ဝေယံ အိပ်ပျော်သွားလိုက်တာ ဖုန်းသံကြားတော့မှဘဲနိုးလာသည်အထိ
"ဟဲလို......"
"ဟျောင့် ဝေယံ မင်းဘယ်မှာလဲ တောင်အောက်ရောက်နေပြီလား
ဖုန်းခေါ်နေတာလဲ အခုမှကိုင်တယ်....."
"အေး ထက်သာ သူငယ်ချင်း ငါရောက်နေပြီ"
"မင်း ဟာနောက် မင်းလိုက်ရင်း ဘယ်ပြာပုံတိုးဝင်နေတာလဲ ဟျောင့်
မင့်းဟာက ပြန်သွားပြီလေ................."
"ထက်သာ မင်းငါ့ကို လာနောက်မနေနဲ့ ငါသူနဲ့အတူတူရှိတယ်"
"စိတ်ကူးယဉ်နေတာလား..ယသားကြီး တစ်နာရီလောက်ရှိပြီ လွန်းကိုလာနှုတ်ဆက်
ပြီးပြန်သွားတာလေ ပြီးတော့ သူနိုင်ငံခြားသွားတော့မှာလေ"
"ဟျောင့် မင်းတကယ်ကြီးပြောနေတာလား"
"အေးလေ မင်းမသိသေးတာလား"
"အေး.အေး.သူငယ်ချင်း ဖုန်းချလိုက်တော့မယ် ငါပြန်လာခဲ့မယ်"
"အေး"ဝေယံ ဂမူးရူးတူးထလိုက်တော့ ပစ်ချထားလိုက်သော
အဝတ်အစားတွေပြန့်ကျဲမနေဘဲ အစီအရီလေးရှိနေသလို
ဘေးနားမှာလည်း စာရွှက်ကလေးတစ်ရွှက်"ခင်ဗျား စောင့်မယ်မဟုတ်လား
တစ်နေ့တော့ ခင်ဗျားဆီပြန်လာနိုင်မျာပါ စောင့်နေမယ်ဆိုရင်တော့"တစ်ရူးစက္ကူလေးပေါ်က ဘောင်ပင်လေးနဲ့ဖြစ်သလိုရေးထားသော
စာလုံးအချို့က လူကိုဆို့နင့်စေသည်
ရင်ထဲမှာ ခံစားနေရတာတွေနဲ့မဆန့်တော့ အော်ချမိသည်
ဘာတွေလဲ ဘာတွေဖြစ်ကုန်တာလဲ သူ့က တစ်ခဏတာအတွက်စမ်းသတ်ခံလား
မချစ်ရင် မချစ်ဘူးပြောခဲ့ရင် အဆင်ပြေမှာပါ
သူ့ကိုယ်တိုင်ကကို ရလာသော အခွင့်အရေးကိုယူကာ
ကြိုးရှည်ရှည်နဲ့ဆက်လိုက်သည် ပြီးတော့ ဒီစာကရော
ဘယ်လိုရည်ရွှယ်ပြီးရေးခဲ့တာလဲ တကယ်ပဲစောင့်စေချင်တာလား
ဒါမမဟုတ် လွယ်လွယ်နဲ့မမေ့နိုင်မယ့်သူ့ကို အချိန်ယူပြီးမေ့ခိုင်းနေသလား
ဘာမှ ရှည်ကြာစွာမတွေးနေတော့ဘဲ သူဟိုတယ်ခန်းလေးဆီကနေ
ပြန်ထွက်လာလဲ့သည်
ကောင်တာမှာသော့ပြန်အပ်မည် လုပ်တော့ ငွေကရှင်းပြီးသားဖြစ်သလို
သူ့အတွက်လည်း အနွေးထည်လေး တစ်ခုထားခဲ့ပေးသည်
နာမည်ကြီးနံဆိပ်နဲ့ ထိုအရာလေးက
သူနဲ့ကျနော့်ကြားက တစ်ခုတည်းသော အမှတ်တရဖြစ်လာနေလေသည်ဒီညကကြာရှည်လွန်းစွာဖြတ်သန်းခဲ့လိုက်တော့.မနက်ခင်းတစ်ခု
အပျော်ခရီးထွက်လာကြသည်မို့
အကုန်လုံးက ဟန်ချက်ညီညီပျော်နေပေမယ့်လည်း........သူကတော့မပျော်နိုင်
ရှေ့ခုံက ဆရာနဲ့ထက်သာကိုကြည့်မိတော့ အပြုံးတွေနဲ့ကြည်နူးမှုက
သူ့ဆီကူးစက်မလာနိုင်
အချစ်တွေ ဘယ်လောက်ပဲပြင်းထန်ပါစေ
အမုန်းနဲံ အလွမ်းကိုတော့ မယှဉ်နိုင်ဘူးလေ........
ဘုရားတွေ တစ်ဆူပြီးတစ်ဆူ ရောက်ရှိဖူးမြော်ခွင့်ကြုံပေမယ့်လည်း
တေုင်းချင်နေသော အတူတူရှိခွင့်က ငေးကြည့်ခွင့်တောင်မရှိတော့တဲ့အလြေအနေမို့
မီးစပ်ဖို့ ဆုတောင်းဟာ မပြည့်ဝတဲ့ပုံပါ
ထိုကြောင့်................................
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်