"ဖွားနဲ့ တီတီကြီးကို သားပြောပြမယ်
ကျနော်နဲ့ ဆရာနဲ့ ကြိုက်နေတာကြာပြီ ပြီးတော့ ကျနော်လည်းမခြာက်သလို
ဆရာကလည်း ယောကျာ်းပဲ""ကျနော့်က ဆရာ့ကိုချစ်သလို ဆရာကလည်းကျနော့်ကိုချစ်တယ်ဗျာ
ပြီးတော့ ကျနော်တို့ချစ်တာ ယောကျာ်းနဲ့မိန်းမချသ်သလိုပဲဗျာ
ဘဝတစ်ခုလုံးအတွက်ရည်ရွယ်ထားတာ
ချောလို့ လှလို့လည်းမဟုတ်ဘူး အကြောင်းပြချက်မရှိဘူးဗျာ""ပြီးတော့ လွန်းနဲ့ကျနော့်ကို ခွဲထားခဲ့ရင်လည်း ကျနော်ကိုကျနော်သတ်သေပစ်မှာ"
လွန်း ထက်သာအဖွားနဲ့စကားပြောနေချိန်ထက်သာရောက်လာသည်ကိုတော့
သိလိုက်ပေမဲ့ နိုးလာလာချင်းကြားနေရသည်က
ထက်သာရဲ့ သတ္တိရှိသော စကားများ
စကားလုံးတစ်လုံးချင်းစီတွင် ခွန်အားများပြည့်ဝနေပေမဲ့လည်း
လူကြီးမိဘတွေကို ဒီလိုပြောနေတာတော့သူတားသင့်သည့်အတွက်
ထက်သာရဲ့အင်္ကျီစလေးကိုဆွဲလိုက်ကာ
"ထက်သာ...စကားကိုအဲ့လိုမပြောနဲ့လေ"
ရှိသမျှသောအားကုန်သုံးကာ လွန်းထလိုက်သည်
"လွန်းမထနဲ့လေ နေလည်းမကောင်းဘဲနဲ့ကို"
"ရပါတယ် ဒီလောက်ကတော့""ဖွားဖွားရေ တီတီကြီးကိုရော ကျနော်အရင်တောင်းပန်ပါရစေ
ကျနော်ကအကြီးတစ်ယောက်အနေနဲ့သေချာပြောခွင့်ပြုပါ
ကျနော်ကလည်း ယောကျာ်းတစ်ယောက်ပါပဲ ထက်သာကတော့
အဖွားတို့ တီတီတို့ပိုသိမှာပါ
ယာကျာ်းနှစ်ယောက်ကြားမှာ ပေါ်လာတဲ့ ချစ်ခြင်ကနားလည်ရ လက်ခံရခက်တယ်
ဆိုတာကျနော်လက်ခံပါတယ် ကိုယ်တိုင်ဖြစ်တဲ့ကျနော် အတုံးအရုံး
လဲကျခဲ့ပြီးမှ လက်ခံခဲ့တာပါ ဖွားတို့ကို ကျနော်နဲ့ထက်သာကို
ချက်ချင်းလက်ခံပေးဖို့ မတောင်းဆိုဝံပါဘူး
ဒါပေမဲ့ ကျနော်နဲ့အတူရှိနေရင်ခက်သာပျော်လားမပျော်လား
သူ့အတွက်သင့်လျော်လားတော့ ကြည့်ပေးပါ
ပြီးမှလက်ခံသင့်ရင် လက်ခံပေးပါ လက်မခံချင်လည်း လက်မခံပါနဲ့
ကြိုးစားခွင့်လေးတော့ပေးပါ""တီတီကြီးကတော့ သားငယ်လေးသဘောကျရင်အဆင်ပြေတယ်
နူနူရွဲရွဲလည်း လက်ခံရမှာဘဲ
အခုဆ်ု ထက်သာကတအားကိုပြောင်းလဲသွာတာလေ တီတီကြီးကတော့
သဘောတူတယ်တော့မပြောသေးပေမဲ့ ငြင်းလည်းမငြင်းဘူး
သားလေးအဆင်ပြေနေဖို့ဘဲ"
YOU ARE READING
အတ္တမကိုဋ်
Romantikဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်