သူ့ထက်သာ ဖျာခင်းကာ စားပွဲလေးချလိုက်သည်
ထို့နောက် ဆရာ့အားလှမ်းကြည့်တော့ သူ့အခန်းအား
စိတ်ဝင်တစား လှည့်ပတ်ကြည့်ရှူနေသည်
ဆရာ ရပြီလေ အဲ့ခုံမှာဘဲ ထိုင်သင်မလား
ရတယ် ငါ စားပွဲမှာဘဲထိုင်မယ်ခက်ဆစ်တွေရပြီလား
ဟီးဟီး မရသေးဘူးဆရာရဲ့ ကျောင်းဖွင့်တာ တစ်ပတ်တောင်မပြည့်သေးဘူး
ရေသည်ဖတ်စာအုပ်ထုပ် ခက်ဆစ်ကျက်မယ် အလုံး ၃၀ တစ်ခါဆို
ဟုတ်ကဲ့စာတောင်စသင်နေကြပြီလား
သားလွန်း မုန့်စားအုံး
မင်းညီကလေ ဥာဏ်ကောင်းတယ်
ဥာဏ်ကောင်းသလောက်လဲ အပျင်းကြီးတယ်
စာမေးပွဲတွေမှာ ဘယ်ဘာသာဖြေဖြေ ၆၀ မကျော်ဘူး
ပြင်ဦးလွင်မှာ တုန်းက အဘိုးအဘွားတွေက အလိုလိုက်တော့
လူကမကြိုးစားချင်တာနဲ့အတော်ဖြစ်ကော သားရေ
ဆုံးမစရာရှိဆုံးမနော် ရိုက်လဲစိတ်မဆိုးဘူးသားသမီးတွေအတွက် ရွှန်းရွှန်းဝေအောင်ပြောနေသော မိဘများကို
ကျောင်းဆရာဘဝ ရောက်ကတည်းက
မိဘတိုင်းလာပြောနေသည့်စကားများကို နားမဆန့်အောင်ကြားနေရသည့်အတွက်
မိခင်မေတ္တာကို သူအထင်းကြီးလေးစားမိသည်နန်းမတော် စုဘုရားလတ် ပင်
အရပ်သားတစ်ယောက်နှင့်နီးစပ်ခဲ့သည့် နှမတော်မင်းသမီးတစ်ပါးအား
သံတဲ အတွင်းထားကာ အရပ်သားကိုရေချစေပေမဲ့
သမီးတော်ကြီး တိုင်းတစ်ပါးသားနဲ့နီးစပ်တော့
ယူကျုံးမရဖြစ်ပေမဲ့ တောင်းစုပ်ပလုန်းစုပ်သာစွန့်မယ်
သားသမီးမစွန့်ဘူးဆိုသည့် ဆိုရိုးအတိုင်း
သမီးတော်ကြီး ကို မစွန့်ပစ်နိုင်ခဲ့ဘူး
သမီးမိုက်ဟုဆိုကာ အမျက်တော်ရှိသောကြောင့်
မိန့်ခွန်းတော်မချွေပေမဲ့ မုဆိုးမ ဘဝနဲ့ရန်ကုန်ပြန်တာတောင်
ပါအောင်ခေါ်ခဲ့သေးတာပဲ
အသည်းမာလှပါသည်ဆိုသည့် စုလတ်
အရှံးမပေးတတ်သည် မိဖုရားခေါင် စုလတ်တောင်
မိဘဖြစ်သွားတော့ သားသမီးကို အရှံးပေးခဲ့ရသည်မဟုတ်ပါလားဒေါ်နီလာလွင် ၏ သားချောလေးအကြောင်း
ပြောသမျှ လွန်းသေချာနားထောင်ပေးလိုက်သည်
ဒေါ်နီလာလွင်ထွက်သွားသည်နှင့်ဆရာ မေမေပြောတာတွေ မယုံနဲ့နော် ကျနော်က အဲ့လောက်မဆိုးပါဘူး
သူ့ထက်သာ ဆရာ့ထံတွင် မိမိနာမည်မပျက်ရေး အားထုပ်နေသည်
မဆိုးရင် စကားအပိုတွေပြောမဲ့အစား စာကျက်တော့လေ
လွန်းစကားတောင်မဆုံး စူပုတ်ပုတ်မျက်နှာပြောင်းက စာအော်ကျက်နေသော
သူ့ထက်သာအား လွန်းပြုံးကာကြည့်မိသည်
YOU ARE READING
အတ္တမကိုဋ်
Romantikဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်