မေဦး
ဆယ်တန်းတစ်တန်းလုံးရှိ မိန်းကလေးများထဲတွင်
အလှဆုံးသူတစ်ယောက်ဖြစ်သလို
အဆင်းပဲရှိပြီး အချင်းမရှိသူတော့မဟုတ်
အတော်ဆုံးသူတွေထဲမပါတောင် သူ့တိုအနောက်တော့ ထပ်ကြပ်မကွာ လိုက်နိုင်ပါရဲ့
Top 10 ပြီးရင် Top 11 နေရာလောက်ကပေါ့
မျိုးရိုးအစဉ်အဆက် ချမ်းသာလို့ အရာရာပြည့်စုံတဲလို့ ပြောမရဘူးဆိုရင်တောင်
လိုအပ်ချက်မရှိသလောက်ရှားသူထို့အပြင်
သူမကို သက်တူရွှယ်တတူ ဆယ်ကျော်သက်ကောင်လေးတွေထဲ
နာမည်ကြီးစေတာကတော့
သူမရဲ့ အနေမှန်မှုလို့ပြောရမလား ဘယ်ယောကျာ်းလေးမှ
စိတ်မဝင်းခဲ့တာ ဘယ်သူရဲ့ ပိုးပန်းမှူကိုမှ မကြွေခဲ့သူ
ယောကျာ်လေးအများစုအတွက်တော့
သူမဟာ ကိုယ့်ကိုယ်ကို ဆူးတွေနဲ့ကာကွယ်ထားတဲ့
"နှင်းဆီနီနီတစ်ပွင့်"
သူ့ထက်သာဆိုတဲ့ ဒီပုရိသကတော့ မေဦးဆိုတဲ ကျွန်မဟာ
"မြေမှာခနေတဲ့ ဧကရာဇ်ပန်းတစ်ပွင့်"
အဆင်းလှသလို ရနံ့လေးဆူဆူးရှိတဲ့သူ
တစ်စုံတစ်ယောက်ကို စိတ်ဝင်စားတယ်ဆိုတာ မေ့အတွက် ကိုထက်ကပထမဆုံးဘဲ
ဘယ်သူကိုမဆို ငြင်းလွှတ်ရတာကို သဘောတွေ့မိနေတဲ့
မေဦးဆိုတဲ့ကျွန်မဟာ သူ့ထက်သာကို ဘယ်အတွက်ရယ်ကြောင့်
ဒီလောက်အထိ စိတ်ဝင်စားသွားရတာလဲ
ရှေးရေစက်လား
ရေစက် ရေစက်ဆုံတာလား
ရေစက်ဆိုတဲ့ ကံကြမ္မာကိုဆွဲငင်ပြီး ဖူးစာဆိုတဲ့ ကံတရားအသစ်
ဖန်တီးလိုက်ချင်ပါရဲ့
မိန်းမသားတစ်ယောက် မိန်းမပျိုတစ်ယောက်မို့
အိနြေ္ဒဆယ်နေရပေမဲ့ တကယ်ကိုယ်သဘောကျမိတော့
ချစ်မိသွားတော့ မိန်းမသားဆိုတာမျိုးက
ဘယ်လိုသဘာဝရှိတယ်ဆိုတာ
"မဆွတ်ခင်က ညွှတ်ချင်တယ်တဲ့"
ရောက်ရာ ပေါက်ရာ အတွေးများကို အကွပ်အထိန်း ကင်းမဲ့လျှက်
တောင်ကျချောင်းစီးသလို ရှိန်အဟုန်ပြင်းစွာ
တွေးရင် ချစ်သူအသစ်စက်စက်
သူ့ထက်သာ လာကြိုမည်ဟု ယုံကြည်သဒ္ဒါလွန်ကဲစွာစောင့်နေမိပါသည်
လာကြိုမည်တော့ ထင်မိပါသည်
နှစ်ဦးသဘောတူ တွဲရန် စတင်ဆုံးဖြတ်ပြီးကတည်းက နေ့စဉ်မပြတ်လာခေါ်ပေးသည်
ထို့အတွက် စောင့်နေမိသည်သူ့ထက်သာ
မနေ့က ဆရာနှင့်ငြိမ်းချမ်းရေယူလိုက်သည်မို့
အလွန်ပင် နေလို့ထိုင်လို့အဆင်ပြေလှပါသည် ဆရာနှင့် အဆင်ပြေသည်မို့
ရိုးရာမပျက် ထုံးစံမပြယ်
ဆရာ့အိမ်ရှေ့ ၈နာရီ မခွဲခင်ရောက်လာပေတော့သည်
၈နာရီမခွဲသေးဘူးဆိုတော့ ၈နာရီဝန်းကျင်တွင်လည်းမဟုတ်
နာရီလက်တံကလေးသည် မှတ်တိုင် ၇ မှ မှတ်တိုင် ၈ ဆီသွားရန်
မိနစ်လက်တံသည် ၃၆ဝ၀သော စက္ကန့်များဖြတ်ကျော်လာသည်မှာ
စက္ကန့်ပေါင်း ၉၀၀ ကျော်ရုံမျှလေးသာ
တစ်နည်းဆိုရသော်
၇နာရီနှင့် ၁၅မိနစ်သာရှိသေးသည်
ဆရာ ဟင်းချက်နေသည်ကို ဘေးကနေနှောက်ယှက်ရသည်မှာ
ဘယ်လိုမှ ဖန်တီးမရနိုင်သည့် ပျော်စရာတစ်ခုပင်
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်