[Unicode]
နံနက်ခင်းရဲ့နွေးေထွးတဲ့နေရောင်ကြောင့် ရှောင်ကျန့်မျက်လုံးတွေပွင့်လာခဲ့တယ်။
လိုက်ကာမှတစ်ဆင့် ဖြာကျနေတဲ့နေရောင်ခြည်က ကျွန်တော့ရင်ခွင်ထဲကကောင်လေးကို လူပ်လူပ်ရှားရှားဖြစ်လာစေတယ်။ကျွန်တော့လက်တစ်ဖက်နဲ့ ကလေးရဲ့မျက်နှာကိုနေကာပေးထားလိုက်တယ်။
ကလေးက အိပ်နေရင်သိပ်ချစ်ဖို့ကောင်းတာပဲ ပါးလေးကဖောင်းပြီး နူတ်ခမ်းလေးက ရဲရဲလေး အပြစ်ပြောစရာတစ်ကွက်မှမရှိတဲ့ ကျွန်တော့ရဲ့ ကလေးလေးပါ။နှဖူးပေါ်ကျနေတဲ့ဆံပင်လေးတွေကိုပင့်သပ်ပေးလိုက်ရင်း အနမ်းတစ်ပွင့်ပေးလိုက်တော့..
“ကိုကို ”
“အမလေးဗျ..”
ရှောင်ကျန့်တစ်ယောက် သူခိုးလူမိဖြစ်သွားသလို လန့်သွားလို့ထင်ရဲ့ ရင်ဘက်လေးကိုလက်နဲ့ဖိထားလိုက်တယ်။
“ဟဲဟဲ ကလေးနိုးပြီလား”
“ဟုတ် ကိုကို ”
“ကဲ ဒါဆိုထ မျက်နှာသစ်ရအောင် ပြီးရင်မနက်စာစားကြမယ်”
“ယေးး ကိုကို ရိပေါ် ပင်လယ်စာစားမယ်နော် ပြီးရင် ကမ်းခြေမှာသွားဆော့ကြမယ် အုန်းရေလဲသောက်မယ် ဘောကွင်းလဲစီးမယ်”
“ဟားး ဟုတ်ပါပြီကလေးရယ် ကိုကို့ ကလေးလေးစိတ်တိုင်းကျဖြစ်ရစေမယ်”
“ဟီး”
ရှောင်ကျန့်နဲ့ ရိပေါ်လဲ အတူတူမျက်နှာသစ် သွားတိုက်ပြီး အဝတ်အစားလဲကာ အခန်းပြင်ထွက်ခဲ့ကြတော့...
“ဟင် ကျန့်ကိုကိုလဲ ဒီHotel မှာပဲတည်းတာလား တိုက်ဆိုင်ပြန်ပြီနော် Yang နဲ့အခန်းနီးသားပဲ”
အခန်းထောင့်မှာ Yang Yangနဲ့ ကျင်းဝူကိုတွေ့လိုက်ရတယ်။
“ဪ အန်တီကလဲ တိုက်ဆိုင်တာမဟုတ်ပါဘူး ပင်လယ်နဲ့နီးတာ ဒီHotelပဲရှိတဲ့ဟာကို”
ရှောင်ကျန့်တောင်ဘာမှမပြောရသေးဘူး ရိပေါ်က ဝင်ပြောလိုက်သည်မို့
~ကိုကို့ကလေး ခုတစ်လောသိပ်စွာနေသလိုပဲ~ဟု ရှောင်ကျန့်တွေးကာ~ဒီသောက်ကလေး လျှာရှည်ပြန်ပြီ ~ဟု Yang Yang ကစိတ်ထဲ ရန်တွေ့လိုက်တယ်။
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...