[Unicode]
သောင်ပြင်ပေါ်တွင် ပြေးလွှားဆော့ကစားနေတဲ့ ကောင်လေးနှစ်ယောက်ကြောင့် ပင်လယ်လှိုင်းတွေ ပိုပြီး လူပ်ခက်သွားတယ်။
“ကလေး မပြေးနဲ့တော့ မောနေမယ်”
“ဟိဟိ ကိုကိုမလိုက်နိင်တော့လို့မလား ”
“အမယ် ကိုကိုကမမောပါဘူးနော် ကလေးလေးမောနေမှာစိုးလို့ပါ”
“ဟုတ် အာ့ဆို ခဏနားမယ်လေ ပြီးရင် ပုံရိုက်မှာနော် ”
“မှန်လှပါ ဝမ်သခင်လေး ဘုရား”
ကောင်လေးနှစ်ယောက်ရဲ့ရယ်သံတွေပျံ့လွင့်သွားတော့တယ်။ဖေဖေနှစ်ယောက်နဲ့မေမေနှစ်ယောက်ကတော့ သောင်ပြင်က ထီးမိုးထိုင်ခုံများပေါ်တွင် နေကာမျက်မှန်တွေတပ်ပြီး လှဲလျောင်းကာ ပင်လယ်ရဲ့အလှအပကို ခံစားနေကြသည်။
Xing liနဲ့ ဝိမ့်ချင်ကတော့ တစ်ယောက်တစ်လှည့်စီ နေလောင်ဒဏ်ခံနိင်အောင် lotionလူးပေးနေကြတယ်။ကျန်းချန်နဲ့ ဝိမ့်နင်ကတော့ ကမ်းစပ်မှာ ဘောကွင်းစီးနေကြလေရဲ့။
“ကလေး ဒီမှာခဏစောင့် ကိုကို မေမေတို့စီခဏသွားလိုက်အုန်းမယ် ကင်မရာသွားယူမလို့ ”
“ဟုတ်ကဲ့ကိုကို မြန်မြန်လာနော် ”
“အင်း ကလေးသာဘယ်မှမသွားနဲ့ ”
ရှောင်ကျန့်က ရိပေါ်ကို ကျောက်ဆောင်တစ်နေရာမှာထိုင်ခိုင်းထားခဲ့ပြီး သူက လူကြီးတွေနားနေတဲ့ဘက်ကိုပြေးလာတယ်။
ကမ်းစပ်နဲ့သောင်ပြင်က တော်တော်ကျယ်သည်မို့ ရိပေါ်လေးမောမည်စိုး၍ ထားခဲ့ခြင်းဖြစ်သည်။
___
“Yang ရယ် နင်ရှောင်ကျန့်ကိုတကယ်ကြိုက်တာသေချာရဲ့လားဟာ”
“သေချာတယ်ဆိုတာကို ငါက ဘယ်လိုမှတ်ပုံတင်ပြီးပြရမှာလဲ နင်ကလေ တော်တော်လျှာရှည် ငါ့ကိုသာကူစမ်းပါ”
~Yang ရယ် ငါ့လောက်နင့်အပေါ်ကောင်းတဲ့သူများ နင်တွေ့ဖူးလို့လား ဘေးနားမှာရှိနေတဲ့ငါ့ကိုတောင်မမြင်နိင်တော့ဘူးလားဟာ~
ကျင်းဝူ ဆိုတာ Yang Yang နဲ့ကျောင်းနေဖက်သူငယ်ချင်းဖြစ်သည်။Yang Yang အပေါ်အနစ်နာခံပေးသလို သူမဘာခိုင်းခိုင်းမငြီးမငြူလုပ်ပေးတက်စမြဲ။ဒါဟာလဲ သူမအပေါ်ချစ်လို့ဆိုတာကိုတော့ Yang Yang တစ်ယောက် နားမလည်တာလား မသိချင်ယောင်ဆောင်နေတာလားဆိုတာ ကျင်းဝူမဝေခွဲတက်။
ခုလဲ ရှောင်ကျန့်နဲ့နီးစပ်ဖို့အတွက် သူ့ကိုအကူအညီတောင်းတယ် ဆိုတာထက် ခိုင်းတယ်ဆိုပိုမှန်ပါလိမ့်မယ်။သူမကငယ်နိင်ပဲမဟုတ်လား။
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfic[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...