ခင်းထားသော အကောင်းစားကောဇောကြီးတစ်ချပ်ပေါ်တွင်
လှပတင့်တယ်နေသော ရွှေကလပ်နှင့် ငွေဖလားကတင့်တယ်နေသည်
ထိုအရာ၏ ဘေးနှစ်ဖက်တွင် မျက်နှာချင်းဆိုင်ကာ လူနှစ်ယောက်နေရာယူထားကြသည်
ထိုသူတွေကတော့ လွန်းတော်ဝင်နဲ့ သူ့ထက်သာပင်ဖြစ်သည်
သူတို့ဘေးတွင်ချထားသော ဖက်စိမ်းကွမ်းတောင်လှလှလေးဖြင့်အုပ်ထားသော
လက်ဖက်အစ် ကွမ်းအစ် အပြင် ပန်းလှလှလေးတွေ
ပတ္တမြားကျောက်ကလေးတွေငုံထားသော ရွှေလက်စွပ်ကလေးကနှစ်ကွင်း
ထိုသူနှစ်ဦ၏ ဘေးတစ်ဖက်တစ်ချပ်စီတွင်လည်း
သက်ဆိုင်ရာမိသားစုဝင်များက နေရာယူထားကြလေသည်သိပ်မကြသော အချိန်အတွင်မှာဘဲ
ဦးတော်မျိုးဆက်က "အောင်ဇယျတု သဗ္ဗမင်္ဂလံ"အစရှိသော လောကီဆိုင်ရာ
အစီအမံဂါထာတော်များကို ဠာန် ကရိုဏ်းကျကျရွှတ်ဖတ်ပေးလေသည်
ထိုသို့ရွှတ်ဖတ်နေချိန်တွင် ထက်သာရဲ့ဖခင် ဦးနေနိုင်နဲ့မိခင်ဒေါ်နီလာလွင်တို့သည်
လွန်းနဲ့ထက်သာတို့ရဲ့ ညာလက်နှစ်ဖက်အား
စုလျားသပတ်ဖြင့်ရစ်ပတ်ချည်နှောင်ပေးလေသည်
စံပယ်ပန်းတွေဖြင့် သီကုံးထားသော ပန်းကုံးလေးကိုလည်းစုလျားတဘတ်ကဲ့သို့ တူညီစွာ
ထိုနောက်တော့ လကိယာရစ် ခရုသင်း ပရိတ်ရေများအား
စုလျားသဘတ်ဖြင့်ချည်နှောင်ထားသော
လူနှစ်ယောက်ရဲ့ လက်တစ်စုံကိုသွန်းဖြန်းပေးစေသည်ပုဏ္ဏားတော်တွေမရှိသလို ဘိသိတ်ဆရာတွေလည်းမပါ
အခါတော်ပေး ဧရင့်ကျူးပေးမည့်သူလည်းမရှိသော်ငြားလည်း
မြန်မာအဆန်ဆုံးနဲ့ အမြဲဆုံးသော ချည်နှောင်တဲ့နည်းလေးနဲ့ဘဲ့သူတို့နှစ်ဦးသားကို
ချည်နှောင်ပေးနေကြလေသည်...................."ကဲသစ္စာပြုကြမယ်နော် မဘုရားတို့ရဲ့အစဉ်အလာအရဆိုရင်တော့
သစ္စာပြုရမယ့်အစဉ်အလာတွေကိုတော့လုပ်ကြတတ်တယ်..............
လုပ်ကိုလည်းလုပ်ရတယ်................""တစ်ဦးနဲ့တစ်ဦး ရာသက်ပန်ဘဝဆုံးသည်အထိ ကြင်နာမပျက်
မေတ္တာမဖျက်ဘဲနဲ့ ရှစ်ကမ္ဘာတိုင်အောင် လက်တွဲဖော်အဖြစ် ပေါင်းစည်းနိုင်ပါရစေ"ထို့နောက်တော့ ကွမ်းခွံ့ကြ လက်ဖက်ခွံ့ကြနဲ့
ပျော်ရွှင်စရာအစပျိုးခြင်းလေးကိုဖန်တီးကြလေသည်
YOU ARE READING
အတ္တမကိုဋ်
Romanceဒီဝတ္ထုဟာ စိတ်ကူးယဉ် သက်သက်ပါနော် ကိုယ်ဖန်တီးချင်တဲ့ဇာတ်ကောင်တွေက အပြင်မှာတကယ်မရှိပေမဲ့ ဘဝတွေကတော့ အမှန်တကယ်ရှိတဲ့ ဘဝတွေပါ အမှားပါရင်ပြင်ဖတ်ပေးပါနော်