ကျောင်းဝရောက်တော့ လွန်းဆိုင်ကယ်ပေါ်ကဆင်းတာကိုစောင့်လိုက်သည်
"ရော့ ထမင်းချိုင်ယူ စာကြည့်နော် ဖုန်းမသုံးနဲ့"
"အင်းပါ လွန်းရဲ့ တာတာ့"
"တာတာ့ သွားတော့ ဆိုင်ကယ်ကိုသေချာမောင်း"အိမ်ရောက်သည်နှင့် ထက်သာ
ထမင်းချိုင့်ကို အရင်ဖွင့်လိုက်သည်
ကြက်အူချောင်းကြော်လေးနဲ့ ကြက်သွန်နီးပါပါးလေးလှီးထားတာကို
ငရုတ်သီးလေးနှင် သုပ်ထားသည် တို့ဟူးကြော်လေးကလေးပါသေး
ထမင်းလေးတွေကို အငမ်းမရ စားလိုက်သည်
ထိုနောက်တော့ သူစာစတင်ကြည့်ရမည်
"ထက်သာ ကြိုးစားကွ မင်းကတစ်ယောက်တည်းမဟုတ်တော့ဘူး နှစ်ယောက်ကွ"
ထက်သာ ကိုယ့်ဘာသာ ပြန်အားပေးလိုက်သည်
သူလုပ်ရမည်ကတစ်ခုတော့ကျန်နေပါသေးသည်
မေဦးနှင့်ကိစ္စ ပြီးပြတ်အောင်လုပ်ရန်ရှိနေပါသေးသည် သူ့ဘက်က
လွန်မှန်းသိနေပါသော်လည်း ကြိုးရှည်ရှည်နဲ့ဆွဲထားလေလေ မိန်းကလေးဘက်က ပိုပြီး
ခံစားရလေလေဖြစ်မှာပဲလေ
မေဦးတောင်းဆိုသည်ကို လိုက်လျောဖို့ရာတွင်လည်း ယေကျာ်းသားနှစ်ယောက်ရဲ့
ချစ်ခြင်းအကြောင်းမို့ လူတိုင်းကိုပြောပြလိုက်ရင်
လူအများဝေဖန်ခံရမည်လေ
ဝေဖန်ခံရတာတွေ ပြစ်ပယ်ခံရတာတွေ ထက်သာမကြောက်သော်ငြား
ထိုဒဏ်တွေခံနိုင်အောင်တော့ မပြင်ဆင်ရသေး
ချစ်သူတွေ ချစ်ကြတယ်ဆိုတာ ချစ်နေရုံနှင့်မပြီးသေးဘူးလေ
ဝေဖန်တာ တိုက်ခိုက်တာ ခွဲခြားခံရမှာ အစရှိတာတွေအပြင်
ငွေကြေး ပစ္စည်း ဥစ္စာ တွေကလည်း
မရှိမဖြစ်လိုအက်သည်ပင်
သက်ပြင်းရှည်ရှည်ချလိုက်ကာ အပူအချို့ကို ဖယ်ထုပ်ခိုက်သည်
သက်ပြင်းချသည်မှာ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းရဲ့
ပြယုဂ်ဆိုသော်ငြား ထက်သာသက်ုပင်းချလိုက်သည်ကတော့ အားယူလိုက်ခြင်း
သူနဲ့ သူ့ချစ်သူရဲ့ ဘဝကို ရှေ့ဆက်ဖို့ အားမွေးနေခြင်းသာထက်သာ ဖုန်းလေးကိုထုတ်လိုက်ကာ
ဝေယံဆီ ဖုန်းခေါ်လိုက်သည်"သားကြီးပြော ဟျောင့်"
"အေးဝေယံ ငါမင်းကိုအကူအညီ တောင်းမလို့ကွာ"
"ဘာလဲပြောလေ ကွာမင်းကလည်း"
"မနက်ဖြန် မြန်စာချိန်ပြီးရင် ကျောင်းအုပ်ကြီးသြဝါဒပေးမှာမလား"
"အေး အဲ့တော့"
"ငါမေဦးနဲ့ စကားပြောချင်လို့ကွာ"
"ဘာပြောမလို့လဲ ဟျောာင့်"
"စကားမရှည်နဲ့ကွာ ငါပြောသလိုသာပြောပေး မနက်ဖြန့် အဲ့အချိန်ကို
မသွားဘဲ အခန်းထဲမှာပဲနေလို့ ပြီးတော့ မင်းလည်းလိုက်ခဲ့ပေးကွာ"
"အေးအေး သားကြီး"
YOU ARE READING
အတ္တမကိုဋ်
Roman d'amourဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်