အတ္တမကိုဋ် အပိုင်း ၁၇

144 16 0
                                    


"ဆရာ့တိုအိမ်သွားအုံးမှာလား"
"အေးလေ အိမ်ကနေမှကျူရှင်ထပ်သွားလိုက်မယ် ညကျမှာလာခေါ်လေ"
"ကြီမေ ဘာချက်လဲမသိဘူး"
"ဘာမှချက်မှာမဟုတ်ဘူး မင်းမေမေက တမင်းချိုင့်တွေမှပေးထားတာ"
"ဆိုင့်ကချက်တာစားကောင်းပါတယ် မကြိုက်တော့မကြိုက်ဘူး"
"စကားမများနေနဲ့ လမ်းကြည့်မောင်း"

အိမ်ရောက်တော့ ထက်သာကတော့ ပုံမှန်လုပ်နေကျအတိုင်း
မဘုရားဆီက ဟိုဟာတောင်းစား ဒီဟာတောင်းစားပေါ့
လွန်းကတော့ တာဝန်မလစ်ဟင်းစေရန်အတွက်
အိမ်သန့်ရှင့်ရှင်းရေးလုပ်နေရသည်

"တော်တော် မဘုရားတို့ ကြို့ပင်ကောက်သွားလည်မလို့"
"မသွားပါနဲ့ မဘုရားရယ် မမကြီးကအားလို့လား"
"အားပါတယ် တော်တော်လေးရဲ့"
"မရောက်တာလည်းကြာပြီလေ ပြီတော့ မဘုရားရဲ့ မြေးတွေကိုလည်း အောက်မေ့တယ်"
"သွားချင်တယ်ဆို မတားတော့ပါဘူး"
"သားကိုထက်တို့အိမ်မှာပဲနေလိုက်တော့"
"ကိုယ်တော်ဘုရား(လွန်းတို့ဖေဖေ) နဲ့အတူတူလား မဘုရား"
"အေးကွယ် စာမေးပွဲတွေပြီးမှပဲပြန်လာတော့မယ်"
"အခုမှ ၁၂လပိုင်းကုန်မှာလေ"
"ဒီမှာနေလည်း အလုပ်မှမရှိတာ"

ထက်သာ တစ်ယောက် စားလို့သောက်လို့ကောင်းနေသည်
ကြီးမေနှင့် လွန်းကတော့
ဘာတွေပြောနေသည်မသိ
ဆရာရောသူပါ ကျူရှင်ချိန်က၄နာရီမှမို့ ကျောင်းဆင်ချိန်၃နာရီကနေ ၄နာရီအထိ
တစ်နာရီလောက် အားနေကြသေးသည်
တအောင့်လောက်နေတော့
ကြီးမေက ဆောင်ထုတ်လေးနှင့်ခေါင်းအုံးနှစ်လုံးထုတ်လာကာသူ့အား
"သားရေ ရော့ အိမ်ပြန်ရင်ဒါသယ်သွား မင်းဆရာ ခေါင်းအုံးနဲ့ဆောင်နဲ့
မင်းဆရာကလူ့ဂွစာ သူများတကာ ခေါင်းအုံးတို့ဆောင်တို့နဲ့ဆို ညညမအိပ်တော့ဘူး"
ဟုတ်လောက်ပါသည် ညကမအိပ်ဘဲ အပြင်ထွက်နေတာပဲကြည့်
"လူကလည်း ဒေါသသာကြီးတာ တစ္ဆေ သရဲ အရမ်းကြောက်တတ်တာ
ညဘက်တွေမစနဲ့နော် သင့်သင့်မြတ်မြတ်လည်းနေကြ"
စိတ်ပူမနေနဲ့ ကြီးမေရေ ဒီထက်ပိုပြီးသင့်မြတ်ဖို့ဘဲ ရှိတော့တယ်
ထက်သာ မိမိဘာသာတွေးကာ သဘောတွေ လွှတ်ကျနေတော့သည်
"ဟဲ့ ဒီကလေး ဘာတွေပြုံးနေတာလဲ ပြောတာနားထောင်နေရဲ့လား"
"နားထောင်နေပါတယ်ကြီးမေရဲ့"

အတ္တမကိုဋ် Where stories live. Discover now