[Unicode]
ကျန်းချန်နဲ့xing li ကမပြောမဆိုရောက်ချလာတာကြောင့် ရှောင်ကျန့်စာလုပ်မယ့်အစီအစဉ်လေးပျက်သွားရသည်။
သူတို့နှစ်ယောက်က ရိပေါ်ကိုသာမျက်တောင်မခက် စိုက်ကြည့်နေကြသေးသည်။
ရိပေါ်ကတော့မသိချေ။ ရှောင်ကျန့်က ဂိမ်းဆော့နည်းသင်ပေးထားတာမို့ မတက်တတက်နဲ့ဆော့နေလေရဲ့။ ရန်သူသတ်လို့သေတာလဲခဏခဏပဲ ပြီးရင် ထထအော်တက်သေး။
“အားး ကိုကိုရေ ကယ်ပါအုန်း ”
“ဟင် ဘာဖြစ်လို့လဲ ညီလေး”
မီးဖို့ဆောင်ထဲမှပြေးထွက်လာတဲ့ရှောင်ကျန့်ပုံက အိမ်ရှင်မလိုဖြစ်နေတာမို့ ကျန်းချန်နဲ့ xing li က ပြိုင်တူရယ်မိကြသည်။
~ဒင်းတို့က ငါ့အိမ်လာပြီး ငတ်ပြနေလို့လဲ ချက်ကျွေးရသေးတယ် ငါ့ကိုရယ်သေးတယ် တွေ့မယ် ခုတော့ ငါ့ကလေးကအရေးကြီးနေလို့ အကြွေးမှတ်ထားလိုက်မယ်~
ရှောင်ကျန့်ကစိုးရိမ်တကြီးလာမေးတယ်
“ညီလေး ဘာဖြစ်တာလဲ ”
“အဟင့် အဟင့် ကိုကို သူတို့သားကိုအနိင်ကျင့်တယ်”
~ငင့် ငါတို့က ထိုင်ကြည့်နေရုံလေးပဲလေဟာ~လို့တွေးသူက xing li
~ဟ ဘာလဲဟ ငါလဲဘာမှမလုပ်မိပါလား မှန်းစမ်း ငါဟင်းများခိုးစားလာမိသလား ~ဟုတွေးသူက ကျန်းချန်
ရိပေါ် မေးငေါ့ပြရာကိုကြည့်လိုက်တော့ ကျန်းချန်နဲ့xing liက မျက်နှာငယ်လေးတွေနဲ့ခေါင်းခါပြလာတယ် ။
“ရိပေါ် ညီလေး သူတို့က ဘာလုပ်လို့လဲ ”
ရှောင်ကျန့်က ရိပေါ်ဘေးဝင်ထိုင်ပြီး မေးလိုက်တယ်။
“ကိုကိုသိလား သူတို့ကအကျင့်မကောင်းဘူး သားကိုသတ်ချင်နေကြတာ”
~သားတဲ့လား ကလေးရယ် ဘယ်လိုတွေချစ်စရာကောင်းအောင်သုံးနူန်းနေရတာလဲ~ရှောင်ကျန့်အသည်းတွေယားနေတော့တယ်။
~အမလေး ဘုရားရေ ~xing li ကတော့ ဘုရားကယ်ပါလို့သာဆုတောင်းနေလိုက်တယ်။
ကျန်းချန်ကတော့ မျက်နှာဇီးရွက်လောက်နှင့်~မဖြစ်ဘူး ငါဘုရားတရားလေးလုပ်အုန်းမှ ကံနိမ့်နေပြီ~
YOU ARE READING
💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)
Fanfiction[Unicode] ရှောင်ကျန့်က အက်စီဒင့်တစ်ခုကြောင့် သူ့ကိုမွေးစားခဲ့ကြတဲ့ရိပေါ်ရဲ့မိဘတွေကိုမေ့သွားပြီး မထင်မှတ်ပဲ မိဘအရင်းတွေရဲ့မွေးစားခြင်းကိုခံခဲ့ရပြန်တယ်။ရိပေါ်တို့မိသားစုလေးဟာကံကြမ္မာရဲ့လှည့်ကွက်နဲ့ ပျောက်ကွယ်ခဲ့ရတဲ့အခါ ရှောင်ကျန်ကအတိတ်ကိုဘယ်လိုပြန်ရှာ...