလားဆိုတော့ မုန့်ဝယ်ကျွေးမို့လား"
"ဝယ်ကျွေးမယ်"
"တကယ်လားဆရာ"
"ကျောင်းကိုသွားတဲ့ လမ်းအတိုင်းမောင်း ကျောက်တိုင်နားကမုန့်ဆိုင်ကစုံတယ်"မုန့်ဆိုင်သို့ရောက်သောအခါ
ကောင်တာနားတွင်ရပ်ကာ ထက်သာအား ကြိုက်တာယူဟူသော
စကားပြောကာ ပေကပ်ကပ်ရပ်နေသည့်လွန်း
ဆရာဝယ်ကျွေးတာစားမယ်ဟုဆိုကာ ရပ်နေ့သည့်လွန်းအား
မရမကခေါ်နေသည့်သူ့ထက်သာ
တစ်ခဏမျှကြာသည်အထိ ခေါ်မရသောကြောင့်
ထက်သာ လွန်းရဲ့ လက်ကို ကောက်ဆွဲကာ ဆိုင်းအတွင်းသို့
ဝင်ရောက်သွားသည်
သူတို့နှစ်ယောက်အား ကောင်တာမှအန်တီကြီးသည်
မျက်မှန်ဘောင်မှကျော်လွန်က ကြည့်နေသည့်အတွက်
လွန်း သူ့ထက်သာ လက်အတွင်းမှ
မိမိလက်အား အားကုန်ရုန်းလိုက်ရသည်
လွန်းစိတ်ဆိုးချင်ပေမယ့် ဒါဟာ ကပ်သီးကပ်သတ်ကျသည့်
သူ့ကြောင့်ဆိုတာသိနေသည့်အတွက် ထက်သာအားအပြစ်မဆို
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်