အတ္တမကိုဋ် အပိုင်း ၁၈

156 16 3
                                    

မနက်ခင်းတစ်ခု
နေ့တိုင်း နေ့တိုင်းရဲ့ အစအချိန်အပိုင်းအခြားလေးဟာ
အရင်တော့ သာမန်ပါ တိတိကျကျပြောမယ်ဆို မနေ့ကအထိပေါ့
ဒီနေ့ကတော့ မတူတော့ပါ
သီချင်းတွေထဲက ကြည်းနူးစရာ မနက်ခင်း ချစ်ရသူနဲ့ အတူရှိတယ့်မနက်ခင်းကို
ထက်သာ ပိုင်ဆိုင်ခွင့်ရထားသည်
ကံကောင်းသည်က ရည်းစာမဖြစ်ခင်ကတည်းက
သူကကိုယ့်အိမ်ပေါ်ရောက်နေတာမျိုး
ယောကျာ်းတစ်ယောက် ဆိုတာလည်းအရေးမကြီးပါဘူး
မိန်းမတစ်ယောက်ဆိုတာလည်း အရေးမပါတော့ဘူး
သူ လွန်းတော်ဝင် ဘာပဲဖြစ်နေဖြစ်နေ ဆက်ချစ်သွားတော့မှာပါ
သူအရမ်းချစ်မိသွားတယ်ဆိုတာ
မိမိထက်ပို၍ ဘယ်သူ တစ်ဦးတစ်ယောက်မှ သိမှာမဟုတ်ဘူးလေ
အချစ်တွေကို သက်သေပြနိုင်အောင် သူကြိုးစားရတော့မည်
တစ်ခါလောက်တောင် လေးလေးနက်နက်မတွေးတောခဲ့ဘူသည်ကို
ကျိန်ဆိုပြဝံ့ပါသည့် အခုတော့ ဘာတွေးတွေး
နှစ်ယောက်စာ တွေးမိနေသည်
ဒီလူကြီးကိုလည်း မနေ့တစ်နေ့ကမှ ချစ်မိသွားလို့ပါလား ထက်သာရာ
စောစောကတည်းကသာ ချစ်မိရင် ဒီလူကြီးကို ချစ်တဲ့ အချစ်နဲ့ငါတော့
ရူးနေမှာပဲ မလွယ်ပါလားနော်
ချစ်မိသွားတော့လည်း အရူးပါလား
ထက်သာဟာ အချစ်ရူးလေးဖြစ်နေပါပြီ

လွန်း ဘဝမှာ မဘုရားကလွဲရင် ဘယ်သူ့ကိုမှ မယုံဖူးခဲ့သလို
ချစ်လာလိမ့်မည်ဟုမထင်ခဲ့
ချစ်မိချစ်တော့လေး ကလေးလေးကိုပါလား
"ကြီးရင်မှီ ငယ်ရင်ချီ"ဆိုတဲ့အတိုင်း သူ့ထက်သာ ကို အကြီးဖြစ်သည့်
သူကပဲ အလျှော့ပေး ချစ်ရတော့မည်ပေါ့
ကလေးမုန့်ပေးကြိုက်တယ်ပြောရင်လည်း ပြောပေါ့
ဒီကလေးကိုတော့ သူမုန့်တော့မပေးမိခဲ့ဘူးပါ ပေးမိသည်က
ချစ်တတ်သည်နှလုံးသား တစ်စုံ အမှန်တကယ်ရည်ရွယ်သည်က အသည်းတစ်စုံမက
အပိုမရှိ၍သာ အပိုတောင်ဝယ်ထည့်ပေးချင်တာ
ဪ..ဒီလို အချစ်မျိုးကို ပိုင့်ဆိုင်လာမိတော့လည်း
လက်ကိုင်ထားနိုင်အောင် ကြိုးစားရမည်ပေါ့
မိမိဘက်ကလိုမျိုး ထက်သာကရော တွေးတောင်တွေးရဲ့လား
ထက်သာ ဘက်ကမိမိကို ဘယ်လိုတွေ သဘောထားလဲ
ဘယ်လောက်ချသ်သလဲ သိချင်မိသည်
လွန်းဆုံးဖြတ်ချထားသည် တစ်ခုကတော့ ဘယ်သော အခါမှ သူ့ထက်သာကို
လက်လွှမည်မဟုတ်
သူကလည်းကလည်း ဘယ်တော့မှ လက်တွဲဖြုတ်သွားသည်ကို လက်ခံသွားမှာ
မဟုတ်ဘူး ငါကအတ္တကြီးတယ် ထက်သာ
ငါချစ်တဲ့မင်းကို ငါပဲ ချစ်ခွင့်ရရမယ် ငါပဲ ချစ်ရမယ်
သူတစ်ပါးနဲ့မသက်ဆိုင်တဲ့ ငါပိုင်တဲ့ပစ္စည်းပဲဖြစ်ရမယ်

အတ္တမကိုဋ် Where stories live. Discover now