ထက်သာ အောက်ထပ်ကိုအပြေးလေးဆင်းလာခဲ့ရသည်
ဆရာက မနက်စာဆို နဲနဲဂျီးများတတ်သည်
သူ့အိမ်မှာဆို မနက်တိုင်းလိုလိုမနက်စာမစားတတ် နေ့လည်မှသာပေါင်းစားတတ်သည်
မမက်စာမှာ တစ်ခုခုလောက် အစာမကျေစရာကလေးပါသွားရင်တောင်
နှစ်ရက် သုံးရက် ထမင်းမစားတတ်တော့သည့်
အကျင့်ကို သိထားလေသည်
ကြီးမေကလည်း အမြဲလိုလို စကားဆက်မိတိုင်း ပြောပြထားသည်
သူကဆရာရဲ့ ပထမဆုံးသော သူငယ်ချင်းဟု
တင်စားတတ်သော ကြီးမေကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ဒီလို
အချက်ကလေးတွေတော့သိထားသည်"တီတီကြီး မနက်စာက ဘာကျွေးမှာလဲဟင်"
"နန်းကြီးသုတ် လုပ်ထားတယ် ကလေးဘာစားချင်လို့လဲ"
"ဘာမှမစားချင်ပါဘူး တီတီကြီး လက်ရဆိုအကုန်ကြိုက်ပြီးသား"
"အမလေးချွဲမနေနဲ့ ဘာလိုချင်လို့လဲပြော"
"ပြီးမှပေါ့အေးဆေး"
"ဟိုဟာလေ နန်းကြီးသုပ်က ရင်ပြည့်တတ်လား"
"ပြည့်တော့ပြည့်တယ် ဒါပေမဲ့ ရှားရှားပါးပါး ဖြစ်တာပါ ကလေးရယ်"
"ဆရာက ရင်ပြည့်လွယ်တယ် ကျွေးလို့မရလောက်ဘူး"
"ဪ.....တီတီကြီး ဘာလုပ်ပေးရမလဲ ကလေး"
"ရတယ်သား သွားဝယ်လိုက်မယ်"ထက်သာဆိုင်ကယ်လေးဆွဲကာ
မုန့်ဝယ်ရန် ထွက်လာခဲ့သည် ဘာဝယ်ကျွေးရမလဲ
အရင်ကတော့ နေ့လည်မှ စားတတ်သော်လည်း ဒီနေ့မှ အားနားပါးနာနှင့်
စားလိုက်ရလို့ တစ်ခုခုဖြစ်သွားရင်
အဆင်တော့မပြေနေဘူးလေ မြို့ထဲဖက်ထွက်လာလိုက်တော့
မုန့်ဟင်းခါး အသုပ် ဆိုင်လေးများကသာအများအပြား
ကျန်တာတော့လည်းမတွေ့
စဉ်းစာမရတဲ့အဆုံးတော့ လက်ဖက်ရည်တစ်ခွက်သာ ဝယ်လာခဲ့လိုက်သည်
လက်ဖက်ရည်တော့ရကောင်းလောက်ပါရဲ့
ထက်သာပြန်လာတော့ အိမ်မှာမနက်ဝိုင်းလေးကစတင်နေသည်
မေမေက ထက်သာအား
"သားရယ် မြန်မြန်လာစား ကိုးနာရီထိုးတော့မယ်"
"ဟုတ် မေမေ"လွန်းကိုလှမ်းကြည့်လိုက်မိတော့ သူက
ပုံမှန်အတိုင်း ဘယ်သူမှ ဂရုမစိုက်တဲ့ပုံနဲ့လေ
ထိုင်ခုံပေါ်မှာ မိန့်မိန့်ကြီးပေါ့
ထက်သာကတော့ ခွက်ထဲကို လက်ဖက်ရည် ထည့်ရန်ခွက်ယူကာ
စားပွဲအပေါ် တင်လိုက်ကာ ထိုင်ခုံတွင်နေရာယူ ထည့်ရန်ပြင်လိုက်တော့
YOU ARE READING
အတ္တမကိုဋ်
Romansaဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်