အတ္တမကိုဋ်အပိုင်း ၃

286 24 0
                                    

သူ့ထက်သာတို့ အိမ်ထဲရောက်သည်နှင့်
ဦးတော်မျိုးဆက် ကဖော်ဖော်ရွှေရွှေ နှုတ်ဆက်လာသည်

"လာကြ လာကြ ငါ့ညီတို့လာမယ်ဆိုလို့မျှော်နေတာ"
"ဝတီရေ ဧည့်သည်တွေ ရောက်ပြီ""  
"တော်တော်ရေ လက်ဖက်ပွဲလေးယူသွားပါကွယ်
မဘုရားက ရေနွေးဘန်းနဲ့မို့" 

လွန်းမဘုရားအားပြုံးပြကာ လက်ဖက်ပွဲလေးယူ၍ ဧည့်ခန်းလေးဆီ

"ဒီကောင်လေးက ဘာလာလုပ်တာလဲ
ဖေဖေပြောတဲ့ စစ်တပ်က ဖေဖေ့သူငယ်ချင်းမိသားစုကလား"
လွန်းတစ်ယောက် သူ့အားဂျပုခေါ်ထားသည့် ကလေးအားကြည့်မရ
မမြင်ချင်ပါဟု စိတ်ဆုံးဆုံးချထားကမှ ဒင်းကအိမ်ပေါ်ရောက်လာသည်

သူ့ထက်သာ တစ်အိမ်လုံးအကဲခပ်ကြည့်ရှူပြီးနောက်
ဘဘ ခေါ်သောကြောင့် ထွက်လာမည့် ဘဘဇနီးအားစောင့်မျှော်နေစဉ်
လက်ဖက်ပွဲကိုင်ကာ စားပွဲဝိုင်းဆီလာနေသော OT

"သားငယ် မင်းမဘုရားကော""
"လာနေပြီဖေဖေ""

သူ့ထက်သာစိုးထိပ်နေမိသည်
OTသာ ဘဘကြီးသားဆို ဖေဖေသူ့အတွက်ခေါ်ထားသည့်
မြန်မာguide သည် OTပင်ဖြစ်လိမ့်မည်ဟု
ကိုယ့်ဘာသာ ယေဘူယျ ဆုံးဖြတ်ချက်ချလိုက်သည်
သို့သော်ငြား OT ၏ ဖေဖေ ဟူသောဝေါဟာရက
တိတိကျကျ အဖြေတစ်ခုပေးလေသည်

"သုံးဆောင်ကြပါရှင်"
OTချောနေသည်မှာ ဘဘ၏ ဇနီးထံမှ အမွေရထားခြင်းပင်
OTသည် ဖခင်နှင့် လာလားမျှမဆိုင် မိခင်တစ်ယောက်တည်းမွေးထားသည်ဟု
ထင်မှတ်ရအောင် မအေတူသားဖြစ်သည်

"တော်တော်လေး ရေးပုံးနဲ့ ဘာလုပ်မလို့လဲကွယ်"
"ငါးကန် ရေသွားလှည်မလို့ မဘုရား ဘာများလို လို့လဲ"
"မလိုပါဘူးကွယ် မြန်မြန်လုပ် မိုးအေးတယ်"

ဒါ အကိုးကြီးရဲ့သား ကျောင်းဆရာလေးလား
ငယ်သေးတယ်နော် ဦးနေနိုင်မေးလိုက်သည်
ဦးနေနိုင့် အမေးကို ဦးမျိုးဆက်က
မငယ်တော့ပါဘူး အသက်အစိတ်ဖြစ်နေပြီ
လူကောင်းသေးသလိုပဲနော်အကိုကြီး
ရှင်ကလည်းတော် ရှင့်သားကသာ ထန်းပင်နီးနီးဖြစ်နေတာပါ
ဦးနေနိုင် ဝေဖန်မှုကို ဒေါ်နီလာလွင်က ချေပလိုက်သည်

အတ္တမကိုဋ် Where stories live. Discover now