"သေချာနားထောင်နော် တစ်ပိုဒ်ဆိုပြီး တစ်ပိုဒ်ရှင်းပြမယ်
ပျင်းစရာကောင်းတယ်မထင်ဘဲ လှိုင်ထိပ်ထားလေးနေရာကနေ ခံစားကြည့်ပေါ့""စိန်ခြူးကြာညောင် လရောင်လင်းပါလို့ မှန်ရွှေပြူတင်းရယ်က မယ်ခုမျှော်
သုံး....ချက်..စည်တော် ရိုက်ဆော်ညှင်းတယ် လင်းရွှေကြက်ဆော်................."
"ကြယ်ရောင် လရောင်လေးတွေ ထွန်းညှိုထားတဲ့ ညအချိန်ကြီးမှာ
လှိုင်ထိပ်ခေါင်လေးမျှော်နေတာ ဗဟိုရ်စည်ကြီးသုံချက်လည်းတီးနေပြီပေါ့
လင်းကြက်တွေလည်း တွန်ကြူးနေကြပြီပေါ့""သဇင်သင်းပါတဲ့ခင်းပြန့်ပေါ်..လာနိုးငယ်မယ်မျှော်လို့ တစ်ကိုယ်တော်ထူး.....
ထွေရာစိတ်ကူး...ပါလို့...ဖူးရွှေလက်တင် ဖြစ်ရှေးကုန်စင်......
ဘဝင်တုန်ဆွေးတယ်လေး....တွေးကြံလိုက်ရင်း"
"တော်ဝင်သဇင်ပန်းရနံ့တွေသင်းနေနဲ့ အခင်းတော်ပေါ်မှာ စက်လျောင်းရင်း
မျှော်နေပေမယ့်လည်း ချစ်လင်ကပေါ်မလာတာမို့ မိမိအဖြစ်ကိုနဖူးလက်တင်တွေးမိတိုင်း
ရင်နှလုံးတွေတုန်ပြီး ပူဆွေးရတယ်တဲ့လေ..."
"ဆက်ဆိုပြရမှာလား..............."
"ဆိုလေ ဆရာရဲ့ နားထောင်လို့ကောင်းနေပြီကို""သစ္စာတော်ဆူးပါစေ...ဆိုဦးကပင်..ခင်လေးကိုမောင်ကြင်ငဲ့ ဒီသက်တွင်ဘဲ
နောင်မသွေလွဲပါဘူး...ပြဒုမဘွေ သီဟာတင့်တယ်လေး.....
စိုးညှာမြင့်နေ.........................."
"မှန်နန်းဆောင်ကြီးမှာ လက်ထပ်ကြတုန်းကတော့ ဒီတစ်သက်လုံးကြင်နာသွားပါ့မယ်လို့
နောင်တော် မင်းတြားကြီးရှေ့ထားပြီးသစ္စာဆိုခဲ့ပေမယ့်လည်း....
အခုတော့ စိမ်းကားနေရသလားပေါ့""နတ်ဒေဝီဖြားသော်လည်း တစ်ပါးကိုသွေ....ရှစ်ဗြဟ္မာချွေပါလို့ အောင်ဇေယျာညွှန်း
မတ်ခြွေရွှေဝန်းငယ်နှင့် ရေသွန်းတော်ခံ မဟောသီမှန်....ဒေဝီတပ်တယ်လေး
ဦးဆယ်ထပ်ရံ.........................."
"လောကသမုဒိနတ်နွယ်ဖြစ်တဲ့သူဟာ ပုဏ္ဏားရှစ်ပါးနဲံအတူ
မှူးမတ်တွေခြံရံလို့ အောင်ဇေရတု အစချီပြီး ဘိသိတ်တော်အတူတူခံခဲ့တဲ့
ဒေဝီဘွဲ့ရ မိဖုရားတစ်ပါး အတူတူလည်းကန်တော့ခံခဲ့ရသူဖြစ်တယ်ပေါ့
သူကဖြားယောင်းပေမယ့်လည်း ကိုယ်တော်ကတော့
တစ်ခြားတစ်ယောက်ကိုပဲ ချစ်နေ ယုယနေရော့သလားပေါ့........"
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်