အတ္တမကိုဋ် အပိုင်း ၁၂

135 14 0
                                    

သူ့ထက်သာ

မနက်မိုးလင်းကတည်းက မေဦးကိုပို့ပေးရမှာထက်
ဆရာ့ကိုသာ ကျောင်းပို့ပေးမည့်ကိစ္စကသာ ခေါင်းထဲရောက်နေသည်
တဖက်လူအတွက်အားနာစရာဖြစ်လောက်အောင်
ဆရာနဲ့ပတ်သက်လာရင် မိမိဘက်က အကဲပိုနေမိသည်ဟုထင်မိသည်
ထို့အတွက် မေဦးဆီစောစောသွားကြိုကာ ကျောင်းဝ၌ချပေးကာ
စာအုပ်ကျန်ခဲ့သည်ဆိုကာ
ဆရာအိမ့်အလာ ဆရာတို့အိမ်ရှိရာလမ်းထိပ်အရောက် ဆိုင်ကယ်ဘီးက ထပေါက်သည်
ဆိုင်ကယ်ပြင်ဆိုင်အရောက်အမြန်တွန်းရပြန်သည်
ဆိုင်ရောက်တော့ ဆိုင်ကယ်ပြင်ဆရာက ဘရိတ်ကပ်နေဆိုလားပြော၍
ဆက်ပြင်လိုက်ရာ ၁၀နာရီထိုးခါနီးပါးဖြစ်နေသောကြောင့်
ကျောင်းအကို အမြန်ပြေးလိုက်ကာ
ဂိတ်ပေါက်စောင့်နေသည်က ရင်းနှီသော ဆရာမဖြစ်သောကြောင့်
ဆရာလာ မလာမေးရင်း အကျိုးအကြောင်းပြောကာ
ဆရာ့အိမ်ဆီအပြေးလိုက်လာခဲ့သည်
နေမကောင်းမဖြစ်သော်လည်း ကျောင်းမလာသည်ဆို ဆရာ့မှာ
တစ်ခုတစ်စုံ တော်တော်အဆင်မပြေသည်မို့ဖြစ်မည်ဟု
စိတ်ပူကာလာခဲ့သည်

ကျနော့်အားတွေ့သည်နှင့် ဆရာမျက်နှာတွေ့ရခဲသည့် အပြုံးတစ်ခုသည်
ကျနော်အမြဲမြင်ရစမြဲ ဖြစ်၍ လောဘကြီးစွာမြင်ချင်မိသည်
သို့သော်ငြားမမြင်ခဲ့ရသည်မို့
စိတ်ထဲဒေါသက အနည်းငယ် စွတ်လာမိသည်
နေမကောင်းသည်ထင်ကာ မေးကြည့်ပြန်တော့လည်း
ဟက်ဟက်ပက်ပက် တုံ့ပြန်လာသည်မရှိသည့်အတွက်
ရည်းစားစာမိသည့် ကိစ္စများနှင့် စိတ်ဆိုလေသည်ထင်မှတ်ကာ ချော့ရန်ကြိုးစားသည်
သူ့လက်ချောင်းသွယ်သွယ်တွေကို
မလွှတ်ပဲကိုင်လိုက်သည့်အပြစ်က ကျနော့် ပါးပြင်းကိုရိုက်ခတ်ရလောက်အောင်
ကြီးမားသွားသည်လားမသိ
မွေးကင်းစမှ ယနေ့အသက် ၁၆ ကျော် ၁၇ ထဲရောက်သည်အထိ
အမေ အဖေ သာမက အဘိုး၊အဘွား၊ဦးလေး၊အဒေါ်များက လက်ဖျားနဲ့တောင်
မတို့ရက်သည့် ကျနော်အား သူရိုက်ရက်လေသည်
အစောပိုင်း ဒေါသများချုပ်မနိုင် ထိန်းမရအောင်ထွက်လာသော်ငြား
သေချာပြန်လည် ဆန်းစစ်ကြည့်တော့
သူစိတ်ဆိုးဒေါသထွက်မိသည် ထက် စိတ်မကောင်းဖြစ်ကာ
ခံရခက်သည် မိမိဘက်မှ အမျိုးမျိုးအလျော့ပေးကာ ကောင်းပေးခဲ့သမျှဟာ
ကျနော့်အပေါ် ဆရာရင်းနှီးပြဖို့အတွက် ဘာမှမဟုတ်ဘူးလား
မနက်ဖြန်မှစပြီး ကျနော်လည်းဆရာ့ရှေ့ပေါ်မလာတော့ဘူး
ဆရာလည်းကျနော့်ရှေ့ပေါ်မလာအောင်နေပေးပါ
ဆရာ့ကိုဆက်ပြီးသည်းမခံတော့ဘူး
ကျနော် ဘယ်လောက်ပဲ ကောင်းပြကောင်းပြ အရာထင်မှာမှမဟုတ်တာ

အတ္တမကိုဋ် Where stories live. Discover now