ကမ္ဘာကြီူက ကျဉ်းလွန်းတယ်ပြောရင် ယုံလို့မရတာတော့မဟုတ်သေးပါဘူး
ယုံလိုရတာမေတာမျိုးလည်းမဟုတ် တစ်ခါတစ်လေ
တချို့သော လူတွေနဲ့ အကြောင်းအရာတွေက တိုက်ဆိုင်လွန်းစွာဆုံတတ်တယ်ဆိုတာ
အခုလည်း ထက်သာရဲ့ ဖခင်ဖြစ်သူ ဦးနေနိုင်သည်
သူ၏ မိတ်ဆွေတစ်ဦး၏ သမီးဖြစ်သူနှင့် စီစဉ်ပေးမည်ပေါ့
ထိုမိန်းကလေးကတော့ အခြားသူမဟုတ် မေဦးပင်အသက့်ငယ်သည် ရွှယ်သည်ဆိုတာထက် သားဖြစ်သူအား
မိန်းမတစိယောက်နဲ့ လက်ထက်လိုက်မှသာ ယောက်ျားတစ်ယောက်နဲ့
မပတ်သတ်ချင်တော့မှာဟု ထင်နေပုံရသည်
တွံတေးမြို့မှ နာမည်ကြီး သူဠေးတစ်ဦးဖြစ်သော မေဦးဖခင်တွင် သမီးနှစ်ယောက်သာ
ရှိသည် သမီးကြီးဖြစ်သူကတော့ ဒေါက်တာသဇင်ဦးဆိုပြီး
မြို့နယ်ဆေူရုံတွင် တာဝန်ထမ်းဆောင်နေကာ
သမီးငယ်လေးကတော့ ဆယ်တန်းဖြေထားသူ အသက်အရွှယ်အားဖြင့်
ငယ်ရွှယ်လွန်းနေပေမယ့်လည်း စစ်တပ်မှအရာရှိတစ်ဦးရဲ့သားဖြစ်သည့်အပြင်
မိခင်မှာလည်း မျိုးရိုးစဉ်ဆက်ချမ်းသာသူမို့
သူတို့ကို ကမ်းလှမ်းလာခဲ့တော့ ငြင်းမိရင် မိုက်မဲရာကျမည်ပေါ့
သမီးကြီးလက်ထက်မှာ မကျင်းပခဲ့ရတဲ့ မင်္ဂလာပွဲကို သမီးငယ်လက်ထက်ကျမှ
ကြီးကြီးကျယ်ကျယ်နဲ့ ကျင်းပကြမည်ဟု ကြုံးဝါးနေသူ"ဖေဖေရာ မိဘကသဘောမတူတဲ့လူနဲ့ သားသမီးကိုအိမ်ထောင်ချပေးတာ
မြန်မာပေါကားတွေထဲ ရောက်သွားသလိုပဲ........"
"ထက်သာ...မင်းသိထားရမှာတစ်ခုကလည်း
ငါအခု လုပ်နေတဲ့ကိစ္စတွေက မင်းအတွက်ချည်းပဲဆိုတာ မင်းတစ်ချိန်ကျသိမှာပါ
ငါ့သားက လိမ္မာပါတယ်ကွာ မင်းအဲ့ဆရာကိုမေ့နိုင်မှာပါကွာ"
"ဖေဖေ မှားသွားပြီ
သားလည်း အစကတော့အဲ့လိုထင်ခဲ့တာပဲ ဖေဖေရ
ကျနော်လေ လွန်းထက်သာတဲ့ ကောင်မလေးတွေနဲ့မြင်ဖူးတယ် လှတယ်ဖေဖေရာ
ယောကျာ်းဆန်ဆန်ပြောရရင် စွဲမက်စရာကောင်းတယ်ထင်းတုန်းပဲ
ဒါပေမဲ့လေ အဲ့တာတွေက လွန်းကိုတွေ့ရင်
စောစောက စွဲမက်စရာကောင်းတာတွေကလေ ကြက်ပျောက်ငှက်ပျောက်ပဲ"
"မင်းရူးသွားပြီလား အဲ့ဒါယောက်ျားကွ မင်းတို့ယောကျာ်ချင်းဘယ်လိုတွေ
ဟာ....ကွာ....ငါပြောရမှာတောက်ရွံတယ်"
"ဖေဖေ ကျနော်ကလေ လွန်းနဲ့ အဲ့ကိစ္စလောက်ကို မျှော်မှန်းပြီးချစ်ခဲ့တယ်ထင်နေတာလား
ဖေဖေ မေမေ့ကိုချစ်ခဲ့သလိုမျိုးဘဲ
ကျနော့်ရဲ့ အဆိုးတွေကိုသူကလက်ခံပြီး သူ့ရဲ့အကောင်းတွေနဲ့
မျှဝေပေးမယ် သူ့ရဲ့အဆိုးတွေကိုလည်း ကျနော်ကပြန်မျှယူမယ် အဲ့လိုစိတ်တွေပဲ
ပိုသာနေတာဗျ ဖေဖေရ အိပ်ရာပေါ်ကခဏတာကို
ကျနော် ဘယ်လိုဖြေရှင်းဖြေရှင်းအကြောင်းမရှိပါဘူး"
YOU ARE READING
အတ္တမကိုဋ်
عاطفيةဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်