အတ္တမကိုဋ် အပိုင်း ၂၇

119 13 0
                                    

ထက်သာ လွန်းကို တင်းနေအောင်ဖက်ထားခြင်းသည်
နှစ်ဦးစလုံးအတွက်ရင်းနှီးနေပြီးသောအခြေအနေ
ညဖက်တွေ guide ချိန်ပြီးသော ၁၂ နာရီနောက်ပိုင်းလူကြီးတွေအိပ်မောကျသောအချိန်
အိမ်အောက်ထပ် လွန်းအခန်းထဲလာအိပ်တတ်သော ထက်သာသည်
မနက်ဖက်ကျပြန်တော့လည်း သူ့အဘွားမထသေးခင် လေးနာရီထကာ
သးအခန်းပြန်ရပြန်သည် ပင်ပန်းစေသည် အိပ်ရေးလည်းပျက်စေသည်
သို့ပေမယ့် ချစ်မိသူလေအား ရင်ခွင်ထဲထည့်ထားရသည်မှာ
အလွန်ကြည်နူးစရာလေး တက်မက်မှုတစ်စိုးတစ်စိမှမပါသော
ညများကိုထက်သာရောလွန်းပါ ချစ်သူနှစ်ဦးစလုံးသဘောကျနှစ်ခြိုက်ကြလေသည်

ဒီနေ့ကတော့ နှစ်ကုန်ရက်ပေါ့
လွန်းတို့ကျောင်းသည် ဆယ်တန်းကျောင်းသားတွေကိုစုကာ
ကျောင်းတွင်တစ်ညအိပ်စေကာ ပျော်စရာအစီအစဉ်အမျိုးမျိုးပြုလုပ်ကာ
မနက်ဖက်တွင်တော့ အခန်းအသီးသီးရဲ့
နှုတ်ဆက်ပွဲများကျင်းပကာ အစားအသောက်တွေ ဖလှယ်ကာစားသောက်ကြသည်
ဆယ်တန်းအခန်း ၁၀ ခန်းမှ ကျောင်းသားများနှင့်
ဆရာ ဆရာမများ အပြင်ကျူရှင်မှဆရာ ဆရာမတွေပါ
ဝင်ရောက်ဆင်နွဲတတ်ကြသည် ဆယ်တန်းဆောင်နှင့် ကျောင်းခန်းမကြီးသည်
နီးနီးနားနားမို့ ထိုခန်းမကြီးထဲတွင် မိန်းကလေးများကတစ်ခြမ်း
ယောကျာ်းလေးများကတစ်ခြမ်း ခွဲပီးခြင်ဆေးများထွန်းကာ အိပ်ကြသည်
မအိပ်သေးခင်တော့ ဆရာမတွေဦးဆောင်ပြီး ဥာဏ်စမ်းကစားတာမျိုးတွေလုပ်ကြသည်
ညမနက်ခင် ထုပ်စီးတိုးခြင်း အားလူးကောက် စကောရွှက်စသော
ကစားနည်းလေးတွေကိုလည် တစ်ခန်းနဲ့တစ်ခန်းပြိုင်ကြလေသည်
ညနက်လာပြီဆိုရင်တော့ ကစားပွဲတွေမှာ ရှုံးသောကျောင်းသားများက
ဆရာ ဆရာမများနှင့်ပေါင်းကာ
မနက်နှုတ်ဆက်ပွဲအတွက် အစားအသောက်များဝိုင်းဝန်းပြုလုပ်ပေးရသည်
ဒီနှစ်တော့ အထူးအစီအစဉ်တစ်ခုအနေနှင့် ကျောင်းအုပ်ကြီးက
သီချင်းဆိုပြိုင်ပွဲလေးပါ ကျင်းပပေးလေသည်

"ထက်သာ....ညီ.....ထတော့လေ......အခန်းကိုပြန်တော့"
"ငါးမိနစ်လောက်ပဲ ပေးအိပ်နော်....နော်...."
"အိပ်ချင်လည်းအိပ်လေ ကိုကကျောင်းကိုသွားရတော့မယ်လေ ခြောက်နာရီအရောက်
သွားရမှာလေ.................."
"လွန်း..........."
"ပြောလေ.....ဘာလဲ အိပ်ချင်သေးလဲအိပ်"
"မဟုတ်ဘူး သီချင်းဆိုပြိုင်ပွဲမှာ ကျနော်ဝင်ပြိုင်မှာသိလား"
"အင်း...ပြိုင်လေ...အားပေးရမှာပေါ့"
"ကျနော်သီချင်းဆိုပြိုင်တာ ဆုအတွက်မဟုတ်ဘူး လွန်းအတွက်"
"ကဲ အဲ့ဒါဆို ထ ပြီးတော့သီချင်းလေ့ကျင့်တော့လေ"
"ထပြီ လွန်းကရောအစောကြီးကို ဘာသွားလုပ်မှာလဲ"
"ပြင်ဆင်စရာတွေက တပုံကြီးလေကွာ ထတော့...."
လွန်းပါးစပ်ကလည်း ထက်သာအားဖရန်ပြောပြီးတော့ နဖူးလေးကိုပါတစ်ဆက်ထည်း
နမ်းလိုက်သည် ပြီးတော့ ပြန်ပြီးတင်းနေအောင်ဖက်ထားလိုက်သည်
"လွန်း...နော် ရုတ်တရက်ထထလုပ်လိုက်တာ ဒီကောင့်ရင်ထဲ ဖိုးသိုးဖက်သတ်တွေ"
"ထတော့လေ သွားအခန်းကိုပြန်"
"သွားပြီနော်....."
"သွား..........."
ထွက်ချင်သလိုလို မထွက်ချင်သလိုလိုလုပ်နေသော
ထက်သာအားလွန်းနောက်ကျောကနေတွန်းထုပ်လိုက်ရသည်
ပြီးတော့ပြုံးနေလိုက်သည်
ထက်သာရေ မင်းကြောင့် မင်းနဲ့ပတ်သက်လာရင်ငါလည်း
အရူးအမူးကိုဖြစ်လို့ စောင့်ထိန်းလာခဲ့သမျှတွေလည်း မင်းနဲ့ကျမှပဲ
သူများအိမ်မှာ ရေတောင်မသောက်တဲ့ငါက အိမ်မှာလာနေပေးလို့ပေး
အနားကိုမခေါ်ပဲလာရင်တောင် အရမ်းစိတ်ဆိုးတတ်တဲ့ငါက မင်းငါ့ကိုမဖက်ရင် အိပ်လို့
မပျော်တဲ့အထိဖြစ်နေပြီဆိုတာရော မင်းသိရဲ့လား..
အစားအသောက်ဆို ကိုယ်တိုင်မချက်ရင် အရအသာမကောင်းဘူးဆိုပြီး
မစားတတ်တဲ့ငါက မင်းဝယ်ပေးတဲ့ရေကအစ ချိုတယ်ထင်နေတာ
အင်းမရှိဘဲ ဘယ်လိုတွေရှေ့ဆက်ရပါ့မလဲ
မင်းကိုငါ့အနားအမြဲရှိနေအောင် ငါကြိုးစားသွားမှာပါ
ငါ့အနားမှာ တစ်သက်လုံးနေပေးပါ ငါအတ္တကြီးတယ်လို့ထင်ချင်ထင်နိုင်ပါတယ်
အစေကတည်းက မသေးငယ်တဲ့ငါ့အတ္တတွေကအခုတော့ ပိုပြီးခိုင်မာသွားပြီး
မင်းကငါ့အပိုင်ပဲဖြစ်ရမယ်......သူ့ထက်သာ

အတ္တမကိုဋ် Where stories live. Discover now