💘💘part_19💖💖

5.2K 363 6
                                    

[Unicode]

ယခုတွင် မိသားစုလေး ပြန်လည်စုံစည်းကြပြီး ပျော်ရွှင်စွာစကားပြော၍ ရယ်မောနေကြသည်။

“ဪ ဒါနဲ့ သား ဝမ်ရှောင် ခုဘယ်မှာနေပြီးဘာတွေလုပ်နေလဲ  ငါ့သားလေး အဆင်မှပြေခဲ့ရဲ့လား”

yi yi ကစိတ်ပူကာမေးလိုက်တယ်။
Wang hai သိချင်လွန်း၍

“သား ခု ဘယ်သူတွေနဲ့နေလဲ သားဦးလေးရော ”

ရှောင်ကျန့် ခေါင်းငုံ့သွားတယ် ပြီးတော့ သူ့ရဲ့ဖေဖေနဲ့မေမေသိချင်နေတဲ့ သူ့အကြောင်းတွေကိုပြောပြလိုက်တယ်။

မိဘနှစ်ပါးလုံးက အံ့ဩပြီး သူ့ရဲ့သားက လူကောင်းသူကောင်းတွေလက်ထဲကြီးပြင်းလာတာမို့ သက်ပြင်းချလိုက်မိသည်။

“ဒါဆို သားရဲ့ ပါးနဲ့မား နာမည်တွေကရော....

“တီ ..တီ..ပွမ်..ပွမ်...”

yi yi ရဲ့စကားမဆုံးခင် ခြံဝင်းထဲသို့ကားတစ်စီးဝင်လာခဲ့လို့ စကားစရပ်သွားတယ်။

“သား သွားကြည့်လိုက်မယ် မေမေ”

ရှောင်ကျန့်က အရှေ့ထွက်ကြည့်ရန်ထသွားလေသည်။~ဒီအိမ်က ဧည့်သည်တွေလာတက်လို့လား ~ဟူ၍တွေးရင်း.....

___

“ဟင် ပါးနဲ့မားပါလား”

ကားပေါ်ကဆင်းလာသူတွေက သူရဲ့ပါးနဲ့မားဖြစ်နေလို့ ရှောင်ကျန့်တစ်ယောက် အံ့ဩမှုအပေါင်းခညောင်းသွားတော့တယ်။

“သား ကျန့်ကျန့် ‌ပါးနဲ့မားက သားကိုစိတ်ပူလို့ ဒီနေရာကို စုံစမ်းပြီးလိုက်လာတာ ”

“ဟုတ်တယ်သား မားလေ သားသွားပြီးကတည်းကစိတ်တွေပူနေတာ ဘယ်လိုမှနေမရဘူး ဒါကြောင့် သားရဲ့ပါးကိုပြောပြလိုက်တာ သူကချက်ချင်းပဲ ဒီအိမ်အကြောင်းစုံစမ်းတော့တာ”

ပါးနဲ့မားက သူ့ကိုတွေ့တာနဲ့ တစ်ကိုယ်လုံးကိုလိုက်ကြည့်ပြီး စကားတွေတရဆက်ပြောနေတော့သည်။

“သားဘာမှမဖြစ်ဘူးမလား သားရဲ့ညီလေးဆိုတာရော ပြီးတော့....

“ဟူး...မားအစားမောလိုက်တာ ပါးရယ်  ကဲ ပါးနဲ့မား အိမ်ထဲဝင်ရအောင် ပါးနဲ့မားသိချင်နေတဲ့အဖြေက အိမ်ထဲမှာရှိတယ်”

💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)Where stories live. Discover now