ထက်သာလည်းပူထူနေသလို ဖေဖေလည်းအနားကနေမခွာနိုင်
ဖွားကလည်း ဘုရားစာတွေရွှတ်နေတာစုံနေလေပြီ
တီတီကြီးကတော့ မေမေ့အတွက်စားစရာတွေ ပြင်ဆင်နေလေသည်
အကုန်လုံးမေမေသတိရလာတာကိုစောင့်နေလေကြသည်
တစ်နာရီကျော်လောက်စာင့်နေပြီးတော့
မေမေသတိရလာသည်..................."ထက်သာ သားလေ.........သာ............"
"မေမေ ကျနော်ရှိတယ်လေ......"
"မေမေ တောင်းပန်ပါတယ်သားရယ် သားလေးခံစားရမယ်ဆိုတာ မေမေသိသိရက်နဲ့"
"ရပါတယ် မေမေရယ် မေမေသာ ကျနော်ရဲ့ညီလေးကို ငေချာစောင့်ရှောက်"
"ဟန်..............""ဟုတ်တယ် ညီမရဲ့ ညီမမှာကိုယ်ဝန်ရှိနေပြီတဲ့"
"ဟုတ်လို့လားအကိုရယ်............""ဟုတ်တယ် မေမေရဲ့ စောစောကပဲ ဆရာဝန်ကိုယ်တိုင်ပြောသွားတာ
လေးပတ်ထဲရောက်နေပြီတဲ့......................"
"အဲ့တာတွေကို ထားပါဦး သားလေးကို မေမေဘာလုပ်ပေးရမလဲ"
"မေမေကသားနဲ့ လွန်းကိုသဘောမတူဘူးမဟုတ်လား မေမေစိတ်ချမ်းသာအောင်ထားဖို့
ဆရာဝန်ကမှာသွားတာ် မေမေဖြစ်စေချင်တဲ့အတိုင်းပါ""အကို မနက်ဖြန်မနက်ကျရင် မမသီရိတို့ဆီမှာ သားနဲ့လွန်းအတွက်စကားသွားပြောမယ်"
"ဟိုလေ နီလာ အကိုတော့ သဘောမကျဘူးနော်"
"အို.....သဘောကျကျမကျကျ သားလေးစိတ်ချမ်းသာဖို့ကအရေးကြီးတယ်"
"အေးပါကွာ မင်းသဘောပါ..........""မေမေ တကယ်ကြီးပြောတာလား"
"တကယ်ပေါ့သားရယ် မေမေ့သား သူ့ထက်သာပျော်ဖို့က မေမေ့အတွက်အရေးအကြီးဆုံး
ဖြစ်နေပြီ မေမေ့ရဲ့ကလေးတွေ သိတ်ချမ်းသာဖို့ပဲ မေမေဦးစားပေးတော့မယ်"
"အဲ့ဒါဆိုလည်း ဖုန်းလေးတော့ ပြန်ပေးကိုင်ပါ
ကျနော် လွန်းကိုဖုန်းဆက်ချင်နေပြီ မတွေ့ရ မမြင်ရတာ တော်တော်ကြာနေပြီ""အမလေး တူလေးရယ် ဖြေးဖြေးသာသာလုပ်ပါဟဲ့
နင့်ဟာနဲ့နင့်ကို သဘောတူလိုက်ကြပြီပဲ ပိုကိုပိုတယ် သားကိုအဲ့တာကြောင့်ပြောကြတာ"ပျော်လိုက်တာဆိုတာလေ ထက်သာထပြီးခုန်ပေါက်မိသည်အထိ
လွမ်းနေလိုက်ရတာ လွန်းရယ်
မကြာခင်တွေ့ခွင့်ရတော့မှာပါ ဖုန်းဆက်ရင်ကောင်းမလား
မဆက်ရင်ကောင်းမလား မဆက်ဘဲ မနက်ကျမှဘဲ အံ့ဩသွားအောင်လုပ်ရမယ်
ဒီတစ်ညဘဲ ဆက်ခွဲလိုက်ကြရအောင်ကွာ
ဒိတစ်ညကျော်လွန်ပြီးရင် တစ်သက်လုံး နီးစပ်ခွင့်ရတော့မှာပါ
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်