အတ္တမကိုဋ် အပိုင်း ၂၈

111 13 0
                                    

Game ကစားခြင်းရပ်တော့ ညနေ ၄ကျော်၅နာရီနားကပ်နေလေပြီ
အကုန်လုံး ထမင်းမေ့ ဟင်းမေ့ပျောာ်မြူးနေကြလေသည်
ဒီညနေတော့ ဆရာမတွေဆရာတွေပေါင်းကာ ထမင်းကျွေးလေသည်
ကျောင်းအနားတွင် ဘုန်းတော်ကြီးကျောင်းရှိတာကြောင့်
ဘုန်ကြီးကျောင်းကလည်း ထမင်းကျွေးသေးသည့်အတွက်
ပဲဟင်းသက်သက်လွတ်နှင့် ဆီမပါသော ငရုတ်သီးဆာတောင်းသည်
ချက်မလောက် ထောင်းမလောက်
ကျောင်းသားတွေကလည်း တစ်ယောက်တစ်လက်စားရင်း သောက်ရင်း
ဝိုင်းဝန်လုပ်ဆေညင်ပေးနေကြသည်မို့ အလုပ်ကလည်းမပြတ်သလို
အစားကလည်းမရပ်ပေါ့
မိုးထက်တစ်ယောက်တော့ game ကစားပြီးကတည်းကငြိမ်ကျသွားသည်
ဆရာကတော့ သူကgameဆော့ကာ ပြောနေသည်ထင်နိုင်သည်
သို့ပေမယ့်သူက အမှန်အတိုင်းပြောလိုက်တယ်ဆိုတာ
သူသာသိလိမ့်မည် ဆရာကတော့ ဟန်ဆောင်ပြောတုန်းကတောင်သူ့အားငြင်းနေသည်
သူ့ဘာသာသူဘယ်သူ့ကြိုက်ကြိုက်ကွာ
ငါသူ့ကိုတော့ကြိုက်မှန်းသိအောင် ကြိုးစားရမှာပဲ
ဆရာ့ကို လိုက်လံရှာဖွေနေသည် ဆရာ့ကိုရှာရင်း ထက်သာကိုပါအော်တိုရှာမိနေသည်
နှစ်ယောက်စလုံးကို ထမင်းကျွေးသည့်နေရာရော ခန်းမထဲပါမတွေ့သောကြောင့်
ဘယ်နားမှာရှာရမလဲကို စဉ်းစားမရတော့
နောက်နားမှာကပ်ပါလာသော သူငယ်ချင်းက
"မင်းဘာရှာနေတာလဲ"
"ဆရာ့ကို"
"ဪ...ငါ့ကောင် မင်းလည်းဆေးမမှီတော့ဘူးနော်"
"မင်းတွေ့လိုက်သေးလား"
"မင်းဒီ ထမင်းစားခန်းထဲကို စဝင်လာထဲက နှစ်ယောက်လုံး ရှစ်တန်းဆောင်ဘက်
ထွက်သွားကြတယ်လေ....မင်းမမြင်လိုက်ဘူးလား"
"ငါ-ိုးမ စောစောကပြောပါလားဟ"

မိုးထက်အပြေးလေး လိုက်သွားသည်
ဆရာနဲ့ ထက်သာကြိုက်တာမကြိုက်တာသည် သူ့အလုပ်မဟုတ်ပါ
အရေးကြီးသည်ကတော့ သူဆရာ့ကိုကြိုက်မိသည့်အကြောင်းပြောပြနိုင်ရန်
နောက်ရက်တွေရှိသေးတယ်ဆိုပေမဲ့လည်း အခုသိစေချင်တာ
အေးတိအေးစက်လုပ်နေရင် မိုးထက်ဘယ်ပီသပါ့မလဲ

ရှစ်တန်းဆောင်ဘက်သည် အနည်းငယ်မှောင်သည်
သို့ပေမယ့် ကစားကွင်းသေးသေးလေးရှိသည် ကျောင်းကလွတ်နေသောနေရာအား
ကလေးငယ်များအတွက်နေရာဖန်တီးပေးထားခြင်း
ဒီနေရာလေးက ညနေဖက်ဆိုရင်တောင် လူအလာနည်းသည်
အတွင်းကျကျဖြစ်နေ့သည့်အတွက် အသွားအလာနဲနဲခက်သည်
ကျောင်းဝန်းကျယ်ကျယ်ထဲက မှောင်ရိပ်ကျသော နေရာက ဒါန်းလေးများကို
လူတွေကလျှောက်တွေးကာကြောက်တတ်သောကြောင့် ဒီနေရာကိုမလာကြ
လွန်းကတော့ ထက်သာအားကိုးနှင့်လာခဲ့သည်
လူတွေများသောနေရာတွင် ကြာကြာနေခြင်းက သူ့အားခေါင်းကိုက်ရောဂါရအောင်လုပ်ပေး
နေသလိုဖြစ်နေသောကြောင့် ထွက်လာခဲ့သည်
"လွန်းနော် game ဆော့နေတုန်းက ပြုံးနေတာပဲ
ဟိုကောင်ကလည်းဆိုတာ ဘယ်ထဲကပြောချင်နေတာလဲမသိဘူး ကျနော်
သဝန်တွေတိုပြီး လွန်းကိုဆွဲထုပ်သွားဖို့တောင်လုပ်နေတာ
လွန်းသာ ပိုရှင်ရှိတယ်မပြောရင် ကျနော်ကတော့ ဘာတွေလုပ်မိမလဲမသိဘူး"
"သိပါတယ်ဗျ အဲ့ဒါကြောင့်လည်း ခင်ဗျားလေးသဘောကျ အရှက်မရှိဖြေနေရတာလေ"
"အဲ့နှင်းဆီပန်းတွေက ဘာလုပ်ဖို့ယူလာတာလဲ"
"ဪ..သူလည်းပြန်မတောင်းချင်ဘူးနဲ့တူတယ် မွှေးလည်းမွှေးတယ်လေ
ပစ်ရမှာအလန်းကြီရှိနေသေးတော့ နှမြောနေတာ"
"လွန်းက ပန်းတွေကိုသဘောကျလို့လား"
"ပန်းတွေကိုတော့မကြိုက်ပါဘူး သူတို့ကိုမွှေးနေရတာကိုတော့သဘောကျတယ်"
"လွန်းအတွက် ပန်းရနံ့ပါတဲ့ရေမွှေးတွေ ဝယ်ပေးရမှာပေါ့"
"ရေမွှေး ဆွတ်တာမကြိုက်ဘူး မင်းလည်းမဆွတ်နဲ့"
"လွန်း ကျနော့်ကို နမ်းပါလား"
လူတွေကို ဘယ်ညာရှာကြည့်လိုက်ရင်း
ထက်သာ၏ နှုတ်ခမ်းကို လွန်းမက်မောစွာရှိုက်နမ်းလိုက်သည်

အတ္တမကိုဋ် Where stories live. Discover now