"ဟော တော်တော်လေး ပြန်လာပြီလား"
ထိုင်ရာကနေလှမ်းနှုတ်သောဖေဖေအား လွန်းကန်တော့လိုက်သည်
"ကျမ်းမာပါစေ ချမ်းသာပါစေ သူတော်နဲ့တွေလို့သူယုတ်နဲ့လွဲပါစေ"
"ဖေဖေ မဘုရားကော ညစာကော"
"ပြီးပြီ သီရိက နောက်ဖေးမှာ အသီးသွားခွဲတယ်"
မြန်မာနန်းစဉ်တွေထဲကတစ်ခုကတော့ ကြီးသူကိုရိုသေ
မိဘနှစ်ဦးခုံပေါ်မှာထိုင်နေရင်တောင် အနားကို လမ်းမလျှောက်ဘဲ
ဒူးထောက်၍ပဲဖြစ်စေ လေးဘင်ထောက်တွာသွားပုံစံလေးပဲဖြစ်စေသွားကြပါ်
အပြင်သွား ပြန်လာသည့်အခါမျိုးတွေမှာ ကန်တော့ရသည်
ဘုရား ထူးတာမျိုးတွေဟာ လွန်းတို့အိမ်ရဲ့ သံမဏိစည်းကမ်းတွေပေါ့
မိဘနှစ်ပါး အကြီးအကဲတွေက စားလို့မပြောမချင်း မစားတာမျိုးတွေသည်
ချစ်စရာကောင်းသော တော်ဝင်မိသားစုရဲ့အလေ့အထ
"တော်တော်လေး ဟိုကလေးရော အဆင်ပြေရဲ့လား စာမေးပွဲကတော့မဖြေတော့ဘူးပေါ့"
"စာမေးပွဲကတော့ ဖြေမှာမဘုရား လူကတော့ဒဏ်ရာရသွားတယ်"
"အေး မိဘနဲ့သားသမီး အဆင်ပြေအောင်ညိုနှိုင်းကြပေါ့"
"ဟုတ်ကဲ့"
"ကဲကဲ ရေသွားချိုး ဘုရားဝတ်ပြုပြီး အိပ်တော့လေ ပင်ပန်းနေရောပေါ့"
"မဘုရား ဘာများချက်သေးလဲ"
"စားပွဲမှာ အဆင်သင့်ခူးခပ်စား သွားရေမြန်မြန်ချိုး"ပင်ပန်းနေသမျှ ရေလေးထိလိုက်ရတော့ လန်းဆန်းလာစေသည်
ထက်သာနဲ့တွေ့နေတုန်းကတော့ ဘယ်နားရောက်နေမှန်းမသိသော
ပင်းပန်းမှုတွေကို အခုမှဘဲ ရေအေးအေူနဲ့ဖျောက်ပစ်နေရသည်
အရမ်းကံကောင်းသော မိမိဘဝကို ပြန်လည်ကာဂုဏ်ယူမိသည်ဆိုပါတော့
မင်းချစ်တာထက်မကျော်တောင် မင်းချစ်တာထက်မလျော့သော ချစ်ခြင်းနဲ့တော့ချစ်မိနေ
ပါတယ်ဆိုယုံပေးမယ်ထင်ပါသည် မပူပါနဲ့ထက်သာ
မင်းလက်ကိုငညမကိုင်ချင်ရင်တောင် ငါ့ကိုယ်တိုင်ပဲကြိုးနဲ့ချည်ပေးမှာပါ
ငါ့ဘဝရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ထာဝရအမြဲတမ်းချစ်သွားရမယ်သူပါကွာ
အဲလိုလူဖြစ်အောင်လည် ငါကြိုးစားမှာပါရေမိုးချိုးပြီးတော့ ထက်သာကိုပဲစိတ်ထဲမှာသတိကရနေသေးသည်
သို့ပေမယ့်လည်း မိုးထက်ကိုလည်း မမေ့
ဖုန်းနံပါတ်တွေကိုလည်း စာအုပ်လေးနဲ့လုပ်ထားမှပါလေ အခုဖုန်းကတ်လေးပျက်
သွာလေးတာလောက်တောင် ဘယ်လိုဆက်ရမယ်မသိတော့
ထားလိုက်ပါတော့ကွာ မနက်ကျမှပဲတစ်ခါတည်းပဲသွားလိုက်တော့မယ်
စာတွေလည်း လုပ်နေမယ်မထင်ပါဘူး
အနာရှိန်နဲ့အိပ်နေမယ်ထင်တယ်................
အခန်းလေးထဲဝင်လာကာ ပစ်ထားခဲ့သော ဖုန်းလေးကို ကောက်ကိုင်လိုက်သည်
နောက်ကျောကနေ ခိုးရိုက်ထားသော ထိုပုံလေးကို wallpaper ထားသည်မှာ
အနည်းငယ်ပေါကြောင်ကြောင်နိုင်နေမယ်ဆိုတာသိပေမယ့်လည်း
သူကတော့ အရမ်းနှစ်သက်ပါသည်
ချစ်ရသူရဲ့ နောက်မှာရှိနေချင်သည်ဟူသော သဘောလေးနဲ့ပေါ
သီချင်းလေးကိုဖွင့် နားထဲနားကြပ်လေးထည့်ကာနားထောင်နေလိုက်သည်
မြန်မာသံအေးအေးတွေနားထောင်နေကျဆိုပေမဲ့လည်း
တစ်ခါတစ်လေတော့ နိုင်ငံခြားသီချင်းလေးတွေ မြန်မာသီချင်းလေးတွေကိုလည်း အလှည့်
ကျစီစဉ်နားထောင်တတ်သော လွန်းတစ်ယောက် သီချင်းလေးနဲ့
ငြိမ့်ညောင်းမည်ပဲပင်ရသေးတယ်
မဘုရားက ဖုန်းလာနေတယ်ဟု ခေါ်နေသည်မို့ ကြုံးရုံးထလာရပြန်သည်
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်