လွန်းစိတ်ညစ်နေရပါသည်
မဘုရားနဲ့ ဖေဖေ နှစ်ဦးလုံး မမာနေကြသည့်အတွက်ပင်
အကြီးအကျယ် ဖြစ်ချင်းမျိုးမဟုတ်ပေမဲ့ တရှောင်ရှောင်
ထို့အတွက် ကျောင်းမသွားချင်
နေမကောင်းသည့် မိဘများအားစိတ်မချ
ကောင်လေးလာခေါ်ရင်တော့
သူ့ဘာသာသူပဲ ကျောင်းလွှတ်ရမည်လွန်းပုံမှန်အတိုင်းဆို မနက်၅နာရီထရသည်
မဘုရားနဲ့ ဖေဖေ့အတွက် မနက်စာသွားဝယ်
ထမင်းကို ပေါင်းအိုး လေးနှင့်တည်ကာ
ဟင်းချက်ရသည်
မဘုရားသည် စည်းစနစ်ကျလွန်းသည်
ငါးတုံးသည်မှစ၍ ကန်စွန်းရွက် ချွေသည်အထိ သူ့စိတ်ကြိုက်သာ
ပြုတတ်သည် လွန်းလုပ်ပေးသည်ကိုမကြိုက်
ဦးနှောက်အမှေးပါးရောင်တတ်သည့်အတွက်သာ
ညော်ရှောင်သည့်အနေဖြင့်သာ လွန်းက ဟင်းချက်ပေးရခြင်း
အမလတ်က လာနေမည်ကိုလည်း လက်မခံ
ထို့အတွက် လွန်းသာ ပင်ပန်းရသည်
ကျောင်းမသွားဟု တွေးထားသဖြင့် လွန်းပိုအိပ်နေမိသည်
၈နာရီထိုးခါနီး အချိန်ထိမနိုသေး
မဘုရားက မနှိုးပေးသဖြင့် သူမနိုး၈နာရီ ၁၅ မိနစ်တွင် ထက်သာ
ဆရာ့အိမ်ရှေ့ရောက်လာသည်
ထူးထူးဆန်းဆန်း အိပ်မှုန်စုပ်ဖွားဖြင့်ထွက်လာသော
အရင်က သူရောက်လျှင် အရာအားလုံးပြင်ဆင်ပြီးသားဆရာသည်
ဆံပင်များကရှပ်ထွေးလျက် ပုဆိုကိုလည် ရင်ခေါင်းလောက်တင်ဝတ်ထားကာ
အထက်ပိုင်းဗလာ လူကလည်း
စိတ်မရှည်သည့်ပုံများဖြင့် အိမ်ခေါင်းရင်းဘက်သွားနေသည်မို့
ငါးများဆီသွားနေသည်ကို သိလိုက်သည်အိမ်ပေါ်တက်ထိုင်နေတော့ ကြီးမေကိုမတွေ့
တအောင့်လောက်နေမှ ထွက်လာသည်
"ကိုထက် ရောက်နေတာကြာပြီလားသား"
"မကြာသေးပါဘူး"
"ကြီးမေလည်း နေလို့သိပ်မကောင်းဘူး မင်းဘဘကြီးလည်းတရှောင်ရှောင်
ဖြစ်နေတာ သားငယ်ကျောင်းမသွားဘူးထင်တယ်"
"ဪ အာ့ကြောင်မို ဘာမှမလုပ်သေးတာကိုး"
"မင်းဆရာက ပင်ပန်းတယ်လေ တစ်ရက်တစ်လေတော့ နားပါစေ""ထက်သာ ကိုယ့်ဘာသာသွားတော့ သား
ဆရာကျောင်းမတက်ဘူး ဆရာမကြီးကိုခွင့်တိုင်ပြီးပြီ"
"ဆရာကလည်း ကျနော် တစ်ယောက်တည်းသွားရမှာ ပျင်းစရာကြီး"
"ဆယ်တန်းက ပျင်းစရာလား"
"ဆရာမသွားရင် ကျနော်လည်းမသွားတော့ဘူး"
"ထက်သာ ပေတိပေကပ် မလုပ်နဲ့ မြန်မြန်သွား"
"ဆရာကလည်းဗျာ"
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်