"ဖွားဖွား သားပြောပြထားတဲ့ဆရာလေ"
ထက်သာက မိတ်ဆက်ပေးလာသည်မို့ လွန်းလည်း အလိုက်အထိုက်ပြန်လည်ကာ
နှုတ်ဆက်လိုက်သည် မိမိဘက်ကလေးလေးစားစားနှင့်
လက်အုပ်လေးချီကာ နှုတ်ဆက်လိုက်သည်
"ဆရာလေးက ခပ်သေးသေးပဲ မြေးကကြောက်ရတယ်ဆိုတော့
ခန့်ခန့်ညားညား ထင်ထားတာ လူငယ်သာသာပါပဲ"
"ဘွားရဲ့ ဆရာက လူကောင်းမသေးပါးဘူး သားကသာ ထွားတာပါ"
အရင်ကထက်သာသည် အမြဲလိုလို မိမိအား လူကောင်ထွားသည်ဟူသော စွပ်စွဲချက်
ပြုသူများအား လူစင်မမှီဟူ၍ ပြန်လည်ချေပတတ်သော်လည်း
ယခုမူ မိမိကိုယ်တိုင်က လူကောင်ကြီးကြောင်း
ဝန်ခံဖြောင့်ချက်ပေးနေလေသည်
"ထိုင်လေ ဆရာလေး စားပါဦးလား"
စားပွဲပေါ်မှ စားဆရာများအား ညွှန်ပြကာ ထိုင်ခိုင်းနေသည်မို့
လွန်လည်း ဇိမ်ခံ ဆိုဖာ ခုံတစ်လုံးပေါ်မှာ ထိုင်လိုက်သည်
လွန်းထိုင်သောအခါ ခုံသည် လွန်းတစ်ယောက်တည်းအတွက် ကျယ်ချင်သယောင်ရှိနေ
သော်လည်း သူ့ထက်သာက ဝင်ထိုင်နေသည်မို့ လူနှစ်ယောက်က
ပူးပူးကပ်ကပ်နှင့် ကြည့်ရတာ သိပ်တော့ အဆင်မပြေဒေါ်မဟူရာ အကဲခတ်နေသည်မှာ
ထိုဆရာကလေးဝင်လာကတည်းကပေါ့
မြေးဖြစ်သူက ထိုဆရာအပေါ် အတော်လေးတော့ ကဲသဲနေသည်ဟုထင်မိသည်
အိမ်ထဲကို လာကတည်းက
ထိုဆရာ၏ ပစ္စည်းများအား ကိုင်လာပေးသည်
တစ်သက်လုံးက သူ့အတွက်ဝယ်ပေးထားသည့် မည်သည့်အရာကိုမဆို
အခန်းရောက်အောင် ထည့်ပေးရသည့်ကလေးက
ထိုပစ္စည်းများကိုလက်ထဲတကိုင်ကိုင်
ယခုလည်း ပူးကပ်ကာထိုင်နေပြန်သည်
ဆရာလေးက အနည်းငယ်လောက် ရှောင်ဖယ်ချင်နေပေမဲ့
အားနာနေသလိုလို"မြေးလေး တခြားခုံပြောင်းထိုင်ပါလား ကပ်ကပ်သက်သက်ကို"
"ဖွားကလည်းသားက ထိုင်နေကျဒီခုံမှာ"
"ရပါတယ် အဖွား ကျနော်ပြောင်းထိုင်လိုက်ပါ့မယ်"
"မထိုင်ပါနဲ့ ဆရာကလည်း ဖွားအဆင်ပြေနေတာပဲမလား"
"အေးအေး မြေးလေ"
ထက်သာက ရုတ်တရက် သက်သေခေါ်လိုက်သည်မို့
ဒေါ်မဟူရာလည်း ယောယောယောင်ယောင်"ဆရာ လာ အခန်းထဲမှာ ကျနော် ဘွန်းဆိုင်းမှာထားတဲ့ဟာ သွားကြည့်မယ်"
"ခဏလေးနေပါဦး လူကြီးတွေရှိနေတာ ဌွက်လို့ ဘယ်ကောင်းပါ့မလဲ"
တစ်ဇွတ်ထိုး နိုင်သည့် ကလေးကို
အမြဲလိုက်လျောနေတာမျိုးသည် အဆင်တော့မပြေလှ၍ လွန်းနဲနဲ လေသံမာလိုက်သည်
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်