အတ္တမကိုဋ် အပိုင်း ၁၀

156 15 0
                                    

သူ့ထက်သာ
ဆရာအားပုံမှန်အတိုင်း ကျောင်းအတူသွားရန်လာစောင့်နေမိသည်
နေ့စဉ်နေထိုင်း လုပ်နေကျပင်ဖြစ်သော်ငြား
မနေ့က ဆရာ့အပေါ် သူပြုမူမိသည်များကို အားနာနေမိသည်
ဆရာသည် သူ့၏ သွေးသားတော်သူ တူတစ်ယောက်နှင့်အတူ
လိုက်သွားပြီး သူ့နောက်မလိုက်သည်မှာ
သာမန်အားဖြင့် စိတ်ဆိုးဖွယ်ရာ တစ်ခုမျှမပါသော်လည်း
သူစိတ်ဆိုးမိသည်
လွန်းတော်ဝင်ဆိုသည့် ထိုလူသားအား အရာရာကိုသူနှင့်အတူသာလုပ်စေချင်သည်
ကျောင်းကိုလည်း သူနှင်အတူသာ သွားစေချင်မိသည်
စကားများလည်း သူ့ကိုသာ ဖောင်ဖွဲ့လို့ရလောက်အောင်ပြောစေချင်သည်
ဆရာ့ထမင်းဘူးထဲမှ ထမင်းများကိုလည်း သူသာဆရာနှင့်အတူ စားချင်သည်
တစ်ခါတစ်ရံ ဆရာမုန့်ထွက်စားလျှင်လည်း သူလိုက်ပါချင်မိသည်
ဆရာ ဘယ်သွားသွား ဘာလုပ်လုပ် မိမိနှင့်သာ ဖြစ်စေချင်နေမိသည်
သူ ဆရာ့အပေါ် မည်ကဲ့သို့ ခင်မင်တွယ်တာမိသည်
ဆရာ့ အပေါ် သူ၏ခံစားချက် အစရှိသည်တို့သည်တို့သည်
မည်သို့မည်ပုံရှိမည်ကိုတော့ သူခန့်မှန်း၍မရ
သူအတပ်ပြောနိုင်သည်ကတော့
ဆရာ့ အပေါ်တွင်ရစ်တွယ်နေမိသော သံယောဇဉ် ကြိုးကတော့
သုံးလွန်းတင် ကြိုးတစ်ချောင်းကဲ့သို ခိုင်ခံနေပြီဆိုတာကတော့
အသေအချာပါပဲ

"လာကြိုတယ်ဆိုတော့ စိတ်ဆိုးပြေသွားပြီပေါ့"
သူ့ပခုံးပေါ်ကို သွယ်လျှရှည်လျားသော လက်ချောင်းကလေးများနှင့် ပုတ်ခတ်လိုက်ကာ
ဆရာကသူ့အားမေးလာလေသည်

"ကျနော် စိတ်မဆိုးပါဘူး စိတ်မကောင်းဖြစ်တာ"
ဟုတ်တယ် သူ့ထက်သာဆိုတဲ့ငါက ဆရာ့နှင့် သူ့တူကို သဝန်တိုရအောင်လည်း
ဆရာနှင့်သူသည် ဆရာနှင့်တပည့်ဆိုသည့်ဆက်ဆံရေးသာ
စိတ်ထဲမှာတော့ ဆရာ့ သူဆိုင်ကယ်နောက်မလိုက်တာ တော်တော်လေးခံရခက်သည်
မိမိသာပိုင်သည့် အရာတစ်ခုကို လုယူသွားသကဲ့သို့ပင် ခံစားနေရသည်
သို့သော် ထူးဆန်းလှသည့် အမည်မတက်ရဲသော ထိုခံစားချက်
စိတ်မကောင်းဖြစ်သည်ဟုသာ
ခြုံငုံပြောရသည့် ခံစားမူဟုသာ ဆရာ့ထံဝန်ခံ ဖြောင့်ချက်ပေးမိသည်

"ကဲပါ ကျောင်းသွားမယ် ထက်သာရာ စိတ်လည်းမဆိုးနဲ့ စိတ်မကောင်းလည်းမဖြစ်နဲ့"
သူ့အားခပ်ပြတ်ပြတ်စကားတစ်ခွန်းနှင့်
သံယောဇဉ်ကြိုးတစ်ချောင်း ထပ်ပြီး ရစ်ပတ်သွားပါလား
လွန်းတေည်ဝင်ဆိုသည့် လူသား၏
ဘုဆပ်ဆပ်အပြော
မကြည်တကြည့်အကြည့်
ခပ်တန်တန်းရင်နှီးမူ
များသည် သူ့အပေါ် နှောင်ကြိုးများသဖွယ် တစ်ချောင်းပြီးတစ်ချောင်းထပ်ထပ်ရစ်ပတ်
နေလေတော့သည်

အတ္တမကိုဋ် Where stories live. Discover now