"ဆရာက အဲ့လိုသီချင်းတွေဆိုတတ်တာလား
ကျနော့်လည်းပြောမပြဘူး"
"ပြောပြတော့ရော မင်းက ကြိုက်မှာမိုလို့လား"
"ဆရာမပြောပြသေးဘဲ ကျနော်က ဘယ်လိုလုပ်ကြိုက်မကြိုက် သိမလဲ"
"တော်တော်များများက နားမထောင်ကြပါဘူး
အေးတိအေးစက် ပျင်းတိပျင်းတွဲနဲ့ အိပ်ချင်စရာကြီးဆိုပြီးပြောနေကြလေ"
"ဆရာဆိုတာတော့ နားထောင်လို့ကောင်းတယ်"
"ပြော ဘာဝယ်ကျွေးရမလဲ"
"စားချင်လို့ပြောပြတာမဟုတ်ဘူး ကျနော်တကယ်သဘောကျတာ"
"အင်းပါ"
"နောက်လည်းဆိုပြပါလား"
"ကြုံရင်ပေါ့"
"မကြုံရင်မဆိုပြဘူးပေါ့"
"နားထောင်ချင်တာသေချာလို့လား"
"သေချာတယ် သီချင်းအေးအေးတွေနားထောင်တာ ကြိုက်တဲ့ ကျနော့်အတွက်
အဆင်ပြေမှာပါ"
"နောက်တစ်ခါ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင်ရဲ့ သီချင်းတွေဆိုပြမယ်"
"ကျနော် မျှော်နေတော့မှာနော်"
"ခဏ ဘယ်သွားနေတာလဲ"
"ကမ်းနားဘက်လေ ဆိုင်ကယ် ပတ်စီးရအောင်"
"အေးတယ် ငါလည်းအနွေးထည်မပါဘူး လက်ရှည်တစ်ထပ်ထဲ"
"ကျနော့် အိင်္ကျီ ယူဝတ်လေ"
"မင်းအနွေးထည်ချွတ်ပေးရအောင် ငါကမင်းကောင်မလေးမှမဟုတ်တာ"
"ကျနော့်ကောင်မလေးဆိုလည်း ကျနော်ပေးချင်မှပေးမှာပါ"ဒီဇင်ဘာလဟာ အအေးဆုံးလမဟုတ်ပါလား
လကုန်ခါနီးလာလေလေ အအေးဒဏ်က ပိုပိုမိုမိုသာဘာစမြဲ
မြန်မာလိုဆို နတ်တော်.ပြာသို နှစ်လထဲပါနေတာလေ
ခွာညိုပန်းကလည်း သင်းသင်းမွှေးသလို
အအေးဒဏ်ကလည်း ပြင်းပြင်းလေးပေးနေသည်မို့
သာမန်နေရင်းပင်အေးနေတဲ့ လေထုကတည်ဆောက်နေတာ
ထိုလေထုအေးကို အရှိန်ဟုန်ပြင်းပြင်းနဲ့ ဖြတ်သန်းပြီး သွားနေသူနှစ်ဦး
တော်တော်လေးအေးနေရှာမှာဘဲ
တန်းတန်းမတ်မတ်မဟုတ်သော်ငြား တွံတေးတူးမြောင်းကြီးနဲ့အပြိုင်
ကတ္တရာ လမ်းမကလေးသည် တစ်ချို့နေရာရတွေ မီးမှုန်ပြပြလင်းနေပေမယ့်
ကျန်သောနေရာများက အမှောင်ထုသက်သက်
ထိုအမှောင်ထုထဲမှ နေရာလေးတစ်ခုရွေးကာ
ထက်သာဆိုင်ကယ်လေးရပ်လိုက်သည်
မှောင်မဲနေပေမယ့် မမြင်ရသည့်အနေအထားတော့မဟုတ်
တစ်ခါခါဖြတ်သွားသော ရေယဉ်တွေက အချက်ပြမီးက ထိန်နေအောင်
လင်းသွားတတ်တာမျိုးလည်းရှိပါသေးသည်
ချောင်းကမ်းစပ်လေးဖြစ်သောကြောင့်
ချုံအချို့တော့ရှိနေသေးသည်
ဒီနေရာလေးသည် စွဲမက်စရာ များများစားစားမရှိပါ
သို့သော် စွဲဆောင်မှုအရှိဆုံးအရာတစ်ခုကတော့
ချောင်းရေပြင်ကလာနေသော ဆောင်းလေရူးအေးအေး
အရှိန်အဟုန်နဲ့လာနေလား မလာနေလားဆိုတာ ကျနော့်ဆရာ လွန်းတော်ဝင်ရဲ့ ပုဆိုးလေး
ကတလွင့်လွင့် အသည်းခိုက်အောင်အေးသော
လေရူးဆိုသော်လည်း မုန်းစရာသေးသေးလေးမရှိအောင်
အကာအကွယ်ပေးထားသည်က လတ်ဆတ်မူ
ဟုတ်ပါသည် ထိုလေရူးလေးက သယ်ဆောင်လာသော လတ်ဆတ်မူသည်
အတော်လေးကို လန်းဆန်းမူအရသာကို လေးလေးကဲကဲတင်ပြထားပါသည်
YOU ARE READING
အတ္တမကိုဋ်
Romansaဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်