💘part-59💖

2.9K 242 45
                                    

[Unicode]

ရိပေါ်လေးလဲ ကျလာတဲ့မျက်ရည်တွေကိုသုတ်ပြီး ...။

“ဟို...မမ ရိပေါ် တကယ်တောင်းပန်ပါတယ် ...ရိပေါ်က...”

“အဟက် ...ဘာလဲ ဘယ်လိုဇာတ်လမ်းတွေထွင်မလို့လဲ....ယောကျာ်လေးဖြစ်ပြီး အဲ့လောက်နွဲ့ပြမနေနဲ့..”

ထိုမိန်းခလေးက သိပ်ကိုမောက်မာစွာနဲ့ ရိပေါ်လေးကို လက်ပိုက်ပြီး ကြည့်နေသေးသည်။

“ဟာ ..မမလေး ဘယ်လိုဖြစ်တာလဲ”

သူမနောက်ကို အပြေးရောက်လာတဲ့လူကြီးက ရိပေါ်လေးကိုတစ်လှည့် ထိုမိန်းခလေးကိုတစ်လှည့်ကြည့်ကာ မျက်စိမျက်နှာပျက်နေလေသည်။

“ဘာလဲ ..နင်ကတစ်မျိုး ဘယ်လိုဖြစ်ပြီးနောက်ကျနေတာလဲ မြန်မြန်လာလို့ပြောရဲ့သားနဲ့”

“ဟုတ် ကျွန်တော် ကြာသွားလို့တောင်းပန်ပါတယ် ”

“ဒီစာရွက်စာတမ်းလေးယူတာကို နိုင်ငံခြားခရီးစဉ်လွတ်လိုက်သလိုပဲ ”

ထိုမိန်းမက ပါစပ်က ပွစိပွစိပြောရင်း ရိပေါ်ကိုလဲ မျက်စောင်းထိုးကာ...။

“နင် ဒီတစ်သက်ထအုန်းမှာလား အပိုတွေလုပ်မနေနဲ့ ငါက အားနွဲ့တဲ့ယောကျာ်းတွေကိုမကြိုက်ဘူး ”

သူ့ကိုချည်းကပ်တယ်အထင်နဲ့ ရိပေါ်လေးကိုအထင်သေးစွာပြောဆိုနေသေးသည်။

“ဟိုလေ..မမလေး”

“ဘာလဲ”

သူမရဲ့ နောက်လိုက်က အနားကပ်ကာ တိုးတိုးလေးပြောလိုက်တယ်။

“အဲ့ဒါ ဒီCompaneyပိုင်ရှင်ရဲ့သားလေ မမလေး ဘာလုပ်လိုက်သေးလဲ”

~ကြည့်ရတာ မမလေးနဲ့ ဒီကောင်လေးကြားပြသာနာတစ်ခုခုရှိမယ်~

ရိပေါ်လေးရဲ့ ပါးပြင်နုနုမှာ ထိုမိန်းခလေးရဲ့လက်ဝါးရာကြီးက ထင်းနေလေသည်။

❤️❤️💚💚

ရှောင်ကျန့် ရေခဲမုန့်ဝယ်ပြီး companeyထဲဝင်ခဲ့တော့ ဝန်ထမ်းတစ်ချို့ကို စီစဉ်ညွှန်ကြားစရာလေးပေါ်လာတာနဲ့ စကားခဏပြောလိုက်တာ နည်းနည်းနောက်ကျသွားတာမို့ ရိပေါ်လေးစိတ်ဆိုးပြီး ဖြစ်နေမယ့် မျက်နှာလေးကိုမြင်ယောင်ကာ ပြုံးလိုက်မိတယ်။

💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)Where stories live. Discover now