[Unicode]
စားသောက်ပြီးတော့ စီနီယာတွေနဲ့ကျောင်းဝမ်းထဲလျှောက်သွားကြတယ် တကယ်ပင်ခင်ဖို့ကောင်းပါသည်။
“ကဲ ကျဲတို့လဲ အတန်းတက်တော့မယ် ရှောင်ကျန့်တို့လဲ သွားတော့မယ်မလား”
“ဟုတ်ကဲ့ ကျဲ ဒါဆိုသွားပြီနော်”
ဝိမ်းချင်တို့ကိုနူတ်ဆက်ပြီးတော့ သူတို့တက်ရမည့်အတန်းသို့ဝင်ခဲ့ကြသည်။လူတောင်တော်တော်စုံနေပြီဖြစ်သည်။ရှောင်ကျန့်နဲ့ကျန်းချန်က ဘေးချင်းကပ်ခုံနှစ်ခုတွင် နေရာယူလိုက်ကြတယ်။
တဖြည်းဖြည်း ကျောင်းခန်းလေးထဲလူပြည့်လာသလို စကားသံတွေလဲ ဆူဆူညံညံဖြစ်လာတယ်။မိန်းခလေးတွေလဲ ရှောင်ကျန့်ကိုကွက်ကြည့်ကွက်ကြည့်နဲ့..“ဟဲ့ ကောင်မ အဲ့ကောင်လေးကအချောနော် ငါတော့ကြွေပြီ”
“အေးဟ ငါကျောင်းထဲဝင်လာကတည်းက ခုထိ သူ့လောက်ချောတာမတွေ့သေးဘူး”
“ဟုတ်တယ် ငါတို့တော့ကံကောင်းတာပဲ တစ်ခန်းထဲကျတယ်”
ကောင်မလေးတွေရဲ့ တီးတိုးစကားကြောင့် ကျန်းချန်လှည့်ကြည့်လာတယ်။
“ဟွန်း ရုပ်တွေကိုက ခွေးပေးလို့ဝက်မစား ကြောင်၃ရက်ဖျားမယ့်ရုပ်တွေနဲများ ငါ့သူငယ်ချင်းကို လာ OCချင်နေသေးတယ်”
“အမလေးလေး ဘာလားဟသူက ”
“အေးလေ စွာလိုက်တာ ဂယ်ပဲ သူ့သူငယ်ချင်းကိုသိတက်နေလိုက်တာ သူ့ကိုပါ OC ပလိုက်ရ ဟွန်း”
ထိုအချိန်အတန်းထဲသို့ ဆရာမဝင်လာသည်။
“ကဲ အားလုံးပဲ မဂ်လာပါ ဆရာမနာမည်ကတော့ လန်ရိပါ ကျောင်းစဖွင့်တဲ့နေ့မို့ အားလုံးပဲ ကိုယ့်ကိုကိုယ် တစ်ယောက်ချင်းမိတ်ဆက်ပေးပါ”
“ကျွန်တော့ နာမည်က....
“ကျွန်မနာမည်က...
တစ်ယောက်ချင်းမိတ်ဆက်ရင်း ရှောင်ကျန့်အလှည့်ရောက်လာတော့ မိန်းခလေးများအားလုံး စိတ်ဝင်စားနေကြသည်။
“ကျွန်တော့ နာမည်ကတော့ ရှောင်ကျန့်ပါဗျ”
“wow ..”
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...