အတ္တမကိုဋ် အပိုင်း ၂၁

151 18 0
                                    

မိသားစု ထမင်းဝိုင်းဆိုတာ ရင်နှီးမှုတွေက မွေးဖွားလာသောအရာကြီးတစ်ခု
မိသားစုများတွင် လက်ဆုံစားချင်းဆိုသည်မှာ
ရင်းနှီးမူ နှီးနှောဖလှယ်ပွဲကြီးဖြစ်သည် ချစ်သူများအချင်းချင်း ဘဝအခက်အခဲများကို
ရင်ဆိုင်နိုင်ရန် အားအင်အချို့ကိုလည်း ပေးတတ်သော ထမင်းဝိုင်းသည်
တန်ဖိုးရှိလှပါသည် လွန်းလည်း ထက်သာ၏မိသားစုနှင့်
မဆိုသလောက်တော့ ရင်းနှီးလာသည်ဟု ခံစားရပါသည်

ထမင်းစားသောက်ပြီးတော့ လွန်းနဲ့ ထက်သာ
အခန်းလေးဆီပြန်လာခဲ့ကြသည်
ဒီတစ်ခါတော့ ဆင်ခြင်မှ တော်ပေမည် ဘယ်လောက်ထိ
ချစ်တယ်ဆိုတာ နှစ်ယောက်သားသိပေမယ့် အမြဲလိုလိုကြည်နူးနေရအောင်
ဘဝကစိတ်ကူးယဉ်ဆန်တွေးကြည့်ရုံနှင် ရလာနိုင်သည့်
အရာမျိုးမဟုတ် ကံ ဥာဏ် ဝီရိယ သုံးမျိုးလုံး ဘက်ညီညီကြိုးစားတောင်
ကျရှံးမှုတွေက ကြုံဆုံတွေ့ရစမြဲ
ဒီပညာတွေကတော့ ပြသနာတွေကနေ တစ်စိတ်တစ်ဒေသလောက်တော့
ဖယ်ထုပ်ရှင်းလင်းနိုင်ပါသည်
စာတွေကို ပေါ့ပေါ့ရော့ရော့လုပ်နေတာမျိုးကို မဖြစ်စေချင်ပါ
တစ်ခါတစ်လေမှာ ချစ်သူတွေဟာ စိတ်အလိုလိုက်တတ်ကြတာကြောင့်
အခက်အခဲကီးငြီးမားမားတွေကြုံတာကနေ
နောက်ဆုံး ဝေးကွာသွားသည်အထိ ဖြစ်ပျက်နေကြဆဲ
ဖြစ်နေကြသည် ခို့သို့ဖြစ်ပျက်သည်မျိုးကို တားဆီးရန့် လွန်းကြိုးစားရမည်
အသက်ကြီးသူဖြစ်သည့်မိမိကပဲ
ဦဆောင်ကာ စည်းထုပ်ရမည် ကြိုးစားမည် ဆုံးဖြတ်ရမည်

တစ်ခါတစ်ရံ အနမ်းတွေက တက်မက်မူတွေကိုမွေးထုပ်ပေးသည်
ထို့အပြင် ထပ်ဆင့်သော တက်မက်မူများလည်းပါလာသည်
မူလ တက်မက်မူ မှာ အနမ်းတွေရဲ့ ချိုမြိန်မှုတွေကိုသာသိပေး သတင်းပေးပေမဲ့
ထပ်ဆင့်တက်မက်မှုမှာတော့ အခြားခြားသော ချိုမြန်မှုတွေ
ဖြတ်ရခက်တဲ့ ကြိုးတွေ
သံယောဇဉ်ကြိုးဟာ ဖြတ်တောက်ပစ်ရနိုင်ကောင်းသော်လည်း
တက်မက်မှုကြိုးကတော့ ဖြတ်ရန်အလွန်ခက်သည်
ချည်နှောင်ပြီးမှ နောင်တရစေတတ်သည့် ကြိုး
ဘာနဲ့မှ ဖြတ်မရတဲ့ ဆက်နွယ်ပက်သက်မှုတွေကို ကြိုးအချောင်းချောင်းနဲ့ ချည်ပေးသည်
ထို့ကြိုးလေသည် ခိုင်မာလွန်း၍ ချစ်သူနှစ်ဦးကြား
မဖြစ်မနေ ရစ်နှောင်ရပေမယ့်
ယခုတော့ အချိန်စောသေးသည်
နောက်ထပ်တစ်ကြိမ်သတိလက်လွတ်မဖြစ်ရလေအောင်
စာလုပ်နေသောထက်သာအား
"ပြောစရာရှိတယ် စာတွက်ရင်းနားထောင်နော်
ကိုနဲ့မင်းနဲ့ အနေအထိုင်နဲနဲလောက်ဆင်ခြင်သင့်သလားလို့ပါ
မင်းကလည်း အခုမှ ၁၇ပဲရှိသေးတယ်
မဟုတ်ရင် မင်းထက်အသက့အများကြီး ကြီးတဲ့ငါက အနေအထိုင်မတတ်သူဖြစ်ရ
တော့မယ် အဲ့တာကြောင့် "
"လွန်း..... ကျနော် စကားဖြတ်ပြောမယ်
ကျနော်လည်း စောစောကမရည်ရွှယ်လိုက်ပါဘူး ရုတ်တရက် မထိန်းနိုင်လို့သာ
နောက်မဖြစ်စေဘူး လွန်းမကြိုက်တာ မလုပ်ဘူး"
"မကြိုက်လို့မဟုတ်ပါဘူး"
"ဒါဆို ကြိုက်တယ်ပေါ့ ကြိုက်တာများဗျာ"
"တွေ့လား စကားအကောင်းပြောနေတာကို
အတိုင်းအတာတစ်ခုလောက်ပဲ အခု ငါကမင်းကို စာပဲဖိလုပ်စေချင်တာ
စာမေးပွဲကအရမ်းကပ်နေပြီ"
"အင်းပါ စိတ်ချ လွန်းဖြစ်စေတဲ့ချင်သလိုဖြစ်စေရမယ်
အခွင့်အရေးတစ်ခုတော့ပေး"
"ပြော........."
"ပှံမှန် နန်းတာလောက်တော့ ခွင့်ပြုပေးနော်"
"အင်း....အင်း...စာကြည့်တော့
ဘေးမှာစောင့်နေမယ်"

အတ္တမကိုဋ် Where stories live. Discover now