အတ္တမကိုဋ် အပိုင်း ၉

140 16 0
                                    

"သားဘာဖြစ်လာတာလဲ"
"ဘာမှမဖြစ်ပါဘူး မေမေရာ နဲနဲညစ်နေတာ"
"ဘာတွေ ညစ်နေတာတုန်း"
"ဘာမှ မဟုတ်တော့ဘူးဗျာ"
"ဘာလဲ သားရည်းစားနဲ့စိတ်ကောက်လာတာလား"
"မဟုတ်ပါဘူး မေမေရာ ဆရာ့ကို တင်းနေတာ"
"ကဲ ပြောစမ်း သားဆရာက ဘာတွေတင်းအောင်လုပ်လိုက်သလဲဆိုတာ"
"မပြောချင်ဘူး"
"အေးပါ အေးပါ မပြောချင်လည်းနေ"

ထက်သာ စိတ်တိုနေသည့်အတွက် ဘာကိုမှ ရေရာသေချာစွာမတွေးချင်
ဆရာက ဦးစားမပေးသည့်အတွက် မခံသည့်မခံသာ
ဖြစ်နေသည် အမေ အဖေများသာမက
အဘိုး အဘွား အဒေါ် ဦးလေးမကျန် ပေါင်းသင်းခဲ့ဖူးသမှသော
သူတို့သည် မိမိအကြိုက်ဆောင်
မိမိအလိုလိုက်ကာ အလျှော့ပေးခဲ့ရသည်သာ
ဒီလူနှင့်တွေ့မှ မိမိဘက်ကသာရှုံးနေရသည့် အဖြစ်ကို
စိတ်တိုနေမိခြင်းမဟုတ်ဘဲ ထိုလူက မိမိထက် အခြားသောလူတစ်ယောက်ကို
ဂရုစိုက်ပေးမည်ကို မနာလိုမရှူ့စိမ့်ဖြစ်နေမိသည်က
မိမိကိုယ်ကို ပိုမိုအားမရဖြစ်ကာ စိတ်တိုစေသည်
ဆရာ့အား သူ့ကိုသာ ဂရုစိုက်ပေးစေချင်သည့်
ထိုအတ္တဆန်ဆန်အတွေးများက သူ့အားလှောင်ရယ်နေသည်
တစ်သက်လုံးက မည်သူနှင့်မှ မပတ်သက် မခေါ်မပြောသည်ဆိုသော
ထိုသူက သူ့အားအလေးပေးလာသဖြင့် ပိုမိုသော
အခွင့်အရေးမရှိနိုင်သည်ကို
ကိုယ်ပိုင် ဥာဏ်ဖြင့် ဝေဖန်ပိုင်းခြားနိုင်သော်လည်း လက်တွေ့မှာတော့ဖြင့်
လုံးဝဥဿုံ လက်မခံနိုင် အတန်တန် ငြင်းဆန်နေမိသည်

ဆရာနှင့်ပတ်သက်လာလျှင်
မြောက်များစွာသော ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဆုံးဖြတ်ချက်များ
အတိအကျမဟုတ်သော ယေဘူယျ သတ်မှတ်ချက်များဖြင့်
သူသာ ယောက်ယတ်ခတ် ဖြစ်နေတတ်သည်
ဒီနေ့ သူစာထဲကိုလည်း စိတ်ထည့်နိုင်မည်မဟုတ်တာ အသေအချာ
မလုပ်ချင်ပါက လက်တို့ခိုင်းမရသည့်
ထက်သာသည် လွန်းတော်ဝင် ဆိုသည့်လူသားက
ဒါလုပ် ဟိုဟာမလုပ်နဲ့ဟု ပြောလာပါက
ရာဇသံတစ်ခုအသွင်နှယ် လိုက်နာမိပြန်သည်ကို သတိရလာပြန်တော့
ဒေါသက ငယ်ထိပ်ကနေ သိကြားမင်းကြီး ပလ္လင်နား
ရောက်နေပြီ..........................

အိမ်အောက်ထပ် မေမေရှိရာသို့ ထက်သာ
ပြင်းထန်လှသော ခြေသံများနှင့်အတူ ရောက်လာသည်
မီးဖိုခန်းဘက်တွင် မမြင်ရတဲ့ မေမေ့ကို
မေ့မေ့အကြိုက် ဇာတ်လမ်းတွဲများ အချိန်မှန်မှန်လာသည့် Television
ကြီးရှိရာ အိမ်ရှေ့ဘက် ဧည့်ခန်းဘက်လျှောက်လာစဉ်
စကားပြောသံများသည် ဧည့်ခန်းနှင့်နီးကပ်လာသည့်
သူ့အားအတိုင်းသားကြားစေသည်

အတ္တမကိုဋ် Where stories live. Discover now