💘💘part_8💖💖

5.8K 415 6
                                    

[Unicode]

ရှောင်ကျန့် မိမိရှေ့မှာမြင်နေရတဲ့**ဝမ်အိမ်‌ေတာ်**ဆိုတဲ့ အိမ်ကြီးကို အံ့ဩစွာ ငေးကြည့်နေမိတယ်။

~ဒါက အိမ်ကြီးလား နန်းတော်ကြီးလား~အိမ်ကြီးကကြီးမားထည်ဝါလွန်းလို့ မင်သက်နေမိတယ် ။

~ငါက ဘယ်လိုဖြစ်ပြီး ဒီအိမ်ရှေ့ရောက်လာရတာလဲ~ရှောင်ကျန့် အတွေးတွေဇဝေဇဝါနဲ့ ပဲ သူအိမ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်။

~ရောက်ခဲ့မှတော့ ဝင်ရတော့မှာပေါ့~ အထဲကအိမ်ရှင်တွေကို သူမြင်ချင်နေမိတယ် ဒီလောက် ကြီးတဲ့အိမ်ကြီးထဲမှာနေတဲ့သူတွေက ဘယ်လိုလူတွေများလဲ သူစိတ်ဝင်စားနေတယ်လေ။

"ဂျီ....."
တံခါးဖွင့်သံနဲ့အတူ ရှောင်ကျန့် ခြေလှမ်းတွေက အိမ်ထဲသို့....

~ဝိုး ... အိမ်ထဲမှာ ပိုပြီးခန်းနားတာပဲ အပြင်အဆင်တွေက ရှေးကျသလိုထင်ရပေမယ့် ဒီဘက်ခေတ်အမြင်နဲ့လဲ သင့်တယ်လှပနေရောပဲ~

အံဩမှုအပေါင်းနဲ့ လျှောက်ကြည့်နေလိုက်တာ သူများအိမ်ဆိုတာဝောာင် မေ့တော့မလို့။ထိုစဉ်..

"ကိုကို"

သူ့နောက်ကျောဘက်က ထွက်ပေါ်လာတဲ့ အသံကြောင့် ရှောင်ကျန့်နည်းနည်းလန့်သွားတယ် ။သူခိုးလူမိသလိုဖြစ်ကာ မျက်နှာတွေပူလာတယ်...

~အမ် ဒါနဲ့ ကိုကိုဆိုတာ ဘယ်သူ့ကိုခေါ်တာလဲ~သူလှည့်ကြည့်လိုက်တယ်

"ကိုကို ...တကယ်ပဲ ကိုကိုမို့လား"

~ဒီကောင်လေးက ဝမ်းသာနေတာလား ဘာလို့လဲ~

ရှောင်ကျန့်အတွေးတွေမဆုံးခင် သူ့ရဲ့ခါးပေါ်မှာထိုကောင်လေးရဲ့လက်တွေက သိုင်းဖက်ထားပြီးနေပြီ။

သူ့ရင်ခွင်ထဲရောက်နေတဲ့ ကောင်လေးကို သူကြည့်မိတော့ ~ဟင် ဒီ ဒီကောင်လေးကို ငါမြင်ဖူးနေသလိုပဲ ~

"ကိုကို..ကိုကို ပြန်လာတယ်နော် ရိပေါ် မျှော်နေတာ ပြီးတော့ ကိုကို့ကိုလွမ်းနေတာ"

~ဟင် ငါ့ကိုလွမ်းတယ်လို့ပြောနေတာလား သူက~
"ခဏ ခဏလေး "

ရှောင်ကျန့် ထိုကောင်လေးကို ရင်ခွင်ထဲကနေခွာလိုက်တယ်။

💕💕မမြင်နိင်သောချစ်ခြင်း💕💕(Love never sees)(Completed)Where stories live. Discover now