အတ္တမကိုဋ် အပိုင်း ၂၉

111 12 0
                                    

နှစ်တစ်ခုရဲ့အစမို့
အရာရာကပုံမှန်လည်ပတ်မယ်ဆိုရင်တောင် သစ်ဆန်းနေဆယ်လို့
မြင်ကြမှာ သဘာဝကျပါတယ်လေ လူဆိုတာကလည်း
အသစ်အဆန်းတွေကိုသဘောကျတတ်တယ်လေ
လူတွေသာ အသစ်မကြိုက်တတ်ရင် ခေတ်ဟောင်းသီချင်းတွေ အဝတ်အစားတွေရှိလာ
မယ်အထင်ပါဘူး အသစ်လည်းမရှိ ဟောင်းလည်းမဟောင်းတာက
အချစ်ပေါ့ လက်မခံလို့မရဘူးလေ စကားအသုံတွေထဲမှာတောင်
အချစ်သစ်ဆိုတာ ချစ်သူအသစ်
အချစ်ဟောင်းဆိုတာက အချစ်သူအဟောင်းကိုပြောတာမဟုတ်ပါလား
လူတစ်ယောက်ကိုချစ်တယ်ဆိုတာကတော့
ပြောင်းလဲလို့ အသစ်ဖန်တီးလို့ရတာမဟုတ်သောအရာ
ချစ်ချင်ပြန်လည်း ချစ်သွားနိုင်သလို မုန်းချင်လည်း မုန်းသွားနိုင်တယ်
လူတွေရဲ့ ခံစားချက်ဖြစ်တဲ့အချစ်က လူတွေလိုပဲလေ ခန့်မှန်းရအခက်သားလား
လူဆိုတာ တလူလူ တလွင့်လွင့်မို့ လူတဲ့
တလူလူ တလွင့်လွင့်သော လူတွေရဲ့ အချစ်ဆိုတော့
လေထဲက oxygen ဘယ်နလုံးရှိလဲရေခိုင်းရင်တောင် laboratory တွေအားကိုးလို့ရ
အချစ်အတွက်ကတော့ မည်သည့်အရာကမှ ခန့်မှန်းတိုင်းတာမရသေး
ထူးဆန်းလွန်းတဲ့အရာဆိုတော့လည်း.........
အမြဲတမ်း လူသားတွေနဲ့ပြေးလွှားဆော့ကစားနေတာ အဆန်းတော့မဟုတ်
လိုက်ရင် ပြေးလိုက် ပြေးပြန်ရင်လည်း နောက်ကလိုက်
ထိုင်နေရင်ကျော်သွားပြီ ထသွားမှဝင်တိုက်သွားတာမျိုးကလည်းအချစ်မို့
လေမင်းကိုတောင် မုတ်သုံလေ မြောက်ပြန်လေဆိုပြီး
နာမည်တပ်လို့ရသေးတယ် သူကတော့ အချစ်ဆိုတာကလွဲရင်
ကျန်သော သတင်းအချက်အလက် ဘာမှရှာမရတဲ့ ကမ္ဘာအကြီးဆုံး
တရားခံပြေးကြီး "အချစ်"

"လွန်း လက်ကဘယ်လိုနေသေးလဲ"
"ရပါတယ် ညီရယ် ဒီလောက်ထိနူးညံနေရအောင် မိန်းကလေးမှမဟုတ်တာ"
"မိန်းကလေးမှ နူးညံနေရတာမဟုတ်ပါဘူး
ကျနော့်အတွက် လွန်းကတော့ နူးနူးညံ့ညံ့လေးပဲဖြစ်စေချင်တယ်
နွဲ့နှောင်းနေတာမျိုးလည်းမဟုတ်ဘူးလေကွာ ချစ်စရာကောင်းတာမျိုး"
"ကြိုးစားပြီးနေပြရမှာပေါ့ အထားမခံရအောင်"
"ကျနော့်က လွန်းကိုဘယ်လိုလုပ်ထားခဲ့ရက်ပါ့မလဲ ယုံအောင်ဘယ်လိုလုပ်ရမလဲ"
"ဘယ်လိုမှ မလုပ်ပြနဲ့
သွား သူများတွေလိုပဲ မုန့်သွားစားချည်တော့"
"လွန်း....ကျနော်............"
"တွေ့လား ပြောရင်တစ်ခွန်းထဲနဲ့နားမထောင်ဘူး......"
"ဟုတ်ကဲ့ပါဗျာ..."

အတ္တမကိုဋ် Where stories live. Discover now