အတ္တမကိုဋ် အပိုင်း ၃၂

108 11 0
                                    

ထက်သာ မြန်မာစာ စာအုပ်တွေနဲ့အလုပ်ရှုပ်နေသည်
အစတုန်းကတော့ မြန်မာစာကိုသာမန်သဘောထားခဲ့ပေမယ် ချစ်ချစ်က
မြန်မာစာဆရာဆိုတော့လည်း ဂုဏ်ထူးလေးလောက့တော့ထွက်အောင်ကြိုးစားရမည်ပေါ့
လွန်းကလည်း ကျောင်းဆရာဖြစ်နေတော့ ကျောင်းကလည်းတက်ရသေးတယ်
အဲ့ဒါအပြင် ဘာစောင့် ညာစောင့်တာဝန်တွေကလည်းရှိနေသလို
သူ့ကျူရှင်တွေကလည်းတန်းစီ ကြီးမေတို့ ဘဘကြီးတို့ကလည်း
ပြန်လာပြီဆိုတော့ အိမ်မှာလည်းမနေနိုင်တော့
စာမေးပွဲကြီးကို မြန်မြန်ဆန်ဆန်ပြီးစေချင်နေသည်
မနက်ဖြန် စာမေးပွဲကိုရင်မခုန်ဘူးပြောလျှင်မုသားသုံးရာကျမည်ဖြစ်ပေမဲ့
စာမေးပွဲပီးဆုံးပါက လွန်းနဲ့အတူ ပြင်ဦးလွင် ပြန်ရန်ကိုသာတာစူနေသည်ကအမှန်
လွန်းရာ သတိရတယ်ပြောရင်လည်းပိုရာကျမယ်
တစ်နေ့လုံးနေမှတစ်ခါလောက်သာတွေ့ရသည် အိမ်ကိုလာပြန်ရင်လည်း
ဖွားကမျက်စိကို ထောင့်ထောက် ကျားကန်ကာကြည့်နေစည်မို့
ပိုမိုမလွတ်မလပ် အဲ့ဒီကြားထဲက ခေါ်ထားမျှသော ဆရာမတွေကလည်း
အသည်းအသန် အလုအယက် စာသင်ချိန်ပေးနေကြသည်
အစကတော့ မတော်ဘူးဆိုတာထက်မကြိုးစားတဲ့ ထက်သာဟာ
လွန်းကြောင့် စာကိုပုံမှန်ကြည့်ဖြစ်တော့ စာတော်လာသည်
ဆရာမတွေကလည်း ကျနော့်အတွက်ရော သူတို့အတွက်ပါဖိကာကြိုးစားအားထုပ်
နေကြသည်မို့ ထက်သာအလွန်းလေးတော့ ပင်ပန်းလှပါသည်
သိုပေသော်ငြား အများရှေ့မှာ ဂုဏ်ယူပါရစေလို့ပြောလာသော ချစ်သူကြောင့်ရော
လွန်းကသူ့အားဒီလိုဖြစ်အောင်ပြောင်းလဲစေပါလားဆိုတာကိုပါ
အိမ်ကလူတွေကိုလည်း အဓိကအားဖြင့် အဖွားကိုသိအောင်
လုပ်ပြထားချင်းဖြစ်ပေသည်

မိုးထက် အားအကုန်လုံးက ထူးဆန်းသောအကြည့်ဖြင့်ကြည့်လာသည်အထိ
မိုးထက်ကြိုးစားနေလေသည် သူ့အားဆယ်တန်းအောင်စေချင်သည်ဟု
စကားလေးလုံးမကွဲပေမယ့် တဖွဖွပြောနေတတ်သော ချစ်မိသူကြောင့်
သူကြိုးစားနေသည်ပြောတိုင်း သူငယ်ချင်းများကလှောင်ကြသည်
ထိုထက်ပိုကာလှောင်စရာဖြစ်နေသည်က ဘယ်သူကိုမှ ၁၀ရက်ထက်ပိုကာ
မလိုက်ခဲ့ရသော မိုးထက်မြင့်သည်
ရည်းစားကြီး အကောင်အထည်နှင့်ရှိနေသောသူအား တစ်ဖက်သက်ချစ်နေသည်လေ
ကျနော် အချိန်အခါကောင်းစောင့်နေတာပါ
အရှံုးပေးထားတာမဟုတ်သလို လိုက်မမှီသေးတာလည်းမဟုတ်ပြန်ပါ
တစ်ခါမှမဖြစ်ခဲ့ဘူးသော နှလုံးသားစည်းချက်ကို
ကျနစေသူမို့ ကျနော်စိတ်ရှည်စွာစေညင့်စားမိခြင်းဖြစ်သည်
ပြီးတော့ ထက်သာဆိုတဲ့ကောင်ကလည်း ကောင်မလေးရှိသေးသည်
မိဘအသိုင်းအဝိုင်းကလည်း ဂုဏ်ဒြပ်ရှိသူများဖြစ်ကြသည်
သူကတော့ အလွတ်လပ်ဆုံးလူးသားတစ်ယောက်
ဘယ်သူနဲ့မှမတွဲနေသလို ချစ်သူအိမ်ခေါ်ခဲ့ဆိုသောအမေနှင့် နှစ်မျိုးနှစ်ဖုံကတတ်သော
ကျနော့်ကြောင့် ဆရာကို လူတွေကအထင်းသေးစရာမဖြစ်အောင် ကြိုးစားပြစရာမလို
လူတွေရဲ့ကဲ့ရဲ့အူက ကျနော့်လို ခပ်ဆိုးဆိုးလူတစ်ယောက်ဆီပဲရောက်လာမှာလေ

အတ္တမကိုဋ် Where stories live. Discover now