[Unicode]
ဒီနေ့ Sunday ဆိုတာကိုအကြောင်းပြပြီး ရိပေါ်လေးအိပ်ယာမထသေးပဲ ရှောင်ကျန့်ရင်ခွင်ထဲ မှေးစက်နေသေးသည်။
နိုးနေပြီဖြစ်တဲ့ရှောင်ကျန့်ကတော့ ရိပေါ်လေးရဲ့မျက်နှာကို တစ်စိမ့်စိမ့်ကြည့်ရင်း အချစ်တွေပိုနေမိတယ်။
~မကြာခင် မိဘနေရာရောက်တော့မယ်တဲ့လား အပြစ်ကင်းပြီး ကလေးဆန်တဲ့ ဒီကောင်လေးကလေ~
အနာဂတ်ကိုကြိုတွေးရင်း ပြုံးလိုက်မိတယ်။
ခါးလေးေထာက်ပြီးနူတ်ခမ်းလေးစူကာ ကလေးနဲ့အပြိုင်စိတ်ကောက်နေမယ့် အမှုအယာလေးက မျက်လုံးထဲကွက်ကွက်ကွင်းကွင်းပေါ်လာတာမို့ အသံမထွက်အောင် ကြိတ်ရယ်လိုက်သည်။
ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်မလဲ....
အတွေးတွေနဲ့ကြည်နူးနေတုန်း ..မျက်ခုံးနှစ်ဖက်တွန့်ကာ လူပ်လူပ်ရွရွဖြစ်လာတဲ့ ရင်ခွင်ထဲကကောင်လေးကြောင့် ရှောင်ကျန့်လဲ အလိုက်သင့်လေးပြန်ဖက်ထားပြီး ကျောလေးပုတ်ပေးနေလိုက်တယ်။“ကိုကို”
မျက်လုံးမဖွင့်သေးပဲ ကိုကိုဆိုပြီးခေါ်လာတဲ့အသံချိုချိုလေးကြောင့် နံနက်ခင်းက ပိုပြီးလှပသွားရတယ်။
ဘယ်အချိန်ပဲကြားကြား နားဝင်ချိုနေတဲ့ခေါ်သံလေး...
“ဗျာ”
“ကိုကိုနိုးနေတာ ကြာပြီလား”
“မကြာသေးပါဘူး ကလေးရဲ့ ”
“ကိုကို..ညကလေ ကလေး အိမ်မက်မက်တယ်သိလား”
မျက်နှာလေးမော့လာပြီး ခပ်ချွဲချွဲအသံလေးကြောင့် အသည်းယားစွာနဲ့ ရိပေါ်ရဲ့နှာခေါင်းလေးကို ခပ်ဖွဖွညစ်လိုက်ရင်း..
“ဘာတွေများမက်ပါလိမ့် ကိုကို့ရဲ့ ကလေးလေးက ”
“ကိုကိုကလေ ..ကလေးကိုမချစ်ဘူးလို့ပြောတယ် ပြီးတော့ ကိုကိုက တစ်ခြားကောင်မလေးရဲ့လက်ကိုကိုင်ပြီးထွက်သွားတယ်”
အသံလေးတိမ်ဝင်သွားတာမို့ ကလေးလေး ဘယ်လောက်တောင်ခံစားနေရမလဲဆိုတာသိနိင်သည်။
“ကလေးရယ် ”
ရှောင်ကျန့်လဲ ရိပေါ်ရဲ့နှဖူးလေးကိုငုံ့နမ်းလိုက်ပြီး...။
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fiksi Penggemar[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...